Publication Type
Primary Document
Document
PhyuPhyuLwin_Paper.pdf
(1.04 MB)
Summary
အင်းလေးကန်သည် မြန်မာနိုင်ငံရှိ ကုန်းတွင်းရေကန်များအနက် ဒုတိယအကြီးဆုံး ရေအိုင်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် ဂေဟစနစ်ဝန်ဆောင်မှုများစွာကို ပံ့ပိုးပေး လျက် ရှိပါသည်။ သို့သော်လည်း စိုက်ပျိုးမြေ တိုးချဲ့ခြင်းကြောင့် အင်းလေးကန်ရေဝေရေလဲ သစ်တောများ ပြုန်းတီးခြင်း၊ နောက်ဆက်တွဲ နုန်းမြေပို့ချမှုများဖြစ်ပေါ်ခြင်း၊ ရေအရည် အသွေး ကျဆင်းလာခြင်း၊ ရေပြင်ဧရိယာအတွင်း ကျွန်းမျောများ တိုးပွားလာခြင်းစသည့် အချက်များ ကြောင့် အင်းလေးကန်၏ ရေရှည်တည်တံ့မှုကို ဆိုးကျိုးများ သက်ရောက် စေပါသည်။ အင်းလေးကန် ရေဝေရေလဲဧရိယာများအား သစ်တောများ ပြန်လည် တည်ထောင်ခြင်းဖြင့် အင်းလေးကန်ရေ အရည်အသွေးတိုးတက်စေခြင်း၊ နုန်းပို့ချမှုများကို လျော့နည်းစေခြင်းနှင့် ဂေဟစနစ်ဝန် ဆောင်မှုများကို စဉ်ဆက်မပြတ်ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ ဂေဟစနစ် ဝန်ဆောင်မှုများအား အခကြေးငွေပေးချေခြင်းစနစ်ကို ကမ္ဘာတစ်ဝှမ်းတွင် ကျယ်စွာ အသုံးပြု လျက်ရှိပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ပါက အစိုးရ၏ ဂေဟစနစ်များ ပြန်လည်တည်ထောင် ရေးဆိုင်ရာ ကုန်ကျ စရိတ်များအား လျော့ကျစေမည်ဖြစ်ပါသည်။ ဤသုတေသနတွင် အင်းလေးကန်၊ ပတ်ဝန်းကျင် သစ်တောများနှင့် ဒေသနေပြည်သူလူထု၏ ဆက်စပ်မှုကို အခြေ ခံကာဂေဟစနစ် ဝန်ဆောင်မှုများအား အခကြေးငွေပေးချေခြင်းစနစ်တစ်ခုကို စမ်းသပ် လေ့လာ ထားပါသည်။ အဓိကဝန်ဆောင်မှုအဖြစ် ရေဝေရေလဲသစ်တောများ၏ အင်းလေး ကန်တည်တံ့စေရန် ပံ့ပိုးပေးသည့်ဝန်ဆောင်မှုဖြစ်ကာ သစ်တောများပြန်လည် တည်ထောင် ခြင်းအတွက် ဒေသနေ ပြည်သူများ၏ ပေးချေလိုသည့်ဆန္ဒများကို ဦးတည်လေ့လာထားခြင်း ဖြစ်ပါသည်။ ဖြေဆို သည့် ဒေသနေပြည်သူ ၁၆၃ ဦးအနက် ၁၄.၆၅% မှ သစ်တောများ ပြန်လည်တည်ထောင်ခြင်း အတွက် ငွေကြေးထည့်ဝင်လိုသော်လည်း အခြားဖြေဆိုသူများမှာ လူကိုယ်တိုင်လုပ်အားပေး ခြင်း၊ မိမိတို့အိမ်ခြံများအတွင်း သစ်ပင်များ စိုက်ပျိုးခြင်း နည်းလမ်း များဖြင့် ပူးပေါင်းပါဝင်လိုကြောင်း ဖော်ပြခဲ့ကြပါသည်။ တွေ့ရှိချက်များအပေါ်မူတည်၍ မူဝါဒ ရေးရာအားဖြင့် ပံ့ပိုးပေး နိုင်သည့် သုံးသပ်ချက်များအား ဤစာတမ်းတွင် အကြံပြုတင်ပြ ထားပါသည်။