ပုံစံ(၈)ဝင် ပျဉ်းကတိုးကျည်းဘောင်၊ ရိုးရိုးကျွန်းဆက်တီ အချော/အကြမ်း၊ ကျွန်းဘီဒိုဘုရားစင် အကြီး/အသေး၊ ကျွန်းပုလ္လင်(ကျွန်းဒေါင်းကနုတ် အပါအဝင်)များအား လေလံတင်ရောင်းချမည့်ကြော်ငြာ

Publication Type
Deadline
Primary Document
Document
Mon 14-10-25.pdf (74.51 KB)
Summary

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သစ်တောဦးစီးဌာနရှိ ပုံစံ(၈)ဝင် ပျဉ်းကတိုးကျည်းဘောင် (၀.၁၇၇၆) တန်၊ ရိုးရိုးကျွန်းဆက်တီ အချော/အကြမ်း(၉)စုံ (၀.၈၆၂၂)တန်၊ ကျွန်းဘီဒိုဘုရားစင် အကြီး/အသေး၊ ကျွန်းပုလ္လင်(ကျွန်းဒေါင်းကနုတ် အပါအဝင်) (၀.၂၁၂၂)တန်၊ စုစုပေါင်း (၁.၂၅၂၀)တန်တို့အား သစ်တော ဦးစီးဌာနမှ တရားဝင်မှတ်ပုံတင်လိုင်စင်ရရှိထားသည့် သစ်အခြေခံ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင် များ၊ သစ်စက် အသေး/အကြီး၊ အချောထည်စက်/ လျှာထိုးစက်လုပ်ငန်းရှင်များ၊ သစ်အရောင်းဆိုင် လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံပရိဘောဂလုပ်ငန်းရှင်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည် ဖြစ်ပါသည်။
လျှောက်လွှင်တင်ရမည့်နောက်ဆုံးရက် - ၁၆-၁၀-၂၀၂၅ ရက်နေ့
လေလံတင်ရောင်းချမည့်ရက်/အချိန် - ၂၁-၁၀-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:ဝ၀)နာရီ၊ အင်္ဂါနေ့
လေလံတင်ရောင်းချမည့်နေရာ - ခရိုင်သစ်တောဦးစီးဌာနမှူးရုံး၊ သစ်တောဦးစီးဌာန၊ အစည်းအဝေးခန်းမ၊ မော်လမြိုင်မြို့
အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် (၀၉-၅၀၆၁၅၁၁၊ ၀၉-၄၅၂၆၉၈၃၃၅၊ ၀၉-၄၂၅၂၆၂၀၉၁၊ ၀၉-၂၅၄၇၃၀၂၈၈) များသို့ ဆက်သွယ်နိုင်ပါသည်။

လေလံတင်ရောင်းချရေးအဖွဲ့
သစ်တောဦးစီးဌာန