သဘာဝထိန်းသိမ်းရေးနယ်မြေများတွင် ဝင်ကြေးကောက်ခံခြင်းစနစ် ကျင့်သုံးနိုင်ရေးအတွက် လာရောက်လည်ပတ်သူများ၏ ပေးချေလိုသည့်တန်ဖိုးကို ဆန်းစစ်ခြင်း

Publication Type
Primary Document
Document
Tin Hnaung Aye.pdf (875.88 KB)
Summary
ယခုစာတမ်းသည် အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်နှင့် ရွှေစက်တော် ဘေးမဲ့ တောသို့ လာရောက်လည်ပတ်သူများ၏ ဝင်ကြေးအပေါ်ပေးချေလိုသည့် တန်ဖိုးကို ဆန်းစစ် ထားခြင်း ဖြစ်ပါသည်။ ၂၀၁၉ခုနှစ်၊ မတ်လနှင့်ဧပြီလအတွင်း လာရောက် လည်ပတ်သူ ပြည်တွင်း ခရီးသည် ၅၁၈ဦးအား ကျပန်းစနစ်ဖြင့်ရွေးချယ်၍ မေးမြန်းထားပါသည်။ လာရောက် လည် ပတ်သူ ခရီးသွားများ၏ ဝင်ကြေးအပေါ် ပေးချေလိုသည့် ဆန္ဒရှိ/မရှိနှင့် ၄င်းဝင်ကြေး ပေးချေ လိုမှုဆန္ဒရှိ/မရှိ အပေါ်တွင် မည်သည့်အကြောင်းအရာများက လွှမ်းမိုး နေကြောင်းကို လေ့လာ ဖော်ထုတ်ရန် ရည်ရွယ်၍ ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။ လာရောက် လည်ပတ်သူ ခရီးသည် ၇၇ ရာခိုင်နှုန်းသည် ဝင်ကြေးပေးချေလိုသည့် ဆန္ဒရှိကြောင်း တွေ့ရှိရပြီး ၂၃ ရာခိုင်နှုန်းသည် ဝင်ကြေး မပေးချေလိုကြောင်းတွေ့ရှိရပါသည်။ ခရီးသည် ၉၀ ရာခိုင်နှုန်းခန့်သည် ဝင်ကြေး တန်ဖိုး ၅၀၀ကျပ်မှ ၁၀၀၀ကျပ် အတွင်း ပေးချေလိုကြောင်း ဖြေကြားခဲ့ပါသည်။ ဝင်ကြေး ပေးချေ လိုမှုဆန္ဒအပေါ်တွင် လွှမ်းမိုးသည့် အချက်များကို ဖော်ထုတ်ရာတွင် ကျား/မ၊ ပညာ အရည်အချင်းနှင့် အလုပ်အကိုင်အခြေအနေတို့သည် လွှမ်းမိုးမှုရှိသည့် အကြောင်းအရာများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။