ဆေးဖက်ဝင်လှသော အပူပိုင်းဒေသ မှိုတစ်မျိုးဖြစ်သည့် Agaricus blazei (Almond Mushroom) အား မြေဆွေး၊ သစ်တောစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ အသုံးပြု၍ စိုက်ပျိုးနိုင်မည့်နည်းလမ်းများအား ဖော်ထုတ်လေ့လာခြင်း

Publication Type
Primary Document
Document
Tun Tun Win.pdf (837.18 KB)
Summary
ဤသုတေသနစာတမ်းသည် ဂျပန်နိုင်ငံ၊ ကျူရှူးတက္ကသိုလ်၊ Forest Production Control Laboratory မှ Agaricus blazei (KUMB 1221) မှိုမျိုးကို သစ်တော စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်း များဖြစ်သည့် သစ်တိုသစ်စများ၊ လွှစာမှုန့်၊ ပြောင်းဖူးရိုးများနှင့် မြေဆွေးကို ၃:၁၊ ၁:၁၊ ၁:၃နှင့် ၁:၀ အချိုးများအလိုက် ရောစပ်ကာစိုက်ပျိုးအသုံးပြုနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်လေ့လာ ထားသည့် စာတမ်းဖြစ်သည်။ မှိုမျှင်ကြီးထွားလာမှုများကို တိုင်းတာခြင်းနှင့် ကြာချိန်မှတ် သား ခြင်း၊ မှိုများစတင်ထွက်ရှိသည့် အချိန်ကိုမှတ်သားခြင်း၊ မှိုမျှင် အရောင်ခွဲခြား တိုင်းတာခြင်း၊ မှိုရိတ်သိမ်းနိုင်သည့် အချိန်ကိုမှတ်သားခြင်း၊ မှိုအရေအတွက်၊ အရွယ်အစားနှင့် အလေးချိန် (အစို/ အခြောက်)များအားမှတ်သားခြင်း၊ ဇီဝဆိုင်ရာ ထိရောက်မှုအား တွက်ချက် ခြင်းနှင့် မှိုထုတ်လုပ် နိုင်မှုအား တွက်ချက်ခြင်းများကို စမ်းသပ်လေ့လာ ဆောင်ရွက်ခဲ့ပါသည်။ မှိုများစတင် ထွက်ရှိ သည့်ကြာချိန်နှင့် မှိုရိတ်သိမ်းနိုင်သည့် အဆင့်ထိ ရောက်ရှိကြာချိန်များကို နှိုင်းယှဉ်လေ့လာရာ၌ လွှစာမှုန့်နှင့် မြေဆွေး ရောစပ်ထားသည့် စမ်းသပ်မှုများသည် သစ်တို သစ်စ၊ ပြောင်းဖူးရိုးနှင့် မြေဆွေးရောစပ်ထားသည့် စမ်းသပ်မှု များထက် နှေးကွေးကြောင်းကို တွေ့ရှိခဲ့ရပါသည်။ မြေဆွေး အချိုးအစားများစွာ ပါဝင်သည့် substrates များသည် ပိုမို ကောင်းမွန်သော အထွက်နှုန်းကို ပေးစွမ်းနိုင်ကြောင်းတွေ့ရှိရသည့် အပြင်အခြားသော စွန့်ပစ် ပစ္စည်းများဖြင့် အသုံးပြုထားသော စမ်းသပ်မှုများသည်လည်း ထိုက်သင့်သော အထွက်နှုန်းများ ကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ရပါ သည်။ ယင်းကဲ့သို့ ရလာဒ် များ ကွဲပြားခြားနားနေခြင်းမှာ အသုံးပြုသော substrates အမျိုးမျိုး၏ ရူပဓါတု ပါဝင်မှုများ ကွဲပြားခြင်းကြောင့် သော်လည်း ကောင်း၊ ကာဗွန် နိုက်ထရိုဂျင် အချိုး အစား ကွဲပြားမှု၊ pH နှင့် အခြားသော ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကြောင့် ဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။ သို့ဖြစ်ပါ၍ ယခု စာတမ်းတွင် အသုံးပြုသောမြေအမျိုး အစားဆိုင်ရာ သုတေသနများ၊ အခြားသော စွန့်ပစ် ပစ္စည်းများဖြင့် အသုံးပြုခြင်း ဆိုင်ရာသုတေသနများ၊ စမ်းသပ် မှုများပြင်ဆင်ရာတွင် ထည့်ဝင်သော ပင်ပိုင်းပစ္စည်းအချိုး အစားဆိုင်ရာ နှင့် မှိုမျိုးစိတ် (strain) ရွေးချယ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေး ကြောင်း အကြံပြု သုံးသပ် တင်ပြထားပါသည်။