ဒေသခံပြည်သူများ၏ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာနိုးကြားမှု အခြေအနေကို လေ့လာခြင်း

Publication Type
Primary Document
Document
Ingyin Khing.pdf (620.74 KB)
Summary
ဤစာတမ်းသည် သစ်တောထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် အထောက်အကူဖြစ်စေသည့် ဒေသခံပြည်သူများ၏ လက်ရှိ သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောထိန်းသိမ်းကာကွယ် အုပ်ချုပ်ခြင်း ဆိုင်ရာအသိ ပညာ နိုးကြားထကြွမှု အခြေအနေနှင့် လက်ရှိအချိန်အထိ သေချာစွာ မသိရှိသေးသည့် ပတ်ဝန်း ကျင်ထိန်းသိမ်းမှုဆိုင်ရာ အသိပညာ ကွာဟချက်/လိုအပ်ချက်များကို လေ့လာဖော်ထုတ်ရန် ရည်ရွယ်ပါသည်။ လေ့လာ တွေ့ရှိချက်များအရ လက်ရှိဒေသခံပြည်သူ လူထုသည် အပူချိန် မြင့်တက်လာမှုနှင့် မိုးရွာသွန်းမှု ပြောင်းလဲလာမှု အခြေအနေစသည့် ပတ်ဝန်းကျင်တွင် ‌ပြောင်းလဲဖြစ်ပေါ်နေမှုကို သိရှိသော်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုးကြားထကြွသည့် အသိစိတ်ဓါတ် ရှင်သန်မှု အခြေအနေမှာ မြှင့်တင် ရန်လိုအပ်နေကြောင်း တွေ့ရှိရပါသည်။ Likert analysisအရ သစ်တောထွက်ပစ္စည်းများ စနစ် တကျ ထုတ်လုပ်မှုမပြုနိုင်ခြင်းအတွက် သစ်တောအပေါ် သက်ရောက်မှုနှင့် အသုံးမလိုသော အမှိုက် များ စွန့်ပစ်မှုဆိုင်ရာ အသိပညာများကို မြှင့်တင်ရန်လိုအပ်ကြောင်းနှင့်၊ အသိပညာပေး ဟောပြော ပွဲများနှင့် လုပ်ဆောင်ချက်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု နည်းပါးနေသေးကြောင်း လေ့လာ တွေ့ရှိရပါသည်။ အထူးသဖြင့် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်း မှုကို ဖြစ်စေသော အကြောင်း အရင်းများနှင့် ၎င်းတို့ကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ ကာကွယ်မှုအစီ အမံများနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်းများဆိုင်ရာ အသိ ပညာ လိုအပ်ချက်များရှိနေသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ လိုအပ်များကို ထောက်ပံ့ ဖြည့်ဆည်းနိုင်မည့် အသိပညာပေးဆိုင်ရာ ဟောပြောပွဲများ၊ လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ရန် လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်။