၀န်ကြီးဌာနမှ တည်ထောင်ထားရှိသည့် ကျေးရွာသုံးထင်းစိုက်ခင်း

လူဦးရေထူထပ်ပြီး ထင်းထုတ်ယူရန် သစ်တောများနှင့်ဝေးကွာသောဒေသများတွင် သစ်၊ ထင်း ရှားပါးမှုရှိသဖြင့် ဒေသခံပြည်သူလူထုအတွက် ထင်းနှင့် လယ်ယာလုပ်ငန်းသုံး ပစ္စည်းများထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျေးရွာများနှင့် နီးစပ်သောပတ်ဝန်းကျင်ရှိ မြေလွတ်မြေရိုင်းနှင့် တောပျက်ဧရိယာများတွင် ဒေသနှင့်သင့်လျော်သည့် သစ်မျိုးများဖြင့် တည်ထောင်သည့် စိုက်ခင်းအမျိုးအစားဖြစ်ပါသည်။