Forest Department
CF
Community forestry overview resources and supporting references.
Submitted by News Editor on Mon, 2025-03-24 15:45
၁၉၉၅ ခုနှစ်မှ လက်ရှိအချိန်အထိ အသုံးပြုသူအဖွဲ့ဝင်ဦးရေ (၁၉၃,၉၀၅) ဦး ပါဝင်သော အသုံးပြုသူအဖွဲ့ (၇,၈၀၁) ဖွဲ့သို့ ဧရိယာစုစုပေါင်း (၁,၁၁၂,၃၇၁.၅၀) ဧကကို ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော ဆောင်ရွက်ခွင့်လက်မှတ်များ ထုတ်ပေးထားရှိပြီး အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်းပါ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ရည်မှန်းချက် ဧရိယာ ဧက (၂.၂၇) သန်း၏ (၄၉%) အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။
Submitted by News Editor on Mon, 2025-03-24 15:44
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် ဒေသခံ တို့၏ ဘဝမြှင့်တင်ပေးနိုင်ရန်နှင့် ရေရှည်တည်တံ့၍ ဆီလျော်မှန်ကန်သည့် ဒေသခံပြည်သူ အခြေပြုသည့် သစ်တောစီမံအုပ်ချုပ်မှုနှင့် သစ်တောဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူ ပြုနိုင်ရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
Submitted by extension on Fri, 2021-02-26 15:11
ဒေသခံပြည်သူများ၏ စိဝင်စားမှုအပေါ် မူတည်၍ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်း ဆောင်ရွက်ခွင့် လျှောက်ထားနိုင်ရေးအတွက် သစ်တောဦးစီးဌာန အောက်ဖော်ပြပါ လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် ကွင်းဆင်း စစ်ဆေး စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်-
လုပ်ငန်းစဉ်(၁) တည်ထောင်ခြင်းလုပ်ငန်း ကြီးကြပ်ဆောင်ရွက်ရန် မြို့နယ်အဆင့်၌ဝန်ထမ်းများကို တာဝန်ပေးခြင်း
လုပ်ငန်းစဉ် (၂) ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းဆိုင်ရာသတင်း အချက်အလက်များ မျှဝေခြင်း
လုပ်ငန်းစဉ် (၃) ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အသုံးပြုသူများ အဖွဲ့ ဖွဲ့စည်းခြင်း
Submitted by extension on Wed, 2018-08-29 17:27
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက်ခြင်းအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် သစ်တောဦးစီးဌာန၊ အခြားသောဆက်စပ်ဌာနများ၊ ပြည်တွင်းပြည်ပမှ NGO များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ (CSO) ပူးပေါင်းပါဝင်၍ အမျိုးသားအဆင့် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Community Forestry National Working Group- CFNWG) ပေါ်ပေါက် ဖွဲ့စည်းနိုင်ရေးကို ၂၀၁၂ခုနှစ်မှ စတင် ဆွေးနွေးခဲ့ပြီး CFNWG လုပ်ငန်းအဖွဲ့ကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ဖွဲ့စည်း နိုင်ခဲ့ပါသည်။ အမျိုးသားအဆင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအဖွဲ့ (CFNWG) စတင်ဖွဲ့စည်းသည်မှ ယခုအချိန်အထိ (၃)လတစ်ကြိမ် အစည်းအဝေးများ ကျင်းပဆောင်ရွက် လျက်ရှိပါသည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ မူဝါဒ၊ နည်းဥပဒေ ပြင်ဆင်နိုင်ရေးဆွေးနွေးခြင်းနှင့် အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခွင့်လက်မှတ် မြန်ဆန်စွာ ရရှိစေခြင်း၊ တိုးချဲ့ပညာပေးခြင်းနှင့် သတင်းအချက်အလက်ဖြန့်ဝေခြင်း အစီအစဉ်၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောမှ ထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများ တန်ဘိုးမြှင့် ထုတ်လုပ်ခြင်းနှင့် စျေးကွက်ရှာဖွေခြင်း၊ ရန်ပုံငွေရှာဖွေခြင်း၊ ရန်ပုံငွေစီမံခန့်ခွဲခြင်းနှင့် သုံးစွဲငွေများစစ်ဆေးခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွကလျက်ရှိပါသည်။ အမျိုးသားအဆင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအဖွဲ့ (CFNWG)ကို သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)က ဥက္ကဌအဖြစ် ဆောင်ရွက် လျက်ရှိပြီး အဖွဲ့ဝင် စုစုပေါင်း(၂၅)ဦးတွင် သစ်တောဦးစီးဌာနမှ (၈)ဦး၊ ဆက်စပ် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ (၉)ဦး၊ CSO/ NGO/ INGOs များမှ (၈)ဦး တို့ ပါဝင်ပါသည်။ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်ဆန်လွယ်ကူစေရေးအတွက် CFNWG အားပံ့ပိုးရန်နှင့် ချိတ်ဆက်ဆောင်ရွက်ရန် သစ်တောဦးစီးရုံးချုပ်တွင် CF Unit အဖွဲ့ ဖွဲ့စည်းခြင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် (၁၅)ဖွဲ့၊ ခရိုင် အဆင့်များတွင် CF Unit အဖွဲ့ (၇၀)ဖွဲ့ကို သစ်တောဝန်ထမ်းဦးရေ (၁၂၀၀)ကျော်ဖြင့် ဖွဲ့စည်းတာဝန်ပေးထားရှိပါသည်။
Submitted by extension on Wed, 2018-08-29 16:56
ကျေးလက်ပြည်သူများ၏ စားဝတ်နေရေးဆိုင်ရာသစ်တောထွက်ပစ္စည်း လိုအပ်ချက် များကို ဖြည့်ဆည်းရာတွင် အထောက်အပံ့ပြုရန်နှင့် သဘာဝပတ်ဝန်းကျင်တည်ငြိမ်မှုကို ပြန်လည် ရရှိစေရန်ဟူသော ရည်မှန်းချက်များဖြင့် ၂၀၁၉ခုနှစ် မေလ (၈) ရက်နေ့တွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်(အသစ်)ကို ထုတ်ပြန် ခဲ့ပြီး ဖြစ်ပါသည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်
(က) ဒေသခံပြည်သူများအတွက် သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း အစ ရှိသည့် သစ်တောနှင့် သစ်ပင်ဆိုင်ရာ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန်၊
( ခ) ဒေသခံပြည်သူများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများရရှိပြီး ဆင်းရဲနွမ်းပါးမှု လျော့နည်းစေရန်၊
( ဂ) သစ်တောဖုံးလွှမ်းသည့်ဧရိယာ ဖွံ့ဖြိုးတိုးတက်လာပြီး ရေရှည်တည်တံ့ စေရန် နှင့် စဉ်ဆက် မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်၊
(ဃ) ပြည်သူများပူးပေါင်းပါဝင်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ်ကို မြှင့်တင်ရန်၊
( င) သစ်တောပြုန်းတီးခြင်းနှင့်အရည်အသွေးကျဆင်းခြင်းတို့ကို ကာကွယ် ထိန်း သိမ်းခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေး အထောက် အကူဖြစ်စေနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု များ တိုးပွား လာစေရန်။