သစ်တောသမိုင်း

Forest Department

သစ်တောသမိုင်း

Forest Department historical background and development.

နိုင်ငံတော်၏ သစ်တောများကို စနစ်တကျ စီမံခန့်ခွဲ အုပ် ချုပ်ရန်အတွက် သစ်တောဌာနကို ၁၈၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထိုစဉ်က သစ်တောဌာန၏ တာဝန်ဝတ္တရားများမှာ သဘာဝသစ်တောကြီးများအား ပြုစုထိန်းသိမ်းခြင်းနှင့် အဖိုး တန် ကျွန်းနှင့် သစ်မာများကို စနစ်တကျထုတ်ယူသုံးစွဲရေးအတွက် စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း များသာ ဖြစ်ပါသည်။ ၁၉၇၂ ခုနှစ်တွင် အုပ်ချုပ်ရေးစနစ်သစ်အရ သစ်တောဌာနကို သစ်တောဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပြီး သမားရိုးကျလုပ်ငန်းများဖြစ်သော သဘာဝတောများ ပြုစုထိန်းသိမ်းခြင်း၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများကို စနစ်တကျထုတ်လုပ်ခြင်းများအပြင် သစ်တောစိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများကိုပါ တိုးချဲ့တာဝန်ယူ ဆောင်ရွက်ခဲ့ရပါသည်။ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတွင် စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ခဲ့သည့်အပြင် စီမံကိန်းလုပ်ငန်းအသစ်များကိုလည်း တိုးချဲ့တာဝန်ယူ ဆောင်ရွက်ခဲ့ရပါသည်။ ပိုမိုတိုးတက်များပြားလာသည့် လုပ်ငန်းတာဝန်များကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် နိုင်ငံတော် အစိုးရက လက်ခံကျင့်သုံးလျက်ရှိသော ဈေးကွက်စီးပွားရေးမူဝါဒအရ သစ်အခြေခံသည့် ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်များပြားလာခြင်း၊ တိုးတက် များပြားလာသည့် လူဦးရေနှင့်အညီ သစ်တောထွက်ပစ္စည်းလိုအပ်ချက် များပြားလာခြင်း၊ ကမ္ဘာ့ဈေးကွက်တွင် သစ်ဝယ်ယူအား ကောင်းလာသည့်အတွက် သစ်ဈေးနှုန်းများ တစ်ရှိန်ထိုး တိုးတက်လာမှုကြောင့် နည်းမျိုးစုံဖြင့် သစ်ခိုးမှုများ တိုးတက်များပြားလာခြင်း၊ သဘာဝတောများ ပျက်စီးလာမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေဝေရေလဲဒေသများ ထိခိုက် ပျက်စီးလာခြင်း၊ သစ်တောကဏ္ဍ၏ အရေးပါမှုကို ပြည်သူလူထုသဘောပေါက်နားလည်မှု နည်းပါးသည့်အတွက် သစ်တောများကို စည်းကမ်းမဲ့စွာ ခုတ်ယူသုံးစွဲနေကြခြင်း၊ နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲခဲ့သော အုပ်ချုပ်ရေးစနစ်အရ ခရိုင်များ ဖွဲ့စည်းခဲ့သော်လည်း သစ်တောဦးစီးဌာန၏ ဖွဲ့စည်းပုံတွင် ခရိုင်များ ဖွဲ့စည်းထားခြင်း မရှိသောကြောင့် ထိရောက်စွာ အုပ်ချုပ်နိုင်မှု မရှိခြင်း၊ သစ်တောသုတေသနဌာန လေ့လာတွေ့ရှိချက်များကို ပြည်သူလူထုအတွင်း လက်တွေ့အသုံးချနိုင်ရန် ဖော်ဆောင်ပေးမှု အားနည်းခြင်း၊ သစ်တောပညာဌာနကို သစ်တောတက္ကသိုလ်အဖြစ် ၁၉၉၂ ခုနှစ်တွင် တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအောက်တွင် သွတ်သွင်းခဲ့သဖြင့် သစ်တောတက္ကသိုလ်၏ အုပ်ချုပ်မှုနှင့် ပညာသင်ကြားမှုအပိုင်းတွင် သစ်တောဦးစီးဌာနမှ ပံ့ပိုးပေးရန် လိုအပ်လာခြင်းတို့ကြောင့် စီမံခန့်ခွဲရေးဌာန၊ စီမံကိန်းနှင့် စာရင်းအင်းဌာန၊ သဘာဝတောနှင့် စိုက်ခင်းလုပ်ငန်းဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ပြည်နယ်နှင့် တိုင်းသစ်တောဦးစီးဌာနများအပြင် စစ်ဆေးရေးဌာန၊ တိုးချဲ့ပညာပေးရေးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနတို့ဖြင့် သစ်တောဦးစီးဌာန၏ ဖွဲ့စည်းပုံကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ခရိုင်အဆင့်ရုံးများကိုလည်း တိုးချဲ့ ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၆ ခုနှစ်တွင် တိရစ္ဆာန်ဥယျာဉ်များဌာနအား ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် သစ်တောဦးစီးဌာနအား ဦးစီးရုံးချုပ်ရှိဌာနများ အပါအဝင် တိုင်းနှင့် ပြည်နယ်ရုံး ၁၄ ရုံး၊ ခရိုင်ရုံး ၄၇ ရုံး ပါဝင်သော ဖွဲ့စည်းပုံအသစ်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

It appears your Web browser is not configured to display PDF files. Download adobe Acrobat or click here to download the PDF file.

Click here to download the PDF file.