စိုက်ပျိုးရေး၊ ရေလုပ်ငန်းများနှင့် ဆက်စပ်နေသည့် ဒီရေတော များ စီမံအုပ်ချုပ်လုပ်ကိုင်မှုအတွက် ဘက်စုံပူးပေါင်း ဆောင်ရွက် ခြင်း စီမံကိန်း - Integrated Planning and Practices for Mangrove Management Associated with Agriculture and Aquaculture in Myanmar
စီမံကိန်းအမည် - စိုက်ပျိုးရေး၊ ရေလုပ်ငန်းများနှင့် ဆက်စပ်နေသည့် ဒီရေတော များ စီမံအုပ်ချုပ်လုပ်ကိုင်မှုအတွက် ဘက်စုံပူးပေါင်း ဆောင်ရွက် ခြင်း စီမံကိန်း - Integrated Planning and Practices for Mangrove Management Associated with Agriculture and Aquaculture in Myanmar
စီမံကိန်းအမျိုးအစား (TCP/Grant/Loan) - TCP
စီမံကိန်းဒေသ - ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ပျဉ်ဒရယ်ကြိုးဝိုင်း
အထောက်အပံ့ပေးသည့် အဖွဲ့အစည်း - Asia-Pacific Network for Sustainable Forest Management and Rehabilitation (APFNet) and The University of Queensland (UQ)
စီမံကိန်းကာလ - ၁/၂၀၁၈ မှ ၁၂/၂၀၂၀ အထိ (၃)နှစ်
အကောင်အထည်ဖော်သည့်ဌာန - သစ်တောဦးစီးဌာနနှင့် The University of Queensland, Australia
ဆောင်ရွက်မည့်လုပ်ငန်းများ - ရွေးချယ်ထားသော စီမံကိန်းနေရာများတွင် စိုက်ပျိုးရေး၊ ရေလုပ်ငန်းများနှင့် ဆက်စပ်နေသည့်ဒီရေတောများ စီမံ အုပ်ချုပ်လုပ်ကိုင်မှုအတွက် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ အသေးစားစီမံချက်များ ရေးဆွဲဖော်ထုတ်ခြင်း၊ စီမံကိန်းဧရိယာများ၌ စံပြအကွက်ငယ်များ ပါဝင်သည့် ဒေသ ခံများ ပူးပေါင်းပါဝင်သော ဒီရေတော စီမံအုပ်ချုပ်ခြင်းဆိုင်ရာ သရုပ်ပြကွက်များကို အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ကျွမ်းကျင်ပညာရှင်များ နှီးနှော ဖလှယ်နိုင်ခြင်း၊ ဂေဟစနစ် ဝန်ဆောင်မှုများနှင့် ဒေသခံပြည်သူများ အသက် မွေးဝမ်းကြောင်း လုပ်ငန်းများကို မြှင့်တင်ပေးနိုင်ခြင်း။
ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာန၊ သစ်တောဦးစီးဌာန - ဖုန်း- ၀၆၇-၄၀၅၁၁၅၊ ၀၆၇-၄၀၅၃၉၈