ပဲ့ပြားသစ်၏ အသုံးချမှုဆိုင်ရာနည်းပညာဂုဏ်သတ္တိများကိုလေ့လာခြင်း

Publication Type
Primary Document
Document
Summary
ဤသုတေသနစာတမ်းတွင် ပဲ့ပြားသစ်၏ ရူပဆိုင်ရာဂုဏ်သတ္တိများ၊ ကြာရှည်ခံမှု၊ အခြောက် ခံမှု ဆိုင်ရာလက္ခဏာများနှင့် အဆိုပြုပေါင်းခံဇယားတို့ကို စမ်းသပ်ဖော်ထုတ်ထားပါသည်။ ပဲ့ပြား သစ်သည် ရေချိန်သိပ်သည်းဆ ၀.၆၃၃ ရှိသဖြင့် လေးသောသစ် ဖြစ်ပါသည်။ ယင်းသစ်၏ အစိုဓာတ် ပါဝင်မှုမှာ ၇၄.၀၅ % ဖြစ်ပါသည်။ အစိုအခြေအနေမှ ပေါင်းခံအခြောက်အခြေအနေ အထိ အခြောက် ခံရာတွင် ပျမ်းမျှအားဖြင့် နှစ်ကွင်းနှင့်ထောင့်မတ်ကျ ကျုံ့မှုသည် ၄.၆၄%၊ နှစ်ကွင်းနှင့် အပြိုင်ကျုံ့မှု သည် ၉.၉၃ % နှင့် သစ်ကြောအလိုက်ကျုံ့မှုသည် ၀.၁၇%ဖြစ်သဖြင့် ကျုံ့မှုတန်ဖိုးမြင့်မားပါ သည်။ ပဲ့ပြားသစ်သည်ကျုံ့ကြွမှုများပြီး ပုံသဏ္ဍာန်တည်မြဲမှုတန်ဖိုးမှာ ၂ ထက်ကြီးသဖြင့် အရည် အသွေးမြင့် ပရိဘောဂများ ပြုလုပ်ရာတွင် အသုံးပြုရန် မသင့်ပေ။ ပဲ့ပြားသစ်၏ အမြင့်ဆုံး ရေစုပ်ယူမှုမှာ ၅၈၂ . ၃၇ kgm-3 ဖြစ်ပြီး ကုက္ကို၊ ပျဉ်းမ၊ တောသရက်နှင့် တောင်သရက်တို့ ထက်နည်းကြောင်း တွေ့ရှိရပါ သည်။ ကြာရှည်ခံနိုင်မှု စမ်းသပ်ချက်များအရ ပဲ့ပြားသစ်သည် အသင့်အတင့် ကြာရှည် ခံသော သစ်မျိုးဖြစ်ပြီး ခြစားမှုကိုခံနိုင် ကြောင်း တွေ့ရှိရပါသည်။ အခြောက်ခံမှုဆိုင်ရာ သွင်ပြင် လက္ခဏာ များတွင် မျက်နှာပြင်နှင့် ထိပ်အက်ကွဲမှုများသည် အတော်အတန်ဖြစ်ပေါ်ပြီး အတွင်း ပိုင်းအက်ကွဲမှု များနှင့် ပုံပျက်မှုများ အနည်းငယ် ဖြစ်ပေါ်သည်ကို တွေ့ရှိရပါသည်။ ဤ အပြစ်အနာအဆာများအရ ပဲ့ပြားသစ်သည် ပေါင်းဖိုဖြင့် အခြောက်ခံရာတွင် အတော်အတန် ခက်ခဲ သော သစ်မျိုးဖြစ်ပြီး ၂၅ မီလီမီတာထုသစ်များအား အပူချိန် ၅၅ ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းဆ ၈၁ ရာခိုင်နှုန်းဖြင့် စတင် အခြောက် ခံသင့်ပါသည်။