သစ်ရူပဆိုင်ရာဂုဏ်သတ္တိများအပေါ်အခြေခံ၍ Acacia mangium Willd. နှင့် Acacia auriculiformis Cunn ex Benth.တို့၏ အသုံးချနိုင်မှုအလားအလာအား စူးစမ်းလေ့လာခြင်း

Publication Type
Primary Document
Document
Summary
ကြီးမြန်သစ်မျိုးစာရင်းဝင် အကေးရှားမန်ဂျီယမ်သစ်မျိုးနှင့် အကေးရှားအော်ရီသစ် မျိုးတို့၏ အသုံးချနိုင်မှုအလားအလာကို ယင်းတို့၏ သစ်ရူပဆိုင်ရာဂုဏ်သတ္တိများအပေါ် အခြေ ခံ၍ လေ့လာဆန်းစစ်နိုင်ရန် လိုအပ်သောသစ်နမူနာများအား မှော်ဘီကြိုးဝိုင်း၊ မှော် ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ သစ်မျိုးတစ်မျိုးလျှင် နှစ်ပင်စီရယူခဲ့ပါသည်။ စမ်းသပ် မှုလုပ်ငန်းစဉ် အားလုံးအား အမေရိကန် စံသတ်မှတ်ချက်များနှင့် အညီ(ASTM D143-94) ဆောင်ရွက်ခဲ့ပါ သည်။ အကေးရှားမန်ဂျီယမ်သစ်မျိုးသည် လေးသောသစ်မျိုးဖြစ်ပြီး အသေး စားဆောက် လုပ်ရေး လုပ်ငန်းနှင့် ပရိဘောဂများထုတ်လုပ်ရန်အတွက် သင့်လျော်ပါသည်။ အကေးရှား အော်ရီသစ်မျိုးသည် လေးသောသစ်မျိုးဖြစ်ပြီး သစ်ဆွဲလဲသစ်မျိုးနှင့်နီးစပ်ကာ အလယ်အလတ် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုသင့်ပြီး အဆောက်အအုံများ၏ ယက်မနှင့် တိုင်တို့အတွက် ပို၍သင့်လျော်ပါသည်။ သုတေသနရလဒ်များအရ အကေးရှား အော်ရီသစ်မျိုး၏ ရေချိန် သိပ်သည်းဆသည် အကေးရှားမန်ဂျီယမ်သစ် မျိုး၏ရေချိန်သိပ် သည်းဆထက် ပိုမိုကြောင်း တွေ့ရှိရပါသည်။