မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေနေထိုင်ခြင်းအား ရေအရင်းအမြစ်စီမံခန့်ခွဲမှုအပေါ်လေ့လာခြင်း

Publication Type
Primary Document
Document
Khin Mg Soe.pdf (705.18 KB)
Summary
ရာသီဉတုပြောင်းလဲမှုကြောင့် လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ကမ္ဘာ့အပူ ချိန်သည် သိသာမြင့်တက်လာလျက်ရှိပါသည်။ ၂၀ရာစု၏အလယ်ခန့်မှစတင်၍ သဘာဝစနစ် များအပေါ် ရာသီဉတုပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက်မှုများသည် ပိုမိုသိသာထင်ရှား လာ ခဲ့သည်။ ၎င်းသက်ရောက်မှုများအနက် ရေသယံဇာတအပေါ် သက်ရောက်မှုသည် အဓိက ကဏ္ဍမှ ပါဝင်လာခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရာသီဉတု ပြောင်းလဲမှုများ ကြောင့် ရေပြတ်လပ်ရှားပါးမှုများ ပိုမိုကြုံတွေ့လာရသည်။