Publication Type
Primary Document
Document
Dr.Zar Chi Hlaing-1.pdf
(1.45 MB)
Summary
ယခုတင်ပြထားမှုများသည် ကနဉီးလေ့လာမှုများသာဖြစ်ပါ၍ ဤသုတေသနစာတမ်း အတွက် လေ့လာထားရှိသည့် သက်ကြီးစိုက်ခင်းများ၌ ဆောင်ရွက်ထားရှိသော စိုက်ပျိုးပြုစု နည်းလမ်းများ၏ အကျိုးသက်ရောက်မှုများကို ဆန်းစစ်လေ့လာမှုများပြုလုပ်ပြီး ဆက်လက် တင်ပြ သွားမည်ဖြစ်ပါသည်။ သစ်တောစိုက်ခင်းများအား ရေရှည်တည်တံ့စွာ စဉ်ဆက်မပြတ် စီမံ အုပ်ချုပ် မှုအတွက် ထိရောက် မှန်ကန်သည့် စီမံအုပ်ချုပ်မှုများဆောင်ရွက်နိုင်ရန် သင့်လျော်သည့် နည်းလမ်း များအား ဖော်ထုတ်ရန် လိုအပ်လျက်ရှိပါသည်။ သက်တမ်းငယ်သည့် စိုက်ခင်းများတွင် သစ်တော စိုက်ခင်းပြုစု ထိန်းသိမ်း နည်းများရှိသော်လည်း သဘာဝတော များကဲ့သို့ဖြစ်နေသည့် သက်ကြီး စိုက်ခင်းများအတွက် စိုက်ခင်း စီမံအုပ်ချုပ်ရေးအစီအစဉ်များ လိုအပ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ သဘာဝတောများအား စီမံအုပ်ချုပ်မှု အစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် သကဲ့သို့ သစ်တောစိုက်ခင်းများကိုလည်း စီမံအုပ်ချုပ်မှု အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရာတွင် အထောက်အကူပြုသည့် သတင်းအချက်များ ပေးနိုင်ရန်အတွက် သက်ကြီးစိုက်ခင်းများတွင် သဘာဝအတိုင်း ဝင်ရောက် ပေါက်ရောက်လျက်ရှိသည့် သစ်မျိုးများနှင့် ပါဝင်ဖွဲ့စည်းပုံတို့ကို စိုက်ခင်းသက်တမ်း (၅၅)နှစ် ကျွန်းစိုက်ခင်း၊ (၆၄)နှစ် ပျဉ်းကတိုး စိုက်ခင်းနှင့် (၂၅) နှစ် သစ်မျိုး စုံစိုက်ခင်းတို့တွင် လေ့လာခဲ့ခြင်း ဖြစ်ပါသည်။ သက်ကြီး စိုက်ခင်းများတွင် သဘာဝ အတိုင်း ဝင်ရောက်ပေါက်ရောက်လျက်ရှိသည့် သစ်မျိုးများနှင့် ၎င်းတို့၏ဖွဲ့စည်းပုံ တို့သည် စိုက်ခင်း၏ မူလရည်ရွယ်ချက်၊ သစ်မျိုး၊ တည်နေရာနှင့် ရာသီဥတုတို့အပေါ်တွင် များစွာ မူတည်နေသော ကြောင့် ဤကဲ့သို့သောသုတေသနများအား စိုက်ခင်းတည်နေရာ၊ ရာသီဥတုနှင့် သစ်မျိုးအလိုက် ထပ်မံဆောင်ရွက်ရန် လိုအပ်နေပါသည်။