Publication Type
Primary Document
Document
KAY KHINE.pdf
(1.06 MB)
Summary
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောမှ ထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများအား စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်ရန် ရည်ရွယ်လျက် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော အခြေခံ သည့် စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ၂၀၁၆ ခုနှစ် တွင် ပြင်ဆင်ရေးဆွဲခဲ့သည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော ညွှန်ကြားချက်များတွင် အဓိက ကျသည့် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတစ်ခု ဖြစ်ပါသည်။ အဆိုပါ မူဝါဒ ပိုင်းဆိုင် ရာ ပြုပြင်ပြောင်းလဲမှုနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရွာငံ မြို့နယ်တွင် ပုဂ္ဂလိက ကုမ္ပဏီ (သို့မဟုတ်) အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တို့၏ အထောက် အပံ့ ဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအခြေခံသည့် ကော်ဖီစိုက်ခင်းများ စတင် အကောင် အထည် ဖော်ဆောင်ရွက်ခဲ့ပါသည်။ စာတမ်း၏ ရည်ရွယ်ချက်များမှာ (၁) ဒေသခံပြည်သူ အစု အဖွဲ့ပိုင် သစ်တောအခြေခံသည့် ကော်ဖီစိုက်ခင်းလုပ်ငန်းများ ထိရောက်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန် ကုမ္ပဏီနှင့် NGO တို့၏ မတူညီသော စီမံကိန်း/လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်မှုအား လေ့လာဆန်းစစ်ရန်၊ (၂) ကုမ္ပဏီနှင့် NGO တို့မှ ဆောင်ရွက် လျက်ရှိသည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောအခြေခံသည့် ကော်ဖီ စိုက်ခင်းလုပ်ငန်းတွင် ဒေသခံပြည်သူ တို့၏ ပူးပေါင်းပါဝင်မှုအား နှိုင်းယှဉ်လေ့လာရန်၊ (၃) ဒေသခံပြည်သူတို့၏ လူမှုဘဝအခြေအနေသည် ၎င်းတို့၏ ပူးပေါင်းပါဝင်မှုအပေါ် လွှမ်းမိုး သက်ရောက်မှုရှိ/ မရှိအား လေ့လာဆန်းစစ်ရန်တို့ ဖြစ်ပါသည်။