ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန

Forest Department

ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန

Central forestry training and education center information.

နောက်ခံသမိုင်းအကျဉ်း

          သစ်တောသယံဇာတအရင်းအမြစ်များအား ရေရှည်တည်တံ့အောင် ပြုစုထိန်းသိမ်းပြီး စနစ်တကျစီမံအုပ်ချုပ် ထုတ်ယူသုံးစွဲရန်အတွက် သစ်တောဝန်ထမ်းများ၊ ကျေးလက်ပြည်သူများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအား သစ်တောကာကွယ်ထိန်းသိမ်းရေး၊ သစ်တောစိုက်ပျိုးပြုစုရေးနှင့် လူမှုသစ်တောလုပ်ငန်းနှင့်ပတ်သက်သည့် ကာလတိုလုပ်ငန်းခွင်ပညာပေးသင်တန်းများဖွင့် လှစ်ပို့ချနိုင်ရေးအတွက် ဂျပန်နိုင်ငံအစိုးရအကူအညီဖြင့် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန (Central Forestry Development Training Center-CFDTC) အား ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့တွင် ၁၉၈၈ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ရာ၊ ၁၉၉၀ခုနှစ်၊ မတ်လတွင် တည်ဆောက်ရေးပြီးစီး၍ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ မေလမှစတင်၍ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင်ကျေးလက်ပြည်သူများနှင့် သစ်တောဝန်ထမ်းများအား လူမှုသစ်တောပညာရပ်ဆိုင်ရာ သင်တန်းများ ပို့ချနိုင်ရန်အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ အကူအညီဖြင့် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊ သင်တန်းကျောင်းခွဲ (CFDTC, Sub Center) အား၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင်တည်​ဆောက်ခဲ့ရာ၊ ၂၀၀၃ခုနှစ် မေလတွင် ပြီးစီး၍ ၂၀၀၄ခုနှစ်မှ စတင်ပြီး သင်တန်းများ ဖွင့်လှစ် ပို့ချလျက်ရှိပါသည်။

လက်ရှိဆရာအင်အား

ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာရေးဌာနတွင် ဒုတိယညွှန်ကြားရေးမှူး(၁)ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၂) ဦး၊ ဦးစီးအရာရှိ (၄) ဦး၊ စုစုပေါင်း (၇) ဦးဖြင့် သင်ကြားပို့ချပေးလျက်ရှိပါသည်။