၁။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ မှော်ဘီမြို့နယ်၊ ရေတွင်းကုန်းကျေးရွာတွင်တည်ရှိသောအာရှဒေသအဆင့် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း(AFoCORETC)ဝင်းအတွင်းအောက်ပါဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်သွားရန်အတွက်စိတ်ဝင်စားသည့်ပြည်တွင်းလုပ်ငန်းရှင်များကိုအိတ်ဖွင့်တင်ဒါခေါ်ယူမည်ဖြစ်ရာအဆိုပြုလွှာတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်-
စဉ်
လုပ်ငန်း/ပစ္စည်းအမျိုးအမည်
အရေအတွက်
(က)
(၆)ခန်းတွဲ(၂)ထပ်ဝန်ထမ်းနေအိမ် (၁၇၀ပေ×၃၈ပေ×၂၃ပေ) RCC ဆောက်လုပ်ခြင်း
(၁)လုံး
၂။ အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံများကို၂၆-၁၁-၂၀၁၈ ရက်နေ့မှ ၇-၁၂-၂၀၁၈ရက်နေ့အထိ ရုံးချိန်အတွင်းရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ ကြို့ကုန်းသစ်တောဝင်းနှင့် မှော်ဘီမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိအာရှဒေသအဆင့်သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း(AFoCO RETC)တို့တွင် စတင်ရောင်းချသွားမည် ဖြစ်ပြီး၊ ၁၇-၁၂-၂၀၁၈ရက်နေ့ ညနေ(၄:၃၀)နာရီနောက်ဆုံးထား၍ လာရောက်ပေးသွင်းရမည် ဖြစ်ပါသည်။သတ်မှတ်ထားသည့်ရက်ထက်ကျော်လွန်သောအဆိုပြုလွှာများကိုထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
၃။ အိတ်ဖွင့်တင်ဒါနှင့်ပတ်သက်သည့်အချက်အလက်များကိုအသေးစိတ်သိရှိလိုပါကရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ဖုန်း၀၁-၃၆၈၁၉၁၆ သို့လည်းကောင်း၊ မှော်ဘီမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိအာရှဒေသအဆင့် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း(AFoCO RETC)၊ဖုန်း၀၉- ၇၇၇၃၉၀၈၃၆သို့လည်းကောင်း၊ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန