ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနရှိ ပုံစံ(၈)ဝင် ကျွန်းပရိဘောဂ (ဆက်တီ၊ ဘီဒို၊ တီဗွီစင်၊ ဘုရားစင်၊ ဘဲဥပုံစားပွဲ၊ ပွတ်လုံး၊ အစိတ်အပိုင်း)စုစုပေါင်း (၇၉၃၂)စုံ/လုံး (၇.၈၁၅၈)တန်များအား သစ်တောဦးစီးဌာနမှ တရားဝင် မှတ်ပုံတင်လိုင်စင်ရရှိထားသည့် သစ်အခြေခံ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်များ၊ သစ်စက်အသေး/အကြီး၊ အချောထည်စက်/ လျှာထိုးစက် လုပ်ငန်းရှင်များ၊ သစ်အရောင်းဆိုင်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာ နိုင်ငံပရိဘောဂလုပ်ငန်းရှင်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ပါသည်။
လျှောက်လွှင်တင်ရမည့်နောက်ဆုံးရက် - ၁၀-၆-၂၀၂၅ ရက်နေ့
လပ်ပုံများကြည့်ရှု့နိုင်မည့်ရက် - ၂၁-၅-၂၀၂၅ မှစ၍ လေလံပွဲမကျင်းပမီ(၂)ရက်အလို
လေလံတင်ရောင်းချမည့်ရက်/အချိန် - ၁၂-၆-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:ဝ၀) နာရီ
လေလံတင်ရောင်းချမည့်နေရာ - ဥဿာသစ်တောပျိုးဥယျာဉ်၊ ပဲခူးမြို့
အသေးစိတ်သိရှိလိုပါကဖုန်းနံပါတ်(၀၉-၄၅၁၄၀၀၉၇၁၊ ၀၉-၆၉၆၅၁၆၅၄၂)များသို့ဆက်သွယ်နိုင်ပါသည်။
လေလံတင်ရောင်းချရေးအဖွဲ့
သစ်တောဦးစီးဌာန