Forest Department

Publications

Research publications, journals, laws, tenders, and downloadable records.

Publication Type

သက်ကြီးစိုက်ခင်းများတွင် သစ်မျိုးပါဝင်ပေါက်ရောက်မှုအား ကနဦးလေ့လာခြင်း

Summary
ယခုတင်ပြထားမှုများသည် ကနဉီးလေ့လာမှုများသာဖြစ်ပါ၍ ဤသုတေသနစာတမ်း အတွက် လေ့လာထားရှိသည့် သက်ကြီးစိုက်ခင်းများ၌ ဆောင်ရွက်ထားရှိသော စိုက်ပျိုးပြုစု နည်းလမ်းများ၏ အကျိုးသက်ရောက်မှုများကို ဆန်းစစ်လေ့လာမှုများပြုလုပ်ပြီး ဆက်လက် တင်ပြ သွားမည်ဖြစ်ပါသည်။ သစ်တောစိုက်ခင်းများအား ရေရှည်တည်တံ့စွာ စဉ်ဆက်မပြတ် စီမံ အုပ်ချုပ် မှုအတွက် ထိရောက် မှန်ကန်သည့် စီမံအုပ်ချုပ်မှုများဆောင်ရွက်နိုင်ရန် သင့်လျော်သည့် နည်းလမ်း များအား ဖော်ထုတ်ရန် လိုအပ်လျက်ရှိပါသည်။ သက်တမ်းငယ်သည့် စိုက်ခင်းများတွင် သစ်တော စိုက်ခင်းပြုစု ထိန်းသိမ်း နည်းများရှိသော်လည်း သဘာဝတော များကဲ့သို့ဖြစ်နေသည့် သက်ကြီး စိုက်ခင်းများအတွက် စိုက်ခင်း စီမံအုပ်ချုပ်ရေးအစီအစဉ်များ လိုအပ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ သဘာဝတောများအား စီမံအုပ်ချုပ်မှု အစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် သကဲ့သို့ သစ်တောစိုက်ခင်းများကိုလည်း စီမံအုပ်ချုပ်မှု အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရာတွင် အထောက်အကူပြုသည့် သတင်းအချက်များ ပေးနိုင်ရန်အတွက် သက်ကြီးစိုက်ခင်းများတွင် သဘာဝအတိုင်း ဝင်ရောက် ပေါက်ရောက်လျက်ရှိသည့် သစ်မျိုးများနှင့် ပါဝင်ဖွဲ့စည်းပုံတို့ကို စိုက်ခင်းသက်တမ်း (၅၅)နှစ် ကျွန်းစိုက်ခင်း၊ (၆၄)နှစ် ပျဉ်းကတိုး စိုက်ခင်းနှင့် (၂၅) နှစ် သစ်မျိုး စုံစိုက်ခင်းတို့တွင် လေ့လာခဲ့ခြင်း ဖြစ်ပါသည်။ သက်ကြီး စိုက်ခင်းများတွင် သဘာဝ အတိုင်း ဝင်ရောက်ပေါက်ရောက်လျက်ရှိသည့် သစ်မျိုးများနှင့် ၎င်းတို့၏ဖွဲ့စည်းပုံ တို့သည် စိုက်ခင်း၏ မူလရည်ရွယ်ချက်၊ သစ်မျိုး၊ တည်နေရာနှင့် ရာသီဥတုတို့အပေါ်တွင် များစွာ မူတည်နေသော ကြောင့် ဤကဲ့သို့သောသုတေသနများအား စိုက်ခင်းတည်နေရာ၊ ရာသီဥတုနှင့် သစ်မျိုးအလိုက် ထပ်မံဆောင်ရွက်ရန် လိုအပ်နေပါသည်။
Primary Document
Dr.Zar Chi Hlaing-1.pdf
Publication Type

အင်းလေးကန်ဒေသရှိ ရေဝေရေလဲသစ်တောများ၏ ဂေဟစနစ်ဆိုင်ရာဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဒေသခံများ၏ ဗဟုသုတ၊ အသိအမြင်များ၊ သဘောထားများအား ဆန်းစစ်လေ့လာခြင်း

Summary
အင်းလေးကန်သည် မြန်မာနိုင်ငံရှိ ကုန်းတွင်းရေကန်များအနက် ဒုတိယအကြီးဆုံး ရေအိုင်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် ဂေဟစနစ်ဝန်ဆောင်မှုများစွာကို ပံ့ပိုးပေး လျက် ရှိပါသည်။ သို့သော်လည်း စိုက်ပျိုးမြေ တိုးချဲ့ခြင်းကြောင့် အင်းလေးကန်ရေဝေရေလဲ သစ်တောများ ပြုန်းတီးခြင်း၊ နောက်ဆက်တွဲ နုန်းမြေပို့ချမှုများဖြစ်ပေါ်ခြင်း၊ ရေအရည် အသွေး ကျဆင်းလာခြင်း၊ ရေပြင်ဧရိယာအတွင်း ကျွန်းမျောများ တိုးပွားလာခြင်းစသည့် အချက်များ ကြောင့် အင်းလေးကန်၏ ရေရှည်တည်တံ့မှုကို ဆိုးကျိုးများ သက်ရောက် စေပါသည်။ အင်းလေးကန် ရေဝေရေလဲဧရိယာများအား သစ်တောများ ပြန်လည် တည်ထောင်ခြင်းဖြင့် အင်းလေးကန်ရေ အရည်အသွေးတိုးတက်စေခြင်း၊ နုန်းပို့ချမှုများကို လျော့နည်းစေခြင်းနှင့် ဂေဟစနစ်ဝန် ဆောင်မှုများကို စဉ်ဆက်မပြတ်ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ ဂေဟစနစ် ဝန်ဆောင်မှုများအား အခကြေးငွေပေးချေခြင်းစနစ်ကို ကမ္ဘာတစ်ဝှမ်းတွင် ကျယ်စွာ အသုံးပြု လျက်ရှိပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ပါက အစိုးရ၏ ဂေဟစနစ်များ ပြန်လည်တည်ထောင် ရေးဆိုင်ရာ ကုန်ကျ စရိတ်များအား လျော့ကျစေမည်ဖြစ်ပါသည်။ ဤသုတေသနတွင် အင်းလေးကန်၊ ပတ်ဝန်းကျင် သစ်တောများနှင့် ဒေသနေပြည်သူလူထု၏ ဆက်စပ်မှုကို အခြေ ခံကာဂေဟစနစ် ဝန်ဆောင်မှုများအား အခကြေးငွေပေးချေခြင်းစနစ်တစ်ခုကို စမ်းသပ် လေ့လာ ထားပါသည်။ အဓိကဝန်ဆောင်မှုအဖြစ် ရေဝေရေလဲသစ်တောများ၏ အင်းလေး ကန်တည်တံ့စေရန် ပံ့ပိုးပေးသည့်ဝန်ဆောင်မှုဖြစ်ကာ သစ်တောများပြန်လည် တည်ထောင် ခြင်းအတွက် ဒေသနေ ပြည်သူများ၏ ပေးချေလိုသည့်ဆန္ဒများကို ဦးတည်လေ့လာထားခြင်း ဖြစ်ပါသည်။ ဖြေဆို သည့် ဒေသနေပြည်သူ ၁၆၃ ဦးအနက် ၁၄.၆၅% မှ သစ်တောများ ပြန်လည်တည်ထောင်ခြင်း အတွက် ငွေကြေးထည့်ဝင်လိုသော်လည်း အခြားဖြေဆိုသူများမှာ လူကိုယ်တိုင်လုပ်အားပေး ခြင်း၊ မိမိတို့အိမ်ခြံများအတွင်း သစ်ပင်များ စိုက်ပျိုးခြင်း နည်းလမ်း များဖြင့် ပူးပေါင်းပါဝင်လိုကြောင်း ဖော်ပြခဲ့ကြပါသည်။ တွေ့ရှိချက်များအပေါ်မူတည်၍ မူဝါဒ ရေးရာအားဖြင့် ပံ့ပိုးပေး နိုင်သည့် သုံးသပ်ချက်များအား ဤစာတမ်းတွင် အကြံပြုတင်ပြ ထားပါသည်။
Primary Document
PhyuPhyuLwin_Paper.pdf
Publication Type

Changes of carbon storage and ecosystem services of forests under MRRP operations in Taungoo district, Myanmar

Summary
This study emphasized on the estimation of the species composition and carbon storage of forests under assistant natural regeneration (ANR) operation under MRRP, and forests which are not. The study also developed the carbon storage model of forests. Based on the results, A total of 31 species and 14 species were found in forests with ANR and forests with no ANR, respectively. Species diversity was assessed with the Shannon and Simpson diversity indices. The Shannon index and evenness tended to increase from forests with no ANR to those with ANR. The Shannon index at forests with ANR was 2.95±0.26 and those with no ANR was 2.29±0.32. Similarly, the carbon storage of forests was significantly higher in forests with ANR in comparison with forests with no ANR. The carbon storage of forests with ANR showed 108±8.95 ton per ha and those in forests with no ANR was 58.76±4.33 ton per ha. The model development also highlighted the effectiveness of ANR under MRRP.
Primary Document
Inguin Khaing-2.pdf
Publication Type

ဒေသခံပြည်သူများ၏ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာနိုးကြားမှု အခြေအနေကို လေ့လာခြင်း

Summary
ဤစာတမ်းသည် သစ်တောထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် အထောက်အကူဖြစ်စေသည့် ဒေသခံပြည်သူများ၏ လက်ရှိ သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောထိန်းသိမ်းကာကွယ် အုပ်ချုပ်ခြင်း ဆိုင်ရာအသိ ပညာ နိုးကြားထကြွမှု အခြေအနေနှင့် လက်ရှိအချိန်အထိ သေချာစွာ မသိရှိသေးသည့် ပတ်ဝန်း ကျင်ထိန်းသိမ်းမှုဆိုင်ရာ အသိပညာ ကွာဟချက်/လိုအပ်ချက်များကို လေ့လာဖော်ထုတ်ရန် ရည်ရွယ်ပါသည်။ လေ့လာ တွေ့ရှိချက်များအရ လက်ရှိဒေသခံပြည်သူ လူထုသည် အပူချိန် မြင့်တက်လာမှုနှင့် မိုးရွာသွန်းမှု ပြောင်းလဲလာမှု အခြေအနေစသည့် ပတ်ဝန်းကျင်တွင် ‌ပြောင်းလဲဖြစ်ပေါ်နေမှုကို သိရှိသော်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုးကြားထကြွသည့် အသိစိတ်ဓါတ် ရှင်သန်မှု အခြေအနေမှာ မြှင့်တင် ရန်လိုအပ်နေကြောင်း တွေ့ရှိရပါသည်။ Likert analysisအရ သစ်တောထွက်ပစ္စည်းများ စနစ် တကျ ထုတ်လုပ်မှုမပြုနိုင်ခြင်းအတွက် သစ်တောအပေါ် သက်ရောက်မှုနှင့် အသုံးမလိုသော အမှိုက် များ စွန့်ပစ်မှုဆိုင်ရာ အသိပညာများကို မြှင့်တင်ရန်လိုအပ်ကြောင်းနှင့်၊ အသိပညာပေး ဟောပြော ပွဲများနှင့် လုပ်ဆောင်ချက်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု နည်းပါးနေသေးကြောင်း လေ့လာ တွေ့ရှိရပါသည်။ အထူးသဖြင့် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်း မှုကို ဖြစ်စေသော အကြောင်း အရင်းများနှင့် ၎င်းတို့ကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ ကာကွယ်မှုအစီ အမံများနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်းများဆိုင်ရာ အသိ ပညာ လိုအပ်ချက်များရှိနေသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ လိုအပ်များကို ထောက်ပံ့ ဖြည့်ဆည်းနိုင်မည့် အသိပညာပေးဆိုင်ရာ ဟောပြောပွဲများ၊ လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ရန် လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်။
Primary Document
Ingyin Khing.pdf
Publication Type

မြန်မာ့ရွက်ကြွေတောရှိ သစ်ပင်(၆)မျိုး၏အခေါက်၏အတွင်းအပြင်လက္ခဏာများနှင့် အခေါက်နှင့် ဆက်စပ်လျှက်ရှိသော သစ်သားကိုလေ့လာခြင်း

Summary
သစ်တောသုတေသနဝင်း သစ်ပင်ကြီးများ ဥယျာဉ် (Arboretum) အတွင်းရှိ မြန်မာ့ရွက်ကြွေ တောဝင် မျိုးစိတ်(၆)မျိုးတို့ကိုစုဆောင်း၍ မျိုးမည်ဖော်ပြီး လေ့လာပါသည်။ အခေါက်နှင့်သစ်သားကို Sliding Microtime၊ Rotary Microtime တို့နှင့် အလွှာပါးများဖြတ်ပြီး Johansen’s (1940) နည်း အတိုင်းဆေးဆိုးပါမည်။ ၎င်းတို့၏ အခေါက်၊ အစာ ရေကြောအသားတိုးလွှာနှင့် သစ်အကာသား တို့၏ အပင်ခန္ဓာဗေဒ လက္ခဏာများကိုပုံများနှင့်တကွ ဆွေးနွေးတင်ပြထားပါသည်။ သစ်အကာသား များ (၆)မျိုး စလုံးသည် ဖက်သန်း(Fernandoa adenophylla) မှအပ၊ diffuse-porous ဖြစ်သည်။ နဘဲ (Lannea coromandelica)မှ အပ၊ ရေကြော ရောင်ခြည်ဆဲလ်များသည် homogeneous ဖြစ်သည်။ ရေကြောဖိုက်ဘာများသည် နဘဲမှအပ၊ အကန့် နံရံမဲ့ဖြစ်သည်။ နဘဲ၊ သစ်ဠင်းတ၊ ပိတောက် သစ်သား တို့တွင် Tyloses များပါ၀င် သည်။ နဘဲ(Lannea coromandelica)၊ ပိတောက် (Pterocarpus macrocarpus) နှင့်ပျဉ်းကတိုး(Xylia xylocarpa) သစ်သားတို့တွင် ကော်စေးများပါ၀င်သည်။ နဘဲ၊ ဖက်သန်းတို့၏ အခေါက်နှင့်သစ်သားအကြားတွင်ရှိ အစာရေကြော အသားတိုးလွှာတွင် ထပ်ကြပ် ဆင်းဆဲလ်များသည် အလွှာများစွာရှိသည်။ မျိုးစိတ်(၆)မျိုးစလုံး၏ အခေါက်တွင် ဆန်ကာ ပြွန်ဆဲလ် များ(sieve tubes)သည် ဘေးနံရံ၌ ဆန်ကာကွက် နေရာများပါသည်။ နဘဲတွင်မူ ဘေးနံရံ များကို ကွန်ယက်များ ကဲ့သို့တွေ့ရသည်။ ကွန်ယက်များ ကဲ့သို့ နံရံထူနေသည်ကို ဖက်သန်း(Fernandoa adenophylla) နှင့် သစ်ဠင်းတ (Heterophragma sulfureum) တို့၏ ဆန်ကာပြွန်ဆဲလ်များ ထိပ်ပိတ်နံရံတွင်တွေ့ရသည်။ ပျဉ်းကတိုး၏ ဆန်ကာပြွန် ဆဲလ်များ၏ ထိပ်ပိတ်နံရံတွင်၊ ဆန်ကာ ပြင် များ (sieve plates) စုပေါင်းနေပြီး ဆန်ကာပြင်တစ်ခုစီသည် ကြီးနေသည်ကိုတွေ့ရသည်။ ဖက်သန်း အခေါက်နှင့် သစ်လင်းတအခေါက်တို့တွင် spiral thickenings ရှိသော ဖိုက်ဘာနှင့်တူသော ဆဲလ်များကိုတွေ့ရသည်။ ထို့ပြင် ဤနှစ်စ်ပင်၏ ပေရင်ခိုင်မာ ဆဲလ်များ တွင် တုတ်ချောင်းပုံ အစာ ပစည်းကို တွေ့ရသည်။ နဘဲပင်အခေါက်တွင် စစ်ထုတ်ပြွန်များရှိသည်။ ၎င်းတို့သည်အတွင်းနံရံကို ပေရင်ခိုင်မာဆဲလ်များဖြင့် ၀န်းရံထားသည်။ ထို့ပြင်စစ်ထုတ်ပြွန်များကို multiseriate phloem ray များတွင်လည်းတွေ့ရသည်။ ပိတောက်တွင် စစ်ထုတ်ဆဲလ်များကို တစ်ခုချင်းဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ တွေ့ရသည်။ ပျဉ်းကတိုး၏ အခေါက်အပြင်လွာတွင် sclereids ခေါ် ဆဲလ်များ အလွာ လိုက်၊ ပြင်လိုက်တွေ့ရသည်။ ဤအပင်ခန္ဓာဗေဒ ဝိသေသလက္ခဏာများကို သိရခြင်းသည် သစ်ပင် မျိုးစိတ်တို့၏အပင်ခန္ဓာဗေဒကို ထပ်ဖြည့်ပေးနိုင်သည်။ ထို့ပြင် ဤသစ်သား ပိုင်းနှင့် အခေါက် တို့၏ ဝိသေသလက္ခဏာများကိုသိရခြင်းသည် မြန်မာနိုင်ငံရှိ မြန်မာ့ရွက်ကြွေတောဝင် သစ်ပင်မျိုးစိတ်များကို မျိုးမည်ဖော်ရာ၌ အသုံးဝင်ပါသည်။
Primary Document
Daw Kyi Kyi Khaing.pdf
Publication Type

တမလန်းစိုက်ခင်းတွင် ကျရောက်သော အဓိကအင်းဆက်ဖျက်ပိုးများအပေါ် အော်ဂဲနစ် ပိုးသတ်ဆေး Panchagavya ၏ သက်ရောက်မှုကိုလေ့လာခြင်း

Summary
တမလန်းစိုက်ခင်းတွင် ကျရောက်သော အင်းဆက်ဖျက်ပိုးများအပေါ် အော်ဂဲနစ်ပိုးသတ် ဆေး Panchagavya နှင့် တမာပိုးသတ်ဆေးတို့၏ သက်ရောက်မှုလေ့လာခြင်းကို စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့နယ်၊ အောင်ပုံကြိုးပြင်တော တမလန်းစိုက်ကွက်တွင် ၂၀၁၈ ခုနှစ် မှ ၂၀၁၉ ခုနှစ် မိုးရာသီတွင် ဆောင်ရွက်ခဲ့ပါသည်။ စမ်းသပ်ခြင်းလုပ်ငန်းတွင် စိုက်ခင်း၌ အကွက်ကြီး(၃) ကွက်၊ တစ်ကွက်စီတွင် အကွက်ငယ် (၅) ကွက်ပါဝင်ပြီး အကွက်ငယ်တစ်ကွက်တွင် နမူနာအပင် (၁၅) ပင် ပါရှိသည်။ စမ်းသပ်ကွက်များကို (က) ၅% Panchagavya (ခ) ၇% Panchagavya (ဂ) ၁% Azadirachtin (ဃ) ၁% Azadirachtin +၅% Panchagavya (င) Control ဟူ၍ သတ်မှတ်ပါ သည်။ ဖျက်ပိုးတစ်မျိုးစီပေါ်တွင် Treatments များ၏ သက်ရောက်မှု ရလဒ်များကို ဆွေးနွေး တင်ပြထားပါသည်။ Treatment အားလုံးသည် Bradina sp. (Lepidoptera) ဖျက်ပိုး အပေါ်တွင် ထိရောက်မှုရှိသည်ကို တွေ့ရှိရသော်လည်း Myllocerus discolor, M. viridanus and Polydrusus cervinus နှင့် Chrysomela auratus ဖျက်ပိုးတို့အပေါ်တွင်မူ ၁% Azadirachtin သုံးစွဲခြင်းသည် ထိရောက်မှုမရှိခြင်းနှင့် စာရင်းစစ်တမ်းတွင် ၁% Azadirachtin နှင့် Control သည်လည်း ကွာခြားမှုမရှိသည်ကို တွေ့ရသည်။ သုတေသနရလဒ်အရ ၅% Panchagavya ၊ ၇% Panchagavya နှင့် ၁% Azadirachtin + ၅% Panchagavya treatment များ၏ ရလဒ်များမှာ Statistic အရ ထင်ရှားသည့် ကွဲလွဲချက်မရှိသည်ကို တွေ့ရှိရပါသည်။
Primary Document
Daw Khin Mar Myint.pdf
Publication Type

အသေးစားနှင့်အလတ်စား ရွှေသတ္တုတူးဖော်မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းရွေးချယ်မှုနှင့် သစ်တောများအပေါ် အကျိုးသက်ရောက်မှု

Summary

တရားမဝင် ရွှေသတ္တု တူးဖော်မှုသည် သစ်တောပြုန်းတီးမှုအကြောင်းရင်းတခုဖြစ်ပြီး ပြဒါးစွန့်ထုတ်ရာ အရင်းအမြစ် တစ်ခုလည်းဖြစ်သည်။ တရားဥပဒေ စိုးမိုးမှုအောင် ဆောင် ရွက်ခြင်းနှင့် အခြားအသက်မွေးမှုလုပ်ငန်းများ ဖော်ဆောင်ခြင်းတို့ဖြင့် တရားမဝင် ရွှေသတ္တု တူးဖော်မှုကို ထိန်းချုပ်နိုင်အောင် ဆောင်ရွက်လေ့ရှိသည်။ ယခုသုတေသန လုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ ရွှေမှော်များတွင် ဆောင်ရွက်ခဲ့ပြီး တရားမဝင် ရွှေ သတ္တု တူးဖော်မှုကို ဖြစ်စေသည့် အကြောင်းရင်းများ၊ လုပ်ငန်းဆောင်ရွက်သည့် အခြေအနေ များနှင့် ထိန်းချုပ်နိုင်မည့် အခြေအနေများကို သုတေသနပြုလေ့လာခဲ့ပါသည်။ ဤသုတေ သနတွင် ရွှေတွင်းပိုင်ရှင်နှင့် ရွှေမှော်လုပ်သားများအပါအဝင် စုစုပေါင်း ၂၂၆ ဉီးအား မေးမြန်း ခဲ့ပါသည်။ ရွှေသတ္တုတူးဖော်မှု လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းသည့် ဒေသခံများ၏ စီးပွား ရေးအတွက် ရာသီအလိုက်ပြောင်း လဲဆောင်ရွက်ကြသည့် လုပ်ငန်းများဖြစ်ပြီး ရွှေလုပ်သား အများစုသည် စီးပွားရေး အခြေအနေအရ ရွှေ့ပြောင်းလာကြသူများဖြစ်ကြောင်း တွေ့ရှိရပါ သည်။ စိုက်ပျိုးရေးအခြေပြုသည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများသည် တရားမဝင် ရွှေလုပ်ငန်းများကို အစားထိုးနိုင်ဖွယ် မရှိကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် တရားမဝင် ရွှေလုပ်ငန်းများအား စစ်ဆေးခြင်းနှင့် ဖမ်းဆီးအရေးယူခြင်း လုပ်ငန်းများမှာလည်း လုံလောက်မှုမရှိ ကြောင်းတွေ့ရှိရပါသည်။ တရားမဝင်ရွှေလုပ်ငန်းများ ရပ်တန့်ရန်အတွက် စစ်ဆေးရေးနှင့် ဖမ်းဆီးရေးလုပ်ငန်းများကို ယခုထက်ကြိမ်ဖန်များစွာ ပိုမိုဆောင်ရွက်ရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။

Primary Document
123.pdf
Publication Type
Deadline

တင်ဒါအမှတ်(၁/၂၀၁၉-၂၀၂၀၊၂/၂၀၁၉-၂၀၂၀၊၅/၂၀၁၉-၂၀၂၀)အရတင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့်ပစ္စည်းများစာရင်း

Summary

စဉ် ကုမ္ပဏီအမည် ပစ္စည်းအမျိုးအစား အရေအတွက်
၁ MTZ Co.,Ltd ဖိုင်ဘာ ရေတိုင်ကီ (၈၀၀ ဂါလံ) (၂၀)လုံး

Primary Document
Tinder 2019-2020 Tinder Commetee.pdf
Publication Type
Deadline

ပုံစံ(၈)စာရင်းဝင် တရုတ်နီအင်ဂျင်နှင့်လွှဝိုင်း၊ အခြားသစ်နှင့် မီးသွေးများအား လေလံတင် ရောင်းချမည့်ကြော်ငြာ

Summary
ပုံစံ(၈)စာရင်းဝင် တရုတ်နီအင်ဂျင်နှင့်လွှဝိုင်း၊ အခြားသစ်နှင့် မီးသွေးများအား လေလံတင် ရောင်းချမည့်ကြော်ငြာ
Primary Document
Pyay 11-12.pdf