Forest Department
Publications
Research publications, journals, laws, tenders, and downloadable records.
Summary
Eutrophication သည် ရေချိုနှင့် ပင်လယ်ကမ်းရိုးတန်း ဂေဟစနစ်များအတွက် အဓိကရေ အရည် အသွေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပါသည်။ Riparian buffer strips (ကြားခံနယ် သစ်တော)သည် Agricultural Nonpoint source pollution(စိုက်ပျိုးရေးစွန့်ပစ် အညစ်အကြေးများ)ကို လျှော့ချရာတွင် runoff မှ pollutants (နုန်းအနည်အနှစ်၊ အာဟာရဓါတ်များနှင့် ပိုးသတ် ဆေး စသည်) ကို သစ်တော နယ်နမိတ်အစ၌ စစ်ထုတ်ခြင်း၊ စုပ်ယူခြင်းနှင့် တားဆီးခြင်းတို့ ဖြင့် ဖယ်ရှားရာ တွင် အကျိုးထိရောက်မှုရှိပါသည်။ ထို့ကြောင့် Eutrophication ဖြစ်ပွားနေသော အနီးဝန်းကျင်တွင် Riparian buffers များ တည်ထောင်ရန် လိုအပ်ပြီး ထိုနေရာဒေသနှင့် သင့်တော်ပြီး အကျိုးထိရောက်မည့် buffer width (ကြားခံအကျယ်)ကို သုတေသနပြု လေ့လာရန်မှာ လွန်စွာအရေးကြီးလှပါသည်။ သုတေသန တွေ့ရှိ ချက်များအရ Buffer strips၏ buffer width သည် နိုက်ထရိုဂျင်နှင့် ဖော့ဖရပ် levelsကို သိသာ ထင်ရှားစွာ လျော့နည်းစေကြောင်း တွေ့ရှိရပါသည်။ Riparian buffer strips width အကျယ် တိုးလာ သည်နှင့်အမျှ ဖော့ဖရပ်ဖယ်ရှားနိုင်မှု ပမာဏမှာ buffer strips အစအကျယ်တွင် တိုးမြှင့်လာပြီး နောက်ပိုင်း အကျယ်တွင် လျော့ကျသွားပါ သည်။ ၃၀မီတာအကျယ်widthရှိသော buffer strip သည် total dissolved phosphorus ၈၈%ကို တားဆီးစုပ်ယူပေးပြီး၊ total dissolved phosphorus အများဆုံးပါဝင်မှုပမာဏကို ၅မီတာ အကျယ် (၂.၇၅မီလီဂရမ်/ လီတာ)တွင် တွေ့ရှိရပါသည်။ Total phosphorus အမြင့်ဆုံးစုပ်ယူနိုင်စွမ်းကို ၅မီတာအကျယ် (၈၁%) ၌ တွေ့ရှိရပြီး ၄၀မီတာအကျယ် (၅.၉ မီလီဂရမ်/ လီတာ)သည် total phosphorus ပါဝင်မှုပမာဏ အများဆုံးကို ဖယ်ရှားပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ Total nitrogen လျှော့ချနိုင်ရန်အတွက် အမြင့်ဆုံးဖယ်ရှား မှုကို ၁၅မီတာအကျယ် (၅၉%) ၌ တွေ့ရှိရပြီး total nitrogen ပါဝင်မှုပမာဏ အမြင့်ဆုံးကို ၄၀မီတာ အကျယ် (၁၉မီလီဂရမ်/ လီတာ)၌ စုပ်ယူနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ၃၀မီတာအကျယ် (၈၅% နှင့် ၁.၅၄မီလီဂရမ်/ လီတာ)သည် ammonium nitrogen ဖယ်ရှားနိုင်စွမ်းနှင့် ပါဝင်မှုပမာဏ အမြင့်ဆုံးကို တားဆီး စုပ်ယူ ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ နိုက်ထရိုဂျင်နှင့် ဖော့ဖရပ် ဖယ်ရှားမှု နှုန်းများနှင့် မတူညီသော stand densitiesများအကြား သိသာထင်ရှားစွာ ခြားနားမှု မရှိကြောင်း တွေ့ရှိရပါသည်။
Primary Document
Khant Ko Hlaing.pdf
Summary
မြန်မာနိုင်ငံသည် စွမ်းအင်အရင်းအမြစ်များ ပေါကြွယ်ဝသော်လည်း လျှပ်စစ်မီး မကြာ ခဏပြတ်တောက်ခြင်းကြုံတွေ့ရလျက်ရှိသည့်လျှပ်စစ်စွမ်းအင် အလွန်အမင်းလိုအပ်နေသော တိုင်းပြည်ဖြစ်ပါသည်။ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး မီးလင်းရေးနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုများ၏ အကျိုးဆက်များအနေဖြင့် လျှပ်စစ်စွမ်းအင် ပိုမိုလိုအပ်လာမည် ဖြစ်ပြီး အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ရန် အထူး လိုအပ် လျက်ရှိပါသည်။ လျှပ်စစ်စွမ်းအင် အရင်းအမြစ်အသီးသီးသည် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်း ကျင်နှင့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအမျိုးမျိုး ရှိရာဆုံးဖြတ်ချက် ချမှတ်သူများအနေဖြင့် ရှုထောင့်စုံမှသုံးသပ်၍ဆုံးဖြတ်ချက် ချမှတ်ရန် လိုအပ်လာပါသည်။ ဤသုတေသန စာတမ်း သည် ကျောက် မီးသွေး၊ သဘာဝဓာတ်ငွေ့၊ နေရောင်ခြည်၊ လေစွမ်းအင်နှင့် ရေ အား တို့အား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ရန် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်း ကျင်နှင့် နည်းပညာဆိုင်ရာ ရှုထောင့်များမှ လေ့လာသုံးသပ်ထားပါသည်။ သက်ဆိုင်ရာနယ်ပယ် အသီးသီး မှကျွမ်းကျင်သူ(၃၀)ဦးထံ မေးခွန်းလွှာများပေးပို့၍ သုံးသပ်စေခဲ့ပါသည်။ မြန်မာ နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် သဘာဝဓာတ်ငွေ့၊ ကျောက် မီးသွေး၊ ရေအား၊ နေရောင်ခြည်နှင့် လေစွမ်းအင်တို့အား အသုံးပြုသင့်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ရှုထောင့် (စံ)ပြောင်းလဲနိုင်ခြေပေါ် မူတည်၍ ရလဒ်ပြောင်းလဲ နိုင်စွမ်းရှိမှုကိုလေ့လာရာတွင် လည်း သဘာဝဓာတ်ငွေ့သည် ထိပ်ဆုံးမှ အသုံးပြုသင့်ကြောင်း လေ့လာတွေ့ရှိရပါ သည်။
Primary Document
U Khin Mg Zaw.pdf
Summary
ရာသီဉတုပြောင်းလဲမှုကြောင့် လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ကမ္ဘာ့အပူ ချိန်သည် သိသာမြင့်တက်လာလျက်ရှိပါသည်။ ၂၀ရာစု၏အလယ်ခန့်မှစတင်၍ သဘာဝစနစ် များအပေါ် ရာသီဉတုပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက်မှုများသည် ပိုမိုသိသာထင်ရှား လာ ခဲ့သည်။ ၎င်းသက်ရောက်မှုများအနက် ရေသယံဇာတအပေါ် သက်ရောက်မှုသည် အဓိက ကဏ္ဍမှ ပါဝင်လာခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရာသီဉတု ပြောင်းလဲမှုများ ကြောင့် ရေပြတ်လပ်ရှားပါးမှုများ ပိုမိုကြုံတွေ့လာရသည်။
Primary Document
Khin Mg Soe.pdf
Summary
စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ဖွံ့ဖြိုးရေးစီမံကိန်းများ၏ ဆိုးကျိုး သက်ရောက်မှုများအား ဒေသခံများ ခံစားရသည့်အတွက် စီမံကိန်းများခွင့်ပြုရာတွင် ဒေသ ခံပြည်သူ များ၏ သဘောထားများအား ထည့်သွင်းစဉ်းစားဆုံးဖြတ်ကြရန် တောင်းဆိုလာကြပါ သည်။ ပြည်သူလူထုပူးပေါင်းပါဝင်ခြင်းဆိုသည်မှာ အဆိုပါ စီမံကိန်းနှင့်စပ်လျဉ်း၍ စဉ်းစားခြင်း၊ စီမံကိန်းများရေးဆွဲခြင်း၊ ဆုံးဖြတ်ချက်ချခြင်းနှင့် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များ တွင် ဖွံဖြိုးရေးလုပ်ငန်းဆောင်ရွက်ခြင်းကြောင့် သက်ရောက်မှုရှိနိုင်သော ဆက်စပ်ပတ်သက် သူများအားလုံးအား ညှိုနှိုင်းဆောင်ရွက်သော ဒီမိုကရေစီလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ပြည်သူ လူထု ပူးပေါင်းပါဝင်ခြင်းသည် ပတ်ဝန်း ကျင်ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment-EIA) ဆောင်ရွက်ရာတွင် အဓိကကျသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းအား မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် တွင်ပြဌာန်းခဲ့ပါသည်။ ဤစာတမ်းငယ်သည် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းသည် ထိရောက်သော ပြည်သူလူထုပူးပေါင်းပါဝင်ခြင်းအား ခွင့်ပြု/မပြုအား သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းနှစ်ခုအား နှိုင်းယှဉ်လေ့လာတင်ပြထားခြင်းဖြစ်ပါသည်။ သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်း(က)သည် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းမပြဌာန်းမီ (၂၀၁၃)ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့ပြီး သီလဝါ အထူးစီးပွား ရေးဇုန်စီမံကိန်း (ခ)သည် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံး လုပ်နည်းပြ ဌာန်းပြီး (၂၀၁၆)ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ စီမံကိန်း နှစ်ခု စလုံးအတွက် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့သော ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံး လုပ်နည်း သည် ပြည်သူလူထုပူးပေါင်းပါဝင်ခြင်းအား မည်သည့်အချက်များက လွှမ်းမိုးသည်၊ မည်မျှ ခွင့် ပြုသည်ကို Arnstein’s Model အားအသုံးပြု၍ လေ့လာဆန်းစစ်တင်ပြထားပါသည်။ ရလဒ် များ အရပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ထုံးလုပ်နည်းသည် ပြည်သူလူထု ပူးပေါင်း ပါဝင် ခြင်းအားခွင့်ပြုထားကြောင်းတွေ့ရှိရပါသည်။ သို့သော်ဒေသခံများအား သတင်းအချက် အလက် များအသိပေးခြင်းအဆင့်သာရှိပြီး Arnstein’s Model အရ Tokenistic Participation အဆင့် သာဖြစ်ပါသည်။ ဒေသခံပြည်သူများအနေဖြင့် စီမံကိန်းဆုံးဖြတ်ချက်ချခြင်းနှင့်စောင့် ကြပ်ကြည့် ရှုခြင်း လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ခွင့် မရရှိကြကြောင်း တွေ့ရှိရသည်။ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းစဉ်တွင် ပြည်သူလူထုပူးပေါင်း ပါဝင်လာစေရေး အတွက် ပြည်သူ လူထုအား အသိပေးဆွေးနွေးခြင်းအစည်းအဝေးများတွင်ဒေသခံများ နားလည် သော ဘာသာ စကားအသုံးပြုခြင်း၊ အပြန်အလှန်ဆွေးနွေးခွင့်ပေးခြင်း၊ ဖိတ်ကြားသည့်အချိန်၊ အစည်း အဝေး ပြုလုပ်သည့်နေရာနှင့် အချိန်၊ ရှင်းလင်းပြည့်စုံသော အချက်အလက်များနှင့် မြေပုံ ကားချပ်များ ဖြင့် အသိပေးဆွေးနွေးတင်ပြခြင်းများသည် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှု အပေါ် သက်ရောက်မှုရှိကြောင်းတွေ့ရှိရပါသည်။ မြေယာပြဿနာများမှာ အလွန်ရှုပ်ထွေးပြီး ပတ်ဝန်း ကျင် ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် ပြေလည်မှုမရနိုင်ကြောင်း တွေ့ရပါ သည်။ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ထိရောက်သော ပြည်သူ လူထုပူးပေါင်းပါဝင်မှု ရရှိစေရန်အတွက် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရေးနှင့် ပက်သက်သော သင့်တော်သော လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဌာန်းသင့်ပါကြောင်း အကြံပြု အပ်ပါသည်။
Primary Document
Aung Naing Soe.pdf
Summary
ဤသုတေသနစာတမ်းတွင် ပဲ့ပြားသစ်၏ ရူပဆိုင်ရာဂုဏ်သတ္တိများ၊ ကြာရှည်ခံမှု၊ အခြောက် ခံမှု ဆိုင်ရာလက္ခဏာများနှင့် အဆိုပြုပေါင်းခံဇယားတို့ကို စမ်းသပ်ဖော်ထုတ်ထားပါသည်။ ပဲ့ပြား သစ်သည် ရေချိန်သိပ်သည်းဆ ၀.၆၃၃ ရှိသဖြင့် လေးသောသစ် ဖြစ်ပါသည်။ ယင်းသစ်၏ အစိုဓာတ် ပါဝင်မှုမှာ ၇၄.၀၅ % ဖြစ်ပါသည်။ အစိုအခြေအနေမှ ပေါင်းခံအခြောက်အခြေအနေ အထိ အခြောက် ခံရာတွင် ပျမ်းမျှအားဖြင့် နှစ်ကွင်းနှင့်ထောင့်မတ်ကျ ကျုံ့မှုသည် ၄.၆၄%၊ နှစ်ကွင်းနှင့် အပြိုင်ကျုံ့မှု သည် ၉.၉၃ % နှင့် သစ်ကြောအလိုက်ကျုံ့မှုသည် ၀.၁၇%ဖြစ်သဖြင့် ကျုံ့မှုတန်ဖိုးမြင့်မားပါ သည်။ ပဲ့ပြားသစ်သည်ကျုံ့ကြွမှုများပြီး ပုံသဏ္ဍာန်တည်မြဲမှုတန်ဖိုးမှာ ၂ ထက်ကြီးသဖြင့် အရည် အသွေးမြင့် ပရိဘောဂများ ပြုလုပ်ရာတွင် အသုံးပြုရန် မသင့်ပေ။ ပဲ့ပြားသစ်၏ အမြင့်ဆုံး ရေစုပ်ယူမှုမှာ ၅၈၂ . ၃၇ kgm-3 ဖြစ်ပြီး ကုက္ကို၊ ပျဉ်းမ၊ တောသရက်နှင့် တောင်သရက်တို့ ထက်နည်းကြောင်း တွေ့ရှိရပါ သည်။ ကြာရှည်ခံနိုင်မှု စမ်းသပ်ချက်များအရ ပဲ့ပြားသစ်သည် အသင့်အတင့် ကြာရှည် ခံသော သစ်မျိုးဖြစ်ပြီး ခြစားမှုကိုခံနိုင် ကြောင်း တွေ့ရှိရပါသည်။ အခြောက်ခံမှုဆိုင်ရာ သွင်ပြင် လက္ခဏာ များတွင် မျက်နှာပြင်နှင့် ထိပ်အက်ကွဲမှုများသည် အတော်အတန်ဖြစ်ပေါ်ပြီး အတွင်း ပိုင်းအက်ကွဲမှု များနှင့် ပုံပျက်မှုများ အနည်းငယ် ဖြစ်ပေါ်သည်ကို တွေ့ရှိရပါသည်။ ဤ အပြစ်အနာအဆာများအရ ပဲ့ပြားသစ်သည် ပေါင်းဖိုဖြင့် အခြောက်ခံရာတွင် အတော်အတန် ခက်ခဲ သော သစ်မျိုးဖြစ်ပြီး ၂၅ မီလီမီတာထုသစ်များအား အပူချိန် ၅၅ ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းဆ ၈၁ ရာခိုင်နှုန်းဖြင့် စတင် အခြောက် ခံသင့်ပါသည်။
Primary Document
Dr. Cho Cho Myint.pdf
Summary
ကြီးမြန်သစ်မျိုးစာရင်းဝင် အကေးရှားမန်ဂျီယမ်သစ်မျိုးနှင့် အကေးရှားအော်ရီသစ် မျိုးတို့၏ အသုံးချနိုင်မှုအလားအလာကို ယင်းတို့၏ သစ်ရူပဆိုင်ရာဂုဏ်သတ္တိများအပေါ် အခြေ ခံ၍ လေ့လာဆန်းစစ်နိုင်ရန် လိုအပ်သောသစ်နမူနာများအား မှော်ဘီကြိုးဝိုင်း၊ မှော် ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ သစ်မျိုးတစ်မျိုးလျှင် နှစ်ပင်စီရယူခဲ့ပါသည်။ စမ်းသပ် မှုလုပ်ငန်းစဉ် အားလုံးအား အမေရိကန် စံသတ်မှတ်ချက်များနှင့် အညီ(ASTM D143-94) ဆောင်ရွက်ခဲ့ပါ သည်။ အကေးရှားမန်ဂျီယမ်သစ်မျိုးသည် လေးသောသစ်မျိုးဖြစ်ပြီး အသေး စားဆောက် လုပ်ရေး လုပ်ငန်းနှင့် ပရိဘောဂများထုတ်လုပ်ရန်အတွက် သင့်လျော်ပါသည်။ အကေးရှား အော်ရီသစ်မျိုးသည် လေးသောသစ်မျိုးဖြစ်ပြီး သစ်ဆွဲလဲသစ်မျိုးနှင့်နီးစပ်ကာ အလယ်အလတ် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုသင့်ပြီး အဆောက်အအုံများ၏ ယက်မနှင့် တိုင်တို့အတွက် ပို၍သင့်လျော်ပါသည်။ သုတေသနရလဒ်များအရ အကေးရှား အော်ရီသစ်မျိုး၏ ရေချိန် သိပ်သည်းဆသည် အကေးရှားမန်ဂျီယမ်သစ် မျိုး၏ရေချိန်သိပ် သည်းဆထက် ပိုမိုကြောင်း တွေ့ရှိရပါသည်။
Primary Document
U Win Oo Naing.pdf
Summary
According to the Global Forest Resource Assessment report about 42.92 % of total area of Myanmar is being covered by FAO in which Closed Forest contributes to 21.56% while Opened Forest accounts for 21.36%, of the country’s total land area (FAO, 2015).
Forest plantation by Taungya has been established in many regions of Myanmar in 1856. The reforestation system by way of Taungya method was the rehabilitation to the natural forest or commercial plantation forests with the collaboration of forest department and Taungya farmers. In the every steps of plantation establishment, both concerned forest officer and Taungya cultivators were taken part in this method which was very profitable or symbiosis for them and can provide the national economy.
Primary Document
U Hla Myo Aung.pdf
Summary
ယခုစာတမ်းသည် အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်နှင့် ရွှေစက်တော် ဘေးမဲ့ တောသို့ လာရောက်လည်ပတ်သူများ၏ ဝင်ကြေးအပေါ်ပေးချေလိုသည့် တန်ဖိုးကို ဆန်းစစ် ထားခြင်း ဖြစ်ပါသည်။ ၂၀၁၉ခုနှစ်၊ မတ်လနှင့်ဧပြီလအတွင်း လာရောက် လည်ပတ်သူ ပြည်တွင်း ခရီးသည် ၅၁၈ဦးအား ကျပန်းစနစ်ဖြင့်ရွေးချယ်၍ မေးမြန်းထားပါသည်။ လာရောက် လည် ပတ်သူ ခရီးသွားများ၏ ဝင်ကြေးအပေါ် ပေးချေလိုသည့် ဆန္ဒရှိ/မရှိနှင့် ၄င်းဝင်ကြေး ပေးချေ လိုမှုဆန္ဒရှိ/မရှိ အပေါ်တွင် မည်သည့်အကြောင်းအရာများက လွှမ်းမိုး နေကြောင်းကို လေ့လာ ဖော်ထုတ်ရန် ရည်ရွယ်၍ ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။ လာရောက် လည်ပတ်သူ ခရီးသည် ၇၇ ရာခိုင်နှုန်းသည် ဝင်ကြေးပေးချေလိုသည့် ဆန္ဒရှိကြောင်း တွေ့ရှိရပြီး ၂၃ ရာခိုင်နှုန်းသည် ဝင်ကြေး မပေးချေလိုကြောင်းတွေ့ရှိရပါသည်။ ခရီးသည် ၉၀ ရာခိုင်နှုန်းခန့်သည် ဝင်ကြေး တန်ဖိုး ၅၀၀ကျပ်မှ ၁၀၀၀ကျပ် အတွင်း ပေးချေလိုကြောင်း ဖြေကြားခဲ့ပါသည်။ ဝင်ကြေး ပေးချေ လိုမှုဆန္ဒအပေါ်တွင် လွှမ်းမိုးသည့် အချက်များကို ဖော်ထုတ်ရာတွင် ကျား/မ၊ ပညာ အရည်အချင်းနှင့် အလုပ်အကိုင်အခြေအနေတို့သည် လွှမ်းမိုးမှုရှိသည့် အကြောင်းအရာများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။
Primary Document
Tin Hnaung Aye.pdf
Summary
မြန်မာနိုင်ငံရှိ ရေကန်များနှင့် မြစ်ချောင်းများအတွက် ကနဉီးအကြံပြုသတ်မှတ်ထားသော နော်ဝေနိုင်ငံသုံး ရေအရည်အသွေးဆိုင်ရာ သတ်မှတ်ချိက် စံချိန်စံညွှန်းများကို အသုံးပြု၍ ရေဆင်းဆည်၏ ဂေဟစနစ် အခြေအနေအား လေ့လာသုံးသပ်သည့် သုတေသနလုပ်ငန်းအား ၂၀၁၇ ခုနစ် မတ်လမှ ၂၀၁၈ ခုနစ် ဇွန်လအတွင်း ဆောင်ရွက်ခဲ့ပါသည်။ ရေ၏ ရူပအခြေအနေ တိုင်းတာမှုနှင့်၊ ရေညှိနှင့် ရူပဓါတုဂုဏ်သတ္တိများအတွက် ရေနမူနာကောက်ယူခြင်း၊ ဓါတ်ခွဲ စမ်း သပ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။ ကနဉီး ကန်အဆင့်အတန်း သတ်မှတ်ချက် စံညွှန်းနှင့် ကန်၏ ရူပဓါတုနှင့် မြေမျက်နှာ သွင်ပြင် အခြေအနေအရ ရေဆင်းဆည်သည် မြေနိမ့် ဒေသရှိ အတော်အသင့် ကျယ်ဝန်းသော ဆီလီကာကြွယ်ဝပြီး၊ နက်သော၊ ကြည်လင်သည့် ကန် အမျိုး အစားဖြစ်ပါသည်။ နော်ဝေနိုင်ငံသုံး ရေအရည်အသွေးအဆင့်အတန်း နယ်နမိတ် သတ်မှတ် ချက်အရ ဆည်အတွင်းရှိ စုစုပေါင်း နိုက်ထရိုဂျင် ပါဝင်မှုမှာ ကောင်းမွန်သည့် အခြေအနေ တွင် ရှိသော်လည်း စုစုပေါင်း ဖော့စဖောရပ်စ်ဓါတ် ပါဝင်မှုမြင့်မားပြီး Secchi depth ကိန်းဂဏန်းအရ ဆိုးရွားသည့် အခြေအနေ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ရေဆင်းဆည်တွင် ရေညှိမျိုးစိတ် ၅၀ နှင့် မျိုးစု ၉၉ မျိုးရှိကြောင်း တွေ့ရှိရပါသည်။ စိမ်းပြာရေညှိ (Cyanobacteria) မျိုးရင်းမှာ ၂၀၁၇ ခုနစ်တွင် Dinophyceae (သို့မဟုတ်) Bacillariophyceae မျိုးရင်းပြီးလျင် ဒုတိယ အများဆုံး ပေါက်ဖွားကြောင်း တွေ့ရှိရသော်လည်း ၂၀၁၈ ခုနစ်တွင် ပေါက်ဖွားမှု အများ ဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။ ရေညှိများ၏ ဇီဝဒြပ်ထုမှာ ရေ ၁ လီတာတွင် ၄.၆ မှ ၃၂.၆၈ မီလီဂရမ်နှုန်း ပါဝင်နေ သောကြောင့် ရေညှိပါဝင်မှုကို အခြေခံသည့် စံချိန်စံညွှန်းအရ ဆိုးရွားသည့် အခြေအနေတွင် ရှိကြောင်း သတ်မှတ်နိုင်ပါသည်။ ထို့အပြင် ဇီဝအခြေအနေကိုအခြေခံသည့် ရေအဆင့် အတန်းစံချိန် စံညွှန်းများအရ ဆည်အတွင်းရှိ ရေနမူနာ ကောက်ယူသည့် နေရာ အားလုံး သည် ဆိုးရွားသော မှ အလွန်ဆိုးဝါးသော အခြေအနေ ဖြစ်ကြောင်း သတ်မှတ်ရပါသည်။ ရေဆင်းဆည်အတွင်း အဆိပ် အတောက်ထုတ်နိုင်သည့် စိမ်းပြာရေညှိ (Cyanobacteria) ပေါက်ဖွား နေခြင်းသည် ရေဆင်းဆည် ဧရိယာအတွင်း နေထိုင်သည့်၊ ရေဆင်းဆည်ရေအား တိုက်ရိုက်သောက်သုံးနေသည့် ဒေသခံ လူများ၏ ကျန်းမာရေးအခြအနေကို ဆိုးကျိုးသက်ရောက် စေနိုင်ကြောင်း ညွှန်ပြနေခြင်း ဖြစ်ပါ သည်။ ရေဆင်းဆည်သည် စိုက်ပျိုးရေနှင့် သောက်သုံးရေ အတွက် အဓိကအရင်းအမြစ်ဖြစ်သော် ကြောင့် ရေအရည်အသွေးနှင့် အဆိပ်အတောက် ထုတ်လွှတ်မှု အခြေအနေကို စောင့်ကြည့် လေ့လာခြင်းအား နိုင်ငံ၏ ရေသယံဇာတ စီမံ အုပ်ချုပ်ခြင်း အစီအစဉ်တွင် အဓိကလုပ်ငန်းစဉ်အဖြစ် ထည့်သွင်းစဉ်းစားသင့်ကြောင်း အကြံပြု တင်ပြ အပ်ပါသည်။
Primary Document
Thida Swe YinzinDam.pdf
Summary
မြန်မာနိုင်ငံတွင် ကြိုးဝိုင်းတောများ အပါအဝင် သစ်တောနယ်မြေများအတွင်း အခြေချ နေထိုင်မှု များသည် သစ်တောများ စဉ်ဆက်မပြတ်ရေရှည်တည်တံ့ရေးအား ထိခိုက် နိုင်သည့် အဓိက အကြောင်းအရာများအနက်မှ တစ်ခုဖြစ်ပါသည်။၂၀၁၃ခုနှစ်မှ စတင်၍ နိုင်ငံတော် အစိုးရက သစ်တောနယ်မြေများအတွင်း အခြေချ နေထိုင်မှုများအား အဓိက အလေးထားခဲ့ပြီး ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများအတွင်း အခြေချ နေထိုင် သူများ အား ပြန်လည်နေရာချထားသည့် စီမံချက်ကို ရေးဆွဲခဲ့ပါသည်။ စာတမ်း၏ ရည်ရွယ်ချက်မှာ သစ်တောနယ်မြေများတွင် အခြေချ နေထိုင်သူများအနက်မှ ကြိုးဝိုင်း အတွင်း နေထိုင် လျက်ရှိသော ပြန့်ကျဲအိမ်ထောင်စုများ၏ နေထိုင်ရခြင်း အကြောင်းရင်းများနှင့် စီမံချက် အပေါ် အမြင်များကို လေ့လာခြင်းဖြင့် စီမံချက် အကောင်အထည်ဖော်ရာတွင် အထောက် အပံ့ဖြစ်စေရန်အတွက် ဖြစ်ပါသည်။ ဤသုတေသနကို ဒေသတစ်ခုအား အသေးစိတ် လေ့လာခြင်း (case study) နည်းစနစ်အရ ပြန့်ကျဲ အိမ်ထောင်စု များစွာတည်ရှိသည့် သာယာဝတီခရိုင်မှ ကြိုးဝိုင်းတော နှစ်ခုအားရွေးချယ်၍ qualitative နှင့် quantitative နည်းလမ်းများအား အသုံးပြုကာ ဆောင်ရွက်ခဲ့ပါသည်။ အချက်အလက် ကောက်ယူရာတွင် စုစုပေါင်း အိမ်ထောင်စု ၄၉ စုအား snowball sampling နည်းစနစ်ဖြင့် ရွေးချယ် မေးမြန်းခဲ့ပါသည်။ ရလဒ်များကို ကြိုးဝိုင်းတွင်းရှိ လယ်ယာများတွင် အစုအဖွဲပိုင် သစ်တောများ တည်ထောင်ပြီးသည့် အိမ်ထောင်စုများနှင့် တည်ထောင်မှု မရှိသေးသည့် အိမ်ထောင်စုများအဖြစ် အုပ်စုနှစ်စုခွဲ၍ ဆွေးနွေးပါသည်။ DPSIR Frameworkကို အသုံးပြု ၍ အုပ်စုတစ်ခုစီမှ အိမ်ထောင်စုများ၏ ကြိုးဝိုင်းအတွင်းနေထိုင်ရသည့် အကြောင်း အရင်းများ အား ဖိအားပေးသည့် တွန်းအားများအနေဖြင့် သုံးသပ်ခြင်း၊ လက်ရှိ လူမှု စီးပွား ရေး အခြေအနေများ၊ မြေပိုင်ဆိုင်မှုများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း များအား လေ့လာ၍ လက်ရှိအခြေအနေကို သုံးသပ်ခြင်းနှင့် စီမံချက် အကောင်အထည်ဖော်ရာတွင် ပူးပေါင်းပါဝင်မှု မြှင့်တင်နိုင်ရန် အိမ်ထောင်စုများ၏ သဘောထားအမြင်များအား တုံပြန်မှု အနေ ဖြင့် ဆန်းစစ်ခြင်းဟူ၍ ခွဲခြား သုံးသပ်ထားပါသည်။ သုတေသန ရလဒ်များအရ အိမ်ထောင်စုများ ၏ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေ အရင်းအမြစ်များအတွက် အဓိက လိုအပ်ချက်နှင့် အဓိက စိတ်ဝင်စားမှုသည် နေထိုင်လုပ်ကိုင် စားသောက်ရန် မြေနေရာ ဖြစ်ကြောင်းနှင့် မြေအသုံးပြုခြင်း ဆိုင်ရာ ရပိုင်ခွင့်ကို လွှဲပြောင်းရရှိနိုင်ခြင်းသည် စီမံချက် အကောင်အထည်ဖော်ရာတွင် အိမ်ထောင်စုများ ပူးပေါင်း ပါဝင်မှုအား မြှင့်တင်နိုင်ကြောင်း တွေ့ရှိရပါသည်။ သုတေသန စာတမ်းသည် သစ်တောဌာန အနေဖြင့် စီမံကိန်း အကောင် အထည်ဖော်ခြင်းဆောင်ရွက်ရာတွင် မြေအသုံးချခြင်းဆိုင်ရာ ရပိုင်ခွင့်များကို အိမ်ထောင် စုများအား သေချာစွာ နားလည်သဘော ပေါက်ရန် ရှင်းလင်း သတင်းပေးရန်နှင့် အစုအဖွဲ့ ပိုင်သစ်တောများ တည်ထောင်ရာတွင် ချမ်းသာ သော အိမ်ထောင်စု များမှ လက်ဝါးကြီး အုပ်မှုများအား ကာကွယ်ရန် အထူးဂရုပြု သင့်ကြောင်း အကြံပြုထား ပါသည်။
Primary Document
Dr. Ei Ei Swe Hlaing.pdf