Research publication

Publication Type

အမြင့်ပေ ခြားနားခြင်းအလိုက် တောတစ်တော၏ ပါဝင်သော သစ်မျိုးများ၊ သစ်မျိုးစုံလင်မှု့နှင့် တော၏ ဖွဲ့စည်းပုံအခြေအနေ ပြောင်းလဲမှုတို့ကို လေ့လာဆန်းစစ်ခြင်း

Summary
သဘာဝပေါက်ပင်များနှင့် ၄င်းတို့ ရှင်သန်ကြီးထွားပေါက်ရောက်မှု့အပေါ် သက်ရောက်နေ သော မြေဆီလွှာ၊ ရာသီဉတုအခြေအနေနှင့် ၄င်းတို့ကြားဆက်နွှယ်မှုများကို လေ့လာခြင်း အားဖြင့် သဘာဝပေါက်ပင်များကို ထိန်းသိမ်းရာတွင် အလွန်အရေးပါသည်။ အပင်များ၏ ပေါက်ရောက် တည်ရှိပုံ သဘာဝကို လေ့လာခြင်းအားဖြင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရာတွင် လည်းကောင်း သဘာဝ သယံဇာတများကို စီမံအုပ်ချုပ်ရာတွင် လည်းကောင်း များစွာအထောက်အပံ့ ပေးနိုင် သကဲ့သို့ နောင် အနာဂါတ်တွင် ဂေဟဗေဒစနစ် မည်သို့မည်ပုံ ပြောင်းလဲနိုင်သည်ကိုပါ လေ့လာခန့် မှန်းနိုင်ပါသည်။ သစ်တောသယံဇာတ ကောက်ယူခြင်းကို ပင်လယ်ရေမျက်နှာပြင်အထက် (၃၈၀-၁၀၀၀) မီတာတွင် လည်းကောင်း၊ (၁၀၀၀-၁၅၀၀) မီတာတွင်လည်းကောင်း၊ (၁၅၀၀-၂၀၀၀) မီတာ တွင်လည်းကောင်း အသီးသီး ကောက်ယူခဲ့ပါသည်။ အမြင့်ပေအသီးသီးရှိ နမူနာကွက် ၃ ဟက်တာ မှ ကောက်ယူရရှိသော ကိန်းဂဏန်းအချက် အလက်များအရ အပေါ်ဆုံးအလွှာ၌ တစ်ဟက် တာတွင် ပါဝင်ပင် (၁၅၈၈) ပင်၊ အလယ်လွှာတွင် (၂၁၃၉) ပင်နှင့် အောက်ဆုံးလွှာ တွင် ၉၀၈ ပင် အသီးသီးတွေ့ရှိခဲ့ရပါသည်။ ထို့အပြင် အပေါ်ဆုံးအလွှာ၌ တစ်ဟက်တာတွင် သစ်မျိုး (၃၅) မျိုး၊ အလယ်လွှာတွင်- (၆၈) မျိုးနှင့် အောက်ဆုံး လွှာတွင်(၃၉)မျိုး အသီးသီးတွေ့ရှိခဲ့ရပါသည်။ တော၏ ဖွဲ့စည်းပုံအခြေအနေကို သိရှိလိုသဖြင့် လုံးပတ် နှင့်အမြင့်ပေအလိုက် အပင်များ ပေါက်ရောက် နေပုံကို လေ့လာဆန်းစစ်ရာတွင် လုံးပတ် အငယ်ဆုံးနှင့် အမြင့်ပေအနိမ့်ဆုံး အပင်များမှာ အပင် အရေတွက်အများဆုံးဖြစ်သည်ကို တွေ့ရှိရပြီးလုံးပတ်နှင့် အမြင့် ပေကြီးလာလေလေ အပင် အရေ အတွက်နည်းလာလေလေ ဖြစ်သည့်အတွက် သဘာဝတောနှင့် နီးစပ် တူညီသည်ကို တွေ့ရှိရပါ သည်။ လုံးပတ် (၅-၁၀) စင်တီမီတာနှင့် (၁၀-၂၀) စင်တီမီတာ ရှိသော အပင် များမှာ အရေအတွက် အများဆုံးဖြစ်သည်ကိုတွေ့ရှိရပါသည်။ ထို့အပြင်အမြင့် (၇-၉)မီတာနှင့် (၁၀-၁၂) မီတာရှိသော အပင်များမှာ တောတစ်ခုလုံး၏ ၅၀ ရာခိုင်နှုန်းခန့် ရှိသည်ကို တွေ့ရှိခဲ့ရပါသည်။ ဤ စာတမ်းမှာ သဘာဝတောများကို ထိန်းသိမ်းရာတွင် အထောက်အပံ့ကောင်းများပေးနိုင်ရန် ရည်ရွယ်ပါ သည်။
Primary Document
Wai Moe Hlaing.pdf
Publication Type

ပဲခူးရိုးမအနောက်ဘက်အရပ်ရှိ ကျွန်းစိုက်ခင်းများ၏ သဘာဝမျိုးဆက်ပင်များ ရောနှောပေါင်းစပ် ဖွဲ့စည်းပုံနှင့် သဘာဝမျိုးဆက်ပင် အမျိုးအစားများအား လေ့လာဆန်းစစ်ခြင်း

Summary
ပဲခူးရိုးမရှိ တောင်နဝင်းကြိုးဝိုင်းနှင့် အလယ်နဝင်းကြိုးဝိုင်းတို့တွင် သုတေသန ပြုလုပ်ခဲ့ပါသည်။ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမ အနောက်ဘက်ခြမ်းတွင် တည်ရှိပါသည်။ အသက်အရွယ် အမျိုးမျိုးရှိသော ကျွန်းစိုက်ခင်းများကို သုတေသနပြုလုပ်ရန် လေ့လာခဲ့ပါ သည်။ စိုက်ခင်း အသက်အရွယ် တစ်ခုစီတွင် နမူနာအကွက် (၁၀) ကွက်စီ ကောက်ယူခဲ့ပါ သည်။ လုံးပတ် ၅ စင်တီမီတာအောက်၊ အမြင့် ၁.၃ မီတာနှင့်အထက် ရှိသော ပင်ပျိုများအား ၁၀ မီတာပတ်လည် အကွက်ဖော်၍သော်လည်းကောင်း၊ လုံးပတ် ၅စင်တီမီတာအောက် ရှိသော အပင်ပေါက်များအား ၄ မီတာပတ်လည် အကွက်ဖော်၍ သော်လည်းကောင်း၊ စာရင်း ကောက်ယူခဲ့ပါသည်။ လေ့လာချက်အရ စိုက်ခင်းအားလုံးတွင် သစ်မျိုးစုစုပေါင်း၅၀ တွေ့ရှိ ရပါသည်။ ဘဂၤပင်သည် အပေါများဆုံးနှင့် လွှမ်းမိုးမှု အားအကောင်းဆုံး သစ်မျိုးဖြစ် ကြောင်း တွေ့ရှိရပါသည်။ သစ်မျိုးများ ပေါက်ရောက်မှုသည် စိုက်ခင်း အသက်အရွယ် ပေါ် မူတည်၍ ကွဲပြားခြားနားကြသည်။ စိုက်ခင်းအသက် ၂၁ နှစ်အတွင်း အသက်အရွယ် ကြီးလာသည်နှင့်အမျှ အပင်အရေအတွက် လျော့နည်းသွားသော်လည်း သစ်မျိုးများပျံ့နှံ့ ပေါက်ရောက်မှု များပြားသည်ကို တွေ့ရှိရပါသည်။ ပင်ကြပ်နှုတ်ခြင်းဆောင်ရွက်မှုများ၊ လူတို့၏ ဝင်ရောက်နှောင့်ယှက်မှုများ၊ အခြားသော အနှောင့်အယှက်များဖြစ်သည့် မီးလောင် ခြင်း များ စသည်တို့သည် သဘာဝ မျိုးဆက်ပင်များအား လျော့နည်းစေသော အကြောင်း အချက်များ ဖြစ်ပေသည်။ စနစ်တကျ ပြုစုခြင်း၊ ကောင်းမွန်သော စီမံအုပ်ချုပ်ခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်းများ ပြုလုပ်ပါက ကျွန်းစိုက်ခင်းများရှိ သဘာဝ မျိုးဆက်ပင်များ ပိုမိုများပြားလာပေမည်။
Primary Document
Kyaw Win_.pdf
Publication Type

ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမှုအပေါ် လူထု၏ သဘောထားအမြင် ၊ စိတ်ကျေနပ်မှုနှင့် ထောက်ခံအားပေးမှုအခြေအနေ (နေပြည်တော်၊ ငလိုက်စခန်းသာဆင်စခန်း၏ဖြစ်ရပ်အား လေ့လာဆန်းစစ်ခြင်း)

Summary
တောရိုင်းတိရိစ္ဆာန်အခြေပြုခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးနှင့် ရေရှည် တည်တံ့စေသော တောရိုင်းတိရစ္ဆာန်အရင်းအမြစ်များအပေါ် စီမံခန့်ခွဲနိုင်သည့်အခွင့်အလမ်းကို တိုးတက် လာစေနိုင်သည့်အပြင် ခရီးသွားဧည့်သည်များ၏ ပတ်၀န်းကျင်နှင့်ထိန်းသိမ်းစောင့်ရှောက်ရေး ထင်မြင် ယူဆချက်များသည် ကမ္ဘာအနှံ့တွင် တဖြည်းဖြည်ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် တောရိုင်းတိရစ္ဆာန် များ၏ အခန်းကအပေါ် ကမ္ဘာလှည့်ခရီးသွားများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ ၏ စိတ်ဝင်စားမှုကို များစွာရရှိလာခဲ့သည်။ ဆင်ထိန်းသိမ်းရေးအခြေပြုခရီးသွားလုပ်ငန်းကို ၂၀၁၆ ခုနှစ်မှစတင်၍ မြန်မာ့သစ်လုပ်ငန်းမှ စတင်ခဲ့ပြီး ရည်ရွယ်ချက်အမျိုးမျိုးရှိသူများ၏ အာရုံစူးစိုက်မှုကို နှစ်စဉ် ရရှိခဲ့သော်လည်းဆင်စခန်းများနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားနှင့် ကျေနပ်အားရမှု အခြေအနေကို အနည်းငယ်သာမျှသာသိရှိခဲ့ရသည်။ ဤလေ့လာမှု၏ ရည်ရွယ်ချက်မှာ အများပြည်သူ ခရီးသွားဧည့်သည်များ၏ရှုထောင့်များကို အထူးဂရုပြုခြင်းဖြင့် ဆင်ထိန်းသိမ်းရေး အခြေပြုခရီးသွား လုပ်ငန်းအပေ ပြည်သူလူထု၏သဘောထားအမြင်နှင့်ကျေနပ်မှု၊ သစ္စာစောင့်သိမှုတို့ကို စူးစမ်းရန် ဖြစ်သည်။ ဆင်စခန်းသို့လာရောက်ကြသော ခရီးသွားဧည့်သည်စုစုပေါင်း (၃၅၀)ဉီးအား အခြေခံကျ သောအချက်အလက်အတွက် တစ်စိတ်တစ်ပိုင်းဖွဲ့စည်းထားသည့် မေးခွန်းလွှာများမှတဆင့် ကျပန်း တွေ့ဆုံမေးမြန်းခဲ့ပြီး လိုအပ်သည့် အချက်အလက်ကိုလည်း မြန်မာ့သစ်လုပ်ငန်းမှ ရယူခဲ့သည်။
Primary Document
Khant Kyaw Kyaw.pdf
Publication Type

Public Perception of Climate Change in Labutta Township, Myanmar

Summary
Identifying the perception about changing climate and adverse effects and the related influencing factors are imperative in producing support for policymakers to promote the response to climate change. There are a number of studies identified the level of public perception and the influencing factors on public awareness and knowledge of climate change and its impacts. Nevertheless, little studies have examined the public perception of climate change in Myanmar. This study purposes to examine the perception among residents about climate change and the influential factors in shaping such perceptions using a household survey in the most vulnerable area to the severe impacts of climate change. This research aimed to examine how the public perceives about climate change in Labutta township. 220 respondents were selected to collect data for the study through the multi-stage stratified random sampling. The socio-economic characteristics were collected from the households as primary data including gender, occupation, age, and educational status. The survey data were analyzed using descriptive statistics. The ambition of this paper is to improve the understanding of public perceptions of climate change, find out how they are affected by climate change impacts. Age, gender, education, occupation, traditional knowledge, climate information, and social media are realized as influential factors on public perception of climate change. In supporting policymakers to develop strategies and plans in responding to climate change, understanding public perception about climate change and its trends is essential.
Primary Document
Aung Thu Han.pdf
Publication Type

ရာသီဥတုပြောင်းလဲမှုကြောင့်အပူပိုင်းဒေသရှိ ဒေသခံများအပေါ်သက်ရောက်သည့် လူမှုစီးပွားရေးအခြေအနေများကို လေ့လာခြင်း

Summary
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍအပေါ် များစွာမှီခိုအားထားရသည့် မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကြောင့် စိုက်ပျိုးရေး ကဏ္ဍ၏ဝင်ငွေရရှိမှုသည် ပိုမိုမလုံခြုံမှုဖြစ်ပေါ်လာပါသည်။ အထူးသဖြင့် လွန်ခဲ့သော ဆယ်စု နှစ် နှစ်ခု၊ သုံးခုအတွင်းကစပြီး အပူပိုင်းဒေသ၏ ရာသီဥတုအခြေအနေများ ပြောင်းလဲမှု ဖြစ် ပေါ်ခဲ့ပြီး သုတေသနတွေ့ရှိချက်များအရ အဆိုပါဖြစ်ရပ်များသည် ဒေသတွင်းရှိ စိုက်ပျိုးရေး ကဏ္ဍအပေါ်စိန်ခေါ်မှုများကြုံတွေ့ရပြီး သီးနှံထုတ်လုပ်မှုအပေါ် သက်ရောက်ခြင်းနှင့် ဝင်ငွေ လျော့နည်းမှုကို ပြသခဲ့သည်။ ထို့အပြင် ရာသီဥတုပြောင်းလဲခြင်းနှင့် ပြင်းထန်သော သဘာဝ ဘေးအန္တရာယ်ဖြစ်ရပ်များသည် ကျေးလက်ဒေသမှ မြို့ကြီးများသို့ ဒေသခံများ ပြောင်းရွှေ့ ခြင်း၏ အကြောင်းအရင်းသစ်ဖြစ်လာသည်။ အပူပိုင်းဒေသအပေါ် လေ့လာသည့် အစီရင်ခံ စာများနှင့် လေ့လာချက်များအရ ဒေသခံများအတွက် ရေရရှိနိုင်မှုသည် မိုးခေါင်ခြင်းကြောင့် အခက်အခဲတွေ့ရပြီး အိမ်ထောင်စုများ၏ လေးပုံတစ်ပုံသည် အခြေခံရေ လိုအပ်ချက်များကို မရရှိကြပါ။ စားနပ်ရိက္ခာရရှိရန် ခက်ခဲမှုနှင့် အာဟာရချို့တဲ့မှုတို့သည်လည်း အပူပိုင်းဒေသ အတွက် ဖိအားများဖြစ်သည်။ သုတေသနတွေ့ရှိချက်များအရ အပူပိုင်းဒေသတွင် ရာသီဥတု ပြောင်းလဲခြင်း၏အကျိုးသက်ရောက်မှုကြောင့် စိုက်ပျိုးရေးနှင့် ဒေသတွင်းမွေးမြူရေး ကဲ့သို့ သော အဓိကစီးပွားရေးကဏ္ဍများတွင် သိသိသာသာ ထိခိုက်မှုရှိကြောင်း တွေ့ရသည်။ ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ခန့်မှန်းချက်များအရလည်း မုတ်သုံရရှိမှုပြောင်းလဲခြင်း၊ အပူချိန် မြှင့် တက်ခြင်းတို့ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး သက်ရောက်မှုများ ဆက်လက်ကြုံတွေ့မည်ဖြစ်သည်။ အဆိုပါအချက်များသည် လူမှု့စီးပွားရေးပြဿနာများ၏ အဓိကရင်းမြစ်များဖြစ်ပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို နိမ့်ကျစေပါသည်။ သို့ဖြစ်၍ ဒေသတွင်းရာသီဥတုပြောင်းလဲမှု ဒဏ်ခံနိုင်ရည်ရှိမှုအတွက် အဆိုပါပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် ၎င်းတို့နှင့် လိုက် လျောညီထွေမှုရှိသည့် အစီအမံများကို အရေးတကြီးထည့်သွင်းစဉ်းစားသွားရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။
Primary Document
Wutyi Mon.pdf
Publication Type

ဖျာပုံမြို့နယ်အတွင်း ပြင်ဒရယ်ကြိုးဝိုင်းအတွင်းရှိ ဒီရေတောဧရိယာများတွင် အခြားမြေ အသုံးချမှုများအဖြစ် ပြောင်းလဲသွားခြင်းနှင့် ဒီရေတောများ အတန်း အစား ကျဆင်း လာခြင်း အခြေအနေများကိုလေ့လာခြင်း

Summary

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ပြင်ဒရယ်ကြိုးဝိုင်းအတွင်းရှိ ဒီရေတောများသည် နှစ်စဉ်သစ်တောထွက်ပစ္စည်းများအလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ စီးပွားဖြစ် ပုဇွန်ကန်၊ ငါးကန် များ မွေးမြူခြင်းကြောင့် နှစ်ကာလအပိုင်းအခြားတွင် အခြားမြေများအဖြစ် မြေအသုံးချမှုများပြောင်းလဲ သွားခြင်းကြောင့် ဒီရေတောများ တဖြည်းဖြည်း ပြုန်တီးလာနေပါသည်၊၊ ကျေးလက်နေပြည်သူများ ၏ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် စီပွားရေးအခြေအနေများ အထောက်အကူ ပြုနေသော ဒီရေ တောများ ရေရှည်တည်တံ့စေရန် မြေအသုံချမှုပုံစံများနှင့် လူမှုစီးပွားရေး အခြေအနေများကို လေ့လာဆန်းစစ်ရန် လိုအပ်ပါသည်၊၊ ဒီရေတောများမှ အခြားမြေအသုံးချမှု ပြောင်း လဲသွားခြင်းကို သိရှိနိုင်ရန်အတွက် RS/GIS နည်းပညာဖြင့် Landsat 5,7 and 8 ဂြိုလ်တု ဓါတ်ပုံများကိုအသုံးပြု၍ ၂၀၀၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း စိုက်ပျိုးမြေအပါအဝင်၊ အခြားမြေ အသုံးချမှုများအဖြစ် ပြောင်းလဲ သွားခြင်းကို နှစ်စဉ်ပြောင်းလဲသည့် ရာခိုင်နှုန်းအလိုက် တွက်ချက်ပြီး အမျိုး အစား ခွဲခြား ခဲ့ပါသည်၊၊ လူမှုစီးပွားရေးအခြေအနေများကို အခြေခံ၍နောက်မီးကျေးရွာနှင့် အရှေ့ဖျား ကျေးရွာအတွင်း စုစုပေါင်း အိမ်ထောင်စု(၁၁၈)စုကို စာရင်းကောက်ယူခဲ့သည်၊၊ စာရင်း ကောက်ယူခဲ့သော ကျေးရွာ များ ၏ အဓိက အသက်မွေးဝမ်း ကျောင်းဖြစ်သည့် စီးပွားဖြစ် ပုဇွန်ကန်မွေးမြူရေး လုပ်ငန်းကန် ပိုင်ရှင်များနှင့်(Aquaculture Pond Owners)နှင့် အင်္ဂလန် ဖောင် ခေါ် ငါး/ပုဇွန် ဖမ်းစက် လှေပိုင်ရှင် (Bamboo Rack Owners)များကို ၎င်းတို့၏ ထင်းသုံး စွဲမှုနှင့် ပတ်သက်သည့် သုတေသနမေးခွန်း များမေးပြီး ပုဇွန်ခြောက်ပြုတ်ရာတွင် ထင်းလောင်စာ သုံးစွဲမှုနှင့်ပတ်သက်သည့် အချက်အလက် များ စာရင်းကောက် ယူခဲ့ပါသည်၊၊ ဒီရေတော အတန်း အစား ကျဆင်းလာမှုကို ကာကွယ်ရန်နှင့် ရေရှည်တည်တံ့ရန် ကျေးလက်နေပြည်သူများက ဒီရေတောထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ပြန်လည် စိုက်ပျိုးခြင်း လုပ်ငန်းများနှင့် ပြုစုပျိုး ထောင်ခြင်း လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက် နိုင်ရန်အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီးလိုအပ်သော မူဝါဒများနှင့်ဂေဟစနစ်များကို အထောက် အကူပြုသော နည်းစနစ် များ ထောက်ပံ့ပေးရန် လိုအပ်လျက်ရှိပါသည်၊၊

Primary Document
Yan Naing Phyo.pdf
Publication Type

ရာသီအလိုက်ခြောက်သွေ့တော့များ၏ composition, diversity နှင့် structure များရှင်သန်ပေါက်ရောက်မှုအတွက် ဆုံးဖြတ်ပေးသည့်အရာများ

Summary
ရာသီအလိုက်ရွက်ပြတ် တောခြောက်ဂေဟစနစ်ကို အရှေ့တောင်အာရှနိုင်ငံများတွင် အများ အပြားတွေ့ရလေ့ရှိပါသည်။ ၎င်းတောအမျိုးအစားများကို သစ်တောဂေဟဗေဒစနစ် (သို့မဟုတ်) ဆာဗားနားဂေဟဗေဒစနစ်တွင် ပါဝင်နေသလားဆိုသည့်မှာ အငြင်းပွားစရာအဖြစ် ယနေ့အထိ ဖြစ်ပွားဆဲဖြစ်ပါသည်။ ရွက်အုပ် (၆၀)ရာခိုင်နှုန်းနှင့်အထက် အောက် ပေါင်းမြက် တွင် C4 မြက်များ ပါဝင်မှုအများဆုံးဖြစ်ပြီး မီးမကြာခဏ လောင်ကျွမ်းနေသည့် ဂေဟဗေဒစနစ် ကို ဆာဗားနား ဂေဟစနစ်ဟုသတ်မှတ်ပြီး ရွက်အုပ်(၇၀)ရာခိုင်နှုန်းနှင့် အထက် အောက်ပေါင်း မြက်တွင် C3 မြက်များ ပါဝင်မှုအများဆုံးဖြစ်ပြီး မီးလောင်ကျွမ်းမှု နည်းပါးသော ဂေဟဗေစနစ် ကို သစ်တောဂေဟ ဗေဒစနစ်ဟု အပင်ဂေဟဗေဒကျွမ်းကျင် ပညာရှင်များက သတ်မှတ်ကြပါ သည်။
Primary Document
Thiri Toe Khaing.pdf
Publication Type

ရှမ်းပြည်တောင်ပိုင်းဒေသခံတိုင်းရင်းသားများ ၏သဘာဝသီးပင်စားပင်နှင့်ပတ်သက်သည့် ရိုးရာအသိပညာများအား လေ့လာခြင်း

Summary
မြန်မာနိုင်ငံသည်ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝသည့်နိုင်ငံတစ်ခုဖြစ်ပါသည်။ သဘာဝသီး ပင် စားပင်များနှင့်ပတ်သက်၍ လူမှုရုက္ခဗေဒရှုထောင့်မှလေ့လာခြင်းအားဖြင့် သဘာဝ အပင် များထိန်းသိမ်းကာကွယ်ရေးတွင် ထောက်အကူပြုနိုင်သည့် ကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်မည်ဖြစ်ပါသည်။ ယခုသုတေသနလုပ်ငန်းအား ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကျေးရွာ(၃) ရွာမှ အပင်နှင့်ပတ်သက်၍ နားလည်ကျွမ်းကျင်သူ (၁၉)ဦးအား ၂၀၁၅ခုနှစ်ဇွန်လနှင့် ဇူလိုင်လ များတွင် လေ့လာမေးမြန်းတင်ပြထားပါသည်။ ထို့ပြင် အုပ်စုဖွဲ့ဆွေးနွေးခြင်းများအား ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် များတွင်ဆောင်ရွက်ခဲ့ပြီး ဒေသခံများ၏ သဘာဝသီးပင် စားပင်များ နှင့်ပတ်သက်သည့် ရိုးရာအသိပညာများအား လေ့လာခဲ့ပါသည်။ အပင်မျိုးစိတ်များတိကျ မှန်ကန်စွာ ခွဲခြားနိုင်ရေးအတွက် DNA နည်းပညာဖြင့် မျိုးခွဲခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။ သုတေသနလုပ်ငန်း၏ ရလာဒ်အဖြစ် သဘာဝသီးပင်စားပင်မျိုးစိတ်(၈၃)မျိုးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ၎င်းသဘာဝသီးပင်စားပင်များအနက်မှ မျိုးစိတ်(၁၈)မျိုးမှာ ဆေး ဘက်ဝင်အပင်များအဖြစ် အသုံးပြုလျှက်ရှိပါသည်။ သဘာဝသီးပင်စားပင်များမှာ ကျေးလက် နေပြည်သူများ၏လူမှုဘဝကိုများစွာအထောက်အကူပြုလျှက်ရှိပြိီးထိုအပင်များနှင့် ပတ်သက် သည့် ရိုးရာ အသိပညာများအား ထိန်းသိမ်းရန် လွန်စွာ အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။
Primary Document
U Thant Shin.pdf
Publication Type

ဆေးဖက်ဝင်လှသော အပူပိုင်းဒေသ မှိုတစ်မျိုးဖြစ်သည့် Agaricus blazei (Almond Mushroom) အား မြေဆွေး၊ သစ်တောစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ အသုံးပြု၍ စိုက်ပျိုးနိုင်မည့်နည်းလမ်းများအား ဖော်ထုတ်လေ့လာခြင်း

Summary
ဤသုတေသနစာတမ်းသည် ဂျပန်နိုင်ငံ၊ ကျူရှူးတက္ကသိုလ်၊ Forest Production Control Laboratory မှ Agaricus blazei (KUMB 1221) မှိုမျိုးကို သစ်တော စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်း များဖြစ်သည့် သစ်တိုသစ်စများ၊ လွှစာမှုန့်၊ ပြောင်းဖူးရိုးများနှင့် မြေဆွေးကို ၃:၁၊ ၁:၁၊ ၁:၃နှင့် ၁:၀ အချိုးများအလိုက် ရောစပ်ကာစိုက်ပျိုးအသုံးပြုနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်လေ့လာ ထားသည့် စာတမ်းဖြစ်သည်။ မှိုမျှင်ကြီးထွားလာမှုများကို တိုင်းတာခြင်းနှင့် ကြာချိန်မှတ် သား ခြင်း၊ မှိုများစတင်ထွက်ရှိသည့် အချိန်ကိုမှတ်သားခြင်း၊ မှိုမျှင် အရောင်ခွဲခြား တိုင်းတာခြင်း၊ မှိုရိတ်သိမ်းနိုင်သည့် အချိန်ကိုမှတ်သားခြင်း၊ မှိုအရေအတွက်၊ အရွယ်အစားနှင့် အလေးချိန် (အစို/ အခြောက်)များအားမှတ်သားခြင်း၊ ဇီဝဆိုင်ရာ ထိရောက်မှုအား တွက်ချက် ခြင်းနှင့် မှိုထုတ်လုပ် နိုင်မှုအား တွက်ချက်ခြင်းများကို စမ်းသပ်လေ့လာ ဆောင်ရွက်ခဲ့ပါသည်။ မှိုများစတင် ထွက်ရှိ သည့်ကြာချိန်နှင့် မှိုရိတ်သိမ်းနိုင်သည့် အဆင့်ထိ ရောက်ရှိကြာချိန်များကို နှိုင်းယှဉ်လေ့လာရာ၌ လွှစာမှုန့်နှင့် မြေဆွေး ရောစပ်ထားသည့် စမ်းသပ်မှုများသည် သစ်တို သစ်စ၊ ပြောင်းဖူးရိုးနှင့် မြေဆွေးရောစပ်ထားသည့် စမ်းသပ်မှု များထက် နှေးကွေးကြောင်းကို တွေ့ရှိခဲ့ရပါသည်။ မြေဆွေး အချိုးအစားများစွာ ပါဝင်သည့် substrates များသည် ပိုမို ကောင်းမွန်သော အထွက်နှုန်းကို ပေးစွမ်းနိုင်ကြောင်းတွေ့ရှိရသည့် အပြင်အခြားသော စွန့်ပစ် ပစ္စည်းများဖြင့် အသုံးပြုထားသော စမ်းသပ်မှုများသည်လည်း ထိုက်သင့်သော အထွက်နှုန်းများ ကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ရပါ သည်။ ယင်းကဲ့သို့ ရလာဒ် များ ကွဲပြားခြားနားနေခြင်းမှာ အသုံးပြုသော substrates အမျိုးမျိုး၏ ရူပဓါတု ပါဝင်မှုများ ကွဲပြားခြင်းကြောင့် သော်လည်း ကောင်း၊ ကာဗွန် နိုက်ထရိုဂျင် အချိုး အစား ကွဲပြားမှု၊ pH နှင့် အခြားသော ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကြောင့် ဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။ သို့ဖြစ်ပါ၍ ယခု စာတမ်းတွင် အသုံးပြုသောမြေအမျိုး အစားဆိုင်ရာ သုတေသနများ၊ အခြားသော စွန့်ပစ် ပစ္စည်းများဖြင့် အသုံးပြုခြင်း ဆိုင်ရာသုတေသနများ၊ စမ်းသပ် မှုများပြင်ဆင်ရာတွင် ထည့်ဝင်သော ပင်ပိုင်းပစ္စည်းအချိုး အစားဆိုင်ရာ နှင့် မှိုမျိုးစိတ် (strain) ရွေးချယ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေး ကြောင်း အကြံပြု သုံးသပ် တင်ပြထားပါသည်။
Primary Document
Tun Tun Win.pdf
Publication Type

ပြင်ပအဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောအခြေပြုကော်ဖီစိုက်ပျိုးခြင်းတွင် အသုံးပြုသူအဖွဲ့ဝင်များ၏ ပူးပေါင်းပါဝင်မှုကို လေ့လာဆန်းစစ်ခြင်း

Summary
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောမှ ထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများအား စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်ရန် ရည်ရွယ်လျက် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော အခြေခံ သည့် စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ၂၀၁၆ ခုနှစ် တွင် ပြင်ဆင်ရေးဆွဲခဲ့သည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော ညွှန်ကြားချက်များတွင် အဓိက ကျသည့် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတစ်ခု ဖြစ်ပါသည်။ အဆိုပါ မူဝါဒ ပိုင်းဆိုင် ရာ ပြုပြင်ပြောင်းလဲမှုနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရွာငံ မြို့နယ်တွင် ပုဂ္ဂလိက ကုမ္ပဏီ (သို့မဟုတ်) အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တို့၏ အထောက် အပံ့ ဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအခြေခံသည့် ကော်ဖီစိုက်ခင်းများ စတင် အကောင် အထည် ဖော်ဆောင်ရွက်ခဲ့ပါသည်။ စာတမ်း၏ ရည်ရွယ်ချက်များမှာ (၁) ဒေသခံပြည်သူ အစု အဖွဲ့ပိုင် သစ်တောအခြေခံသည့် ကော်ဖီစိုက်ခင်းလုပ်ငန်းများ ထိရောက်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန် ကုမ္ပဏီနှင့် NGO တို့၏ မတူညီသော စီမံကိန်း/လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်မှုအား လေ့လာဆန်းစစ်ရန်၊ (၂) ကုမ္ပဏီနှင့် NGO တို့မှ ဆောင်ရွက် လျက်ရှိသည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောအခြေခံသည့် ကော်ဖီ စိုက်ခင်းလုပ်ငန်းတွင် ဒေသခံပြည်သူ တို့၏ ပူးပေါင်းပါဝင်မှုအား နှိုင်းယှဉ်လေ့လာရန်၊ (၃) ဒေသခံပြည်သူတို့၏ လူမှုဘဝအခြေအနေသည် ၎င်းတို့၏ ပူးပေါင်းပါဝင်မှုအပေါ် လွှမ်းမိုး သက်ရောက်မှုရှိ/ မရှိအား လေ့လာဆန်းစစ်ရန်တို့ ဖြစ်ပါသည်။
Primary Document
KAY KHINE.pdf
Subscribe to Research publication