သစ်တောဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းအုပ်စုများပေါ်မှ ဇီဝဇိုးငှက်သိုက်များကို စုသိမ်းထုတ်ယူခွင့် (၂)နှစ်အတွက် စတုတ္ထအကြိမ် စျေးပြိုင်အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် တင်ဒါခေါ်ယူခြင်း

Publication Type
Deadline
Primary Document
Document
973-75 (1).pdf (471.07 KB)
Summary

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးရှိ အောက်ဖော်ပြပါ ကျွန်းအုပ်စုများပေါ်မှ ဇီဝဇိုးငှက်သိုက်များကို စုသိမ်းထုတ်ယူခွင့်အား ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ ငှက်သိုက်ရာသီမှ ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ ငှက်သိုက်ရာသီအထိ (၂)နှစ်အတွက် စတုတ္ထအကြိမ် စျေးပြိုင်အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် တင်ဒါခေါ်ယူအပ်ပါသည်-

၁။ တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် - ၂၁.၁.၂၀၂၅ ရက်၊ နံနက် ၁၀:၀၀ နာရီ
၂။ တင်ဒါလျှောက်လွှာအရောင်းပိတ်မည့်ရက် - ၂၈.၁.၂၀၂၅ ရက်၊ ညနေ ၁၆:၃၀ နာရီ
၃။ အိတ်ဖွင့်တင်ဒါရောင်းချမည့်ရက် - ၃၀.၁.၂၀၂၅ ရက်၊ နံနက် ၁၀:၀၀ နာရီ
၄။ အိတ်ဖွင့်တင်ဒါရောင်းချမည့်နေရာ - ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့
၅။ တင်ဒါလျှောက်လွှာများကို တစ်စောင်လျှင် ကျပ်ငါးသောင်းနှုန်းဖြင့် အောက်ဖော်ပြပါ ဌာန တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို သိလိုပါက ၎င်းဌာန သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

အိတ်ဖွင့်တင်ဒါရောင်းချရေးကော်မတီ
ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့
ဖုန်း - ၀၉- ၄၀၀၀၂၉၀၈၀၊ ၀၉ - ၄၂၉၈၇၀၈၁၉