တမလန်းစိုက်ခင်းတွင် ကျရောက်သော အဓိကအင်းဆက်ဖျက်ပိုးများအပေါ် အော်ဂဲနစ် ပိုးသတ်ဆေး Panchagavya ၏ သက်ရောက်မှုကိုလေ့လာခြင်း

Publication Type
Primary Document
Document
Summary
တမလန်းစိုက်ခင်းတွင် ကျရောက်သော အင်းဆက်ဖျက်ပိုးများအပေါ် အော်ဂဲနစ်ပိုးသတ် ဆေး Panchagavya နှင့် တမာပိုးသတ်ဆေးတို့၏ သက်ရောက်မှုလေ့လာခြင်းကို စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့နယ်၊ အောင်ပုံကြိုးပြင်တော တမလန်းစိုက်ကွက်တွင် ၂၀၁၈ ခုနှစ် မှ ၂၀၁၉ ခုနှစ် မိုးရာသီတွင် ဆောင်ရွက်ခဲ့ပါသည်။ စမ်းသပ်ခြင်းလုပ်ငန်းတွင် စိုက်ခင်း၌ အကွက်ကြီး(၃) ကွက်၊ တစ်ကွက်စီတွင် အကွက်ငယ် (၅) ကွက်ပါဝင်ပြီး အကွက်ငယ်တစ်ကွက်တွင် နမူနာအပင် (၁၅) ပင် ပါရှိသည်။ စမ်းသပ်ကွက်များကို (က) ၅% Panchagavya (ခ) ၇% Panchagavya (ဂ) ၁% Azadirachtin (ဃ) ၁% Azadirachtin +၅% Panchagavya (င) Control ဟူ၍ သတ်မှတ်ပါ သည်။ ဖျက်ပိုးတစ်မျိုးစီပေါ်တွင် Treatments များ၏ သက်ရောက်မှု ရလဒ်များကို ဆွေးနွေး တင်ပြထားပါသည်။ Treatment အားလုံးသည် Bradina sp. (Lepidoptera) ဖျက်ပိုး အပေါ်တွင် ထိရောက်မှုရှိသည်ကို တွေ့ရှိရသော်လည်း Myllocerus discolor, M. viridanus and Polydrusus cervinus နှင့် Chrysomela auratus ဖျက်ပိုးတို့အပေါ်တွင်မူ ၁% Azadirachtin သုံးစွဲခြင်းသည် ထိရောက်မှုမရှိခြင်းနှင့် စာရင်းစစ်တမ်းတွင် ၁% Azadirachtin နှင့် Control သည်လည်း ကွာခြားမှုမရှိသည်ကို တွေ့ရသည်။ သုတေသနရလဒ်အရ ၅% Panchagavya ၊ ၇% Panchagavya နှင့် ၁% Azadirachtin + ၅% Panchagavya treatment များ၏ ရလဒ်များမှာ Statistic အရ ထင်ရှားသည့် ကွဲလွဲချက်မရှိသည်ကို တွေ့ရှိရပါသည်။