မြန်မာနိုင်ငံသစ်တောကျောင်း

နောက်ခံသမိုင်းအကျဉ်း    
 
၁။ မြမ္မာပြည်သစ်တောကျောင်းကို သာယာဝတီမြို့တွင် ၁၈၉၈ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါသည်။  ၁၈၉၈ ခုနှစ်မှ ၁၉၁၀ ခုနှစ်ထိ အကြီးတန်းနှင့် အငယ်တန်း၊ သင်တန်း(၂)ခုခွဲခြားကာ အကြီးတန်းအား အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ အငယ်တန်းအား မြန်မာဘာသာဖြင့်လည်းကောင်း သင်ကြားပို့ချခဲ့ပါသည်။
၂။ မြမ္မာပြည်သစ်တောကျောင်းကို ၁၉၁၀ ခုနှစ်တွင် ပျဉ်းမနားမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၁၁ ခုနှစ်မှ ၁၉၄၂ခုနှစ်အထိ ဖွင့်လှစ်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ဖြစ်သောအခါ ပျဉ်းမနားမြို့ရှိ ကျောင်း အား ပိတ်ခဲ့ရပါသည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်ထိ(ဂျပန်ခေတ်တွင်)သာယာဝတီမြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။ စစ်ပြီးကာလ ၁၉၄၇ခုနှစ်တွင် ကျောင်းပြန်လည်ဖွင့်လှစ်ခဲ့ပြီး ၁၉၄၇ ခုနှစ်မှ ၁၉၄၉ ခုနှစ်ထိ ပျဉ်းမနားမြို့သို့ ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၀ ခုနှစ်မှ ၁၉၅၃ ခုနှစ်ထိ မြန်မာနိုင်ငံတော်သစ်တောကျောင်းအဖြစ် အမည်ပြောင်းလဲပြီး အင်းစိန်မြို့တွင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၃ ခုနှစ်တွင် ပြင်ဦးလွင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
၃။ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်အရ စီမံကိန်းကာလဖြစ်သော ၁၉၈၃ ခုနှစ်မှ ၁၉၈၆ ခုနှစ်အတွင်း “သစ်တောလုပ်ငန်းအတတ်သင်ကျောင်း”ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသစ်တောကျောင်း(Myanmar Forest School) အမည်ပြောင်းလဲပြီး ယနေ့အချိန် အထိ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။
 
မြန်မာနိုင်ငံသစ်တောကျောင်းဖွင့်လှစ်သင်ကြားပို့ချခြင်းရည်ရွယ်ချက်
 
၄။ သစ်တောလုပ်ငန်းများအားလုံး စာတွေ့/လက်တွေ့ စနစ်တကျကျွမ်းကျင်တတ်မြောက် စေရန်၊ စိတ်ဓါတ်၊ စည်းကမ်းနှင့် အကျင့်စာရိတ္တများ တိုးတက်ကောင်းမွန်လာစေရန်၊ ကျရာတာ၀န်ကို ကျေပွန်စွာထမ်းဆောင်လိုစိတ်နှင့် ပြည်သူအကျိုးသယ်ပိုးလိုစိတ်ရှိ သော ၀န်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန်၊ သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံး၍ မိမိတာ၀န်ကျရာနယ်မြေများသို့ ရောက်ရှိသည့်အခါ နိုင်ငံတော်မှချမှတ်ထားသည့် လူမှုရေး၊ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးစသည့် စီမံကိန်းများနှင့် လုပ်ငန်းတာဝန်များကို ပြည်သူလူထုနှင့်ပူးပေါင်း၍ စည်းရုံးဆောင်ရွက်သွားနိုင်ရန်၊ အမျိုးသားစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားသည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်။
 
လက်ရှိဖွဲ့စည်းပုံ
၅။ မြန်မာနိုင်ငံသစ်တောကျောင်းတွင် ဒုတိယညွှန်ကြားရေးမှူး(၁)ဦး၊ လက်ထောက်ညွှန်ကြား ရေးမှူး(၁)ဦး၊ လက်ထောက်ကထိက(၈)ဦး၊ နည်းပြ(၈)ဦး၊ ဌာနခွဲစာရေး(၁)ဦး၊ ကျန်းမာရေးမှူး - ၂ (၁)ဦး၊ ပြတိုက်လက်ထောက်(၃)(၁)ဦး၊ အကြီးတန်းစာရေး(၁)ဦး၊ စာကြည့်တိုက်လက်ထောက် - ၃ (၁)ဦး၊ ကာယနည်းပြ(၂)ဦး၊ ပစ္စည်းထိန်း - ၄(၁)ဦး၊ တောခေါင်း(၄)ဦး၊ တောခေါင်းရုပ်လုံးသွင်း (၁)ဦး၊ အငယ်တန်းစာရေး(၂)ဦး၊ အငယ်တန်းလက်နှိပ်စက်ရိုက်(၂)ဦး၊  ယာဉ်မောင်းစက်ပြင် - ၄ (၁)ဦး၊ ယာဉ်မောင်းစက်ပြင် - ၅ (၁)ဦး၊ စက်မောင်း - ၅(၁)ဦး၊ ပြတိုက်လက်ထောက် - ၅ (၁)ဦး၊ သူနာပြု - ၅(၂)ဦး၊ အမှုတွဲထိန်း(၁)ဦး၊ ရုံးအကူ(၁)ဦး၊  သန့်ရှင်းရေးအကူ (၃)ဦး၊ ရုံးစောင့်(၃)ဦး၊  စုစုပေါင်း(၄၉)ဦးတို့ဖြင့် ဖွဲ့စည်းထားပါသည်။
 
လက်ရှိဝန်ထမ်းစာရင်း
၆။ မြန်မာနိုင်ငံသစ်တောကျောင်းတွင် ဒုတိယညွှန်ကြားရေးမှူး(၁)ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး(၁)ဦး၊ လက်ထောက်ကထိက(၇)ဦး၊ နည်းပြ(၄)ဦး၊ အကြီးတန်းစာရေး(၁)ဦး၊ စာကြည့်တိုက်လက်ထောက် - ၃(၁)ဦး၊ ကာယနည်းပြ(၂)ဦး၊ တောအုပ်(၁)ဦး၊ ပစ္စည်းထိန်း- ၄(၁)ဦး၊ တောခေါင်း(၃)ဦး၊   တောခေါင်းရုပ်လုံးသွင်း(၁)ဦး၊ အငယ်တန်းစာရေး(၂)ဦး၊ အငယ်တန်းလက်နှိပ် စက်ရိုက်(၁)ဦး၊ ယာဉ်မောင်းစက်ပြင် - ၄(၁)ဦး၊ ယာဉ်မောင်းစက်ပြင် - ၅(၁)ဦး၊ တောကြပ်(၁)ဦး၊ ရုံးအကူ(၁)ဦး၊ သန့်ရှင်းရေးအကူ(၃)ဦး၊ ရုံးစောင့်(၂)ဦး၊ စုစုပေါင်း(၃၅)ဦးတို့ဖြင့် ခန့်ထားဆောင် ရွက်လျက်ရှိပါသည်။ 
 
သင်တန်းကာလ
၇။ မြန်မာနိုင်ငံသစ်တောကျောင်းမှာ အခြေအနေ၊ အချိန်အခါနှင့် လိုအပ်ချက်များအရ (၂)နှစ် သင်တန်း၊ တစ်နှစ်ခွဲသင်တန်း၊ (၉)လသင်တန်းစသည်ဖြင့် သင်တန်းကာလများ ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ ထို့အပြင် အထူးသင်တန်းအနေဖြင့် အခြေခံသစ်တောပညာအထူး (၃)လသင်တန်းကို လည်း ဖွင့်လှစ်သင်ကြားခဲ့ပါသည်။
၈။ ယခု ၂၀၁၈ခုနှစ်၊ မေလမှစတင်၍ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၄)ကို သင်တန်းကာလ(၂)နှစ် သတ်မှတ်၍ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပါသည်။

 

စဉ်

ခုနှစ်

သင်တန်းအမှတ်စဉ်

သင်တန်းကာလ

မှတ်ချက်

၁၉၉၁ ခုနှစ်မှ ၂၀၀၁-၂၀၀၃ ခုနှစ်အထိ

(၈၇) မှ (၉၇ )အထိ

(၂) နှစ်

 

၂၀၀၂ ခုနှစ် မှ ၂၀၀၉-၂၀၁၀ ခုနှစ် အထိ

( ၉၆ ) မှ (၁၀၄)

(၁) နှစ် (၆) လ

 

၂၀၀၉-၂၀၁၀ ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိ

( ၁၀၅) မှ (၁၁၃)အထိ

(၉) လ

 

၂၀၁၈ ခုနှစ် မေလမှစတင်၍

(၁၁၄)

(၂) နှစ်

 

 

သင်တန်းသားအရည်အချင်းသတ်မှတ်ချက်

၉။ မြန်မာနိုင်ငံသစ်တောကျောင်းမှာ အခြေအနေ၊ အချိန်အခါနှင့်လိုအပ်ချက်များအရ (၂)နှစ်သင် တန်း၊ တစ်နှစ်ခွဲသင်တန်း၊ (၉)လသင်တန်းစသည်ဖြင့် သင်တန်းကာလများ ပြောင်းလဲဖွင့်လှစ်ခဲ့သကဲ့သို့ သင်တန်းသားအရည်အချင်းသတ်မှတ်ချက်များလည်း ပြောင်းလဲခဲ့ပါသည်။

၁၀။ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်း တို့မှ အသက်(၃၅)နှစ်အောက် တောခေါင်း/ ချောင်းခေါင်းလုပ်သက် (၂)နှစ်ပြည့်ပြီးသူများကို ပညာ အရည်အချင်းသတ်မှတ်၍ သင်တန်းသားရေးဖြေ ဖြေဆိုအောင်မြင်သူများအား ကျန်းမာရေး စစ်ဆေးပြီး အောင်မြင်သူများတက်ရောက်ခွင့်ရရှိကြပါသည်။

 

၁၁။ အခြေခံသစ်တောပညာ(၂)နှစ်သင်တန်း၊ အမှတ်စဉ်(၁၁၄) ၊ သင်တန်းသားများမှာ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ အသက်(၃၅)နှစ်အောက် တောခေါင်း လုပ်သက်(၂)နှစ်နှင့်အထက် ပညာအရည်အချင်း အခြေခံပညာအထက်တန်းအောင်သတ်မှတ်၍ ရေးဖြေ ဖြေဆိုအောင်မြင်သူများအား ကျန်းမာရေးစစ်ဆေးပြီး အောင်မြင်သူများကို တက်ရောက်စေခဲ့ပါသည်။

စဉ်

ခုနှစ်

သင်တန်းအမှတ်စဉ်

သင်တန်းကာလ

မှတ်ချက်

၁၉၉၁ ခုနှစ် မှ ၂၀၀၃ခုနှစ် အထိ

(၈၇ မှ ၉၇ အထိ)

(၂) နှစ်

အသက် (၃၅) နှစ်အောက် တောခေါင်းရာထူးလုပ်သက် (၂) နှစ် ၊ အခြေခံပညာအလယ်တန်းအောင်

၂၀၀၂ ခုနှစ် မှ၂၀၁၀ ခုနှစ် အထိ

( ၉၆ မှ ၁၀၄ အထိ)

(၁) နှစ် (၆) လ

အသက် (၃၅) နှစ်အောက် တောခေါင်းရာထူးလုပ်သက် (၂) နှစ် ၊ အခြေခံပညာအလယ်တန်းအောင်

၂၀၀၉ ခုနှစ် မှ ၂၀၁၇ ခုနှစ် အထိ

( ၁၀၅ မှ ၁၁၃ အထိ)

(၉) လ

အသက် (၃၅) နှစ်အောက် တောခေါင်းရာထူးလုပ်သက် (၂) နှစ် ၊ အခြေခံပညာအလယ်တန်းအောင်

၂၀၁၈ ခုနှစ် မေလမှစတင်၍ ၁၁၄ (၂) နှစ်

အသက် (၃၅) နှစ်အောက် တောခေါင်းရာထူးလုပ်သက် (၂)နှစ်၊ အခြေခံပညာအထက် တန်းအောင်၊ ဘွဲ့ရအသက် (၄၀)နှစ်အထိ

 

၇။    သင်ကြားပို့ချသည့် ဘာသာရပ်များ     

စဉ်

ဘာသာရပ်

မှတ်ချက်

သစ်တောမူဝါဒနှင့် ဉပဒေ

ပထမနှစ်

သစ်တောစိုက်ပျိုးပြုစုခြင်း

ပထမနှစ်

သစ်တောစီမံအုပ်ချုပ်ခြင်း

ပထမနှစ်

သစ်တောအသုံးချခြင်း

ပထမနှစ်

သစ်တောကာကွယ်ခြင်း

ပထမနှစ်

ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့် စီမံခန့်ခွဲမှု

ပထမနှစ်

မြေတိုင်းတာခြင်းနှင့် မြေပုံဆွဲခြင်း

ပထမနှစ်

ရုက္ခဗေဒ

ပထမနှစ်

လူမှုသစ်တော

ပထမနှစ်

၁၀

သစ်ထုတ်ခြင်း

ပထမနှစ်

၁၁

သစ်တောအင်ဂျင်နီယာ

ပထမနှစ်

၁၂

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ပထမနှစ်

၁၃

အခြေခံကွန်ပြူတာ

ပထမနှစ်

သစ်တောမူဝါဒနှင့် ဉပဒေ

ဒုတိယနှစ်

သစ်တောစိုက်ပျိုးပြုစုခြင်း

ဒုတိယနှစ်

သစ်တောစီမံအုပ်ချုပ်ခြင်း

ဒုတိယနှစ်

သစ်တောအသုံးချခြင်း

ဒုတိယနှစ်

သစ်တောကာကွယ်ခြင်း

ဒုတိယနှစ်

ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့် စီမံခန့်ခွဲမှု

ဒုတိယနှစ်

မြေတိုင်းတာခြင်းနှင့် မြေပုံဆွဲခြင်း

ဒုတိယနှစ်

ရုက္ခဗေဒ

ဒုတိယနှစ်

လူမှုသစ်တော

ဒုတိယနှစ်

၁၀ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး ဒုတိယနှစ်
၁၁ ရေဝေရေလဲနှင့်ဒီရေတောများစီမံအုပ်ချုပ်ခြင်း ဒုတိယနှစ်
၁၂ Arc GIS / Global Mapper  ဒုတိယနှစ်

 

၁၂။  ဖော်ပြပါ ဘာသာရပ်များအပြင် ဌာန/ပြင်ပပုဂ္ဂိုလ် /အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ မြန်မာရိုးရာသိုင်း၊ အခြေခံရှေးဦးပြုစုခြင်းများကိုပါတတ်မြောက်အောင် သင်ကြားပါသည်။   ဌာန/ ပြင်ပပုဂ္ဂိုလ်/ အဖွဲ့အစည်းများမှ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ဥပဒေတရား စီရင်ရေးဆိုင်ရာဟောပြောခြင်း၊ REDD + အကြောင်းနှင့် အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ အကြောင်းဟောပြောခြင်း၊ တောရိုင်းတိရိစ္ဆာန်များထိန်းသိမ်းခြင်းနှင့် တရားမဝင်ကူးသန်းရောင်း ဝယ်ခြင်းကို ဟန့်တားထိန်းချုပ်ခြင်းအကြောင်း ဟောပြောခြင်းနှင့် သရုပ်ပြပို့ချခြင်းများ ဆောင်ရွက်ရပါသည်။
 
တောတွင်းလက်တွေ့လုပ်ငန်းဆောင်ရွက်ခြင်း
၁၃။ မြန်မာနိုင်ငံသစ်တောကျောင်း၊ သင်တန်းသားများအနေဖြင့် စာတွေ့သင်ကြားပို့ချခြင်းများအပြင် မြန်မာနိုင်ငံသစ်တောကျောင်း၊ လေ့ကျင့်ရေးသစ်တော(၅၀၀)ဧကအတွင်း အပတ်စဉ် ဘာသာ ရပ်အလိုက် လက်တွေ့ဆောင်ရွက်ကြရပါသည်။ 
၁၄။ ထို့အပြင် သင်တန်းကာလ(၂)နှစ်တာကာလအတွင်း တောတွင်းလက်တွေ့လုပ်ငန်းဆောင် ရွက်ခြင်းကို ပထမနှစ်တွင်(၃)လ၊ ဒုတိယနှစ်တွင်(၃)လ စုစုပေါင်း(၆)လ ဆောင်ရွက်ကြရပါသည်။
 
မြန်မာနိုင်ငံသစ်တောကျောင်းသင်တန်းသားများစာရင်း
၁၅။ ၁၈၉၈ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်း မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းဆင်းသင်တန်းသား ပေါင်း(၆၂၃၇)ဦးရှိပြီး ယခု ၂၀၁၈ခုနှစ်၊ မေလမှစတင်သော အမှတ်စဉ်(၁၁၄)အခြေခံသစ်တော ပညာ(၂)နှစ်သင်တန်းတွင် သစ်တောဦးစီးဌာနမှ(၃၃)ဦး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာနမှ (၂၃)ဦး၊ စုစုပေါင်းသင်တန်းသား(၅၆)ဦးတက်ရောက်သင်ကြားလျက်ရှိပါသည်။
 
လက်ရှိဆရာအင်အား
၁၆။ ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်းတွင် ကျောင်းအုပ်ကြီး(၁)ဦး၊ ဒုတိယကျောင်းအုပ်ကြီး(၁)ဦး၊ လက်ထောက်ကထိက(၇)ဦး၊ နည်းပြ(၄)ဦး၊ မြန်မာ့သစ်လုပ်ငန်းမှ လက်ထောက်မန်နေဂျာ(၁)ဦး၊ စုစုပေါင်းဆရာ (၁၄)ဦးဖြင့် သင်ကြားလျက်ရှိပါသည်။
 
ကျောင်းတွင်းအားကစားလှုပ်ရှားမှုများ
၁၇။ အားကစားလှုပ်ရှားမှုများအနေဖြင့် တပ်စိတ်အလိုက် ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော် ခြင်း၊  စာပွဲတင်တင်းနစ်၊ စစ်တုရင်ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲများ နှစ်စဉ်ကျင်းပပေးပြီး ပြိုင်ပွဲ အလိုက် ဆုတံဆိပ်များ ချီးမြှင့်ပေးခဲ့ပါသည်။
 
ကျောင်းတွင်းလူမှုရေးလှုပ်ရှားမှုများ 
၁၈။ ကျောင်းတွင်းလူမှုရေး လှုပ်ရှားမှုများအနေဖြင့်  သင်တန်းသားများနှင့် ရုံးအဖွဲ့များ ထမနဲထိုး ပြိုင်ပွဲကျင်းပပြုလုပ်ခြင်း၊ ပြင်ဦးလွင်မြို့၊ ကံဦးကျောင်းတိုက်၌ သံဃာ့ဒါနဆွမ်းလောင်းလှူပွဲတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း၊ ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း များ ဆောင်ရွက်ခဲ့ပါသည်။
 
ဌာနမှပံ့ပိုးမှု
၁၉။ သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း သင်တန်းသား(၁)ဦးလျင် တစ်ရက် ၅၀ဝိ/- ၊ တောတွင်း လက်တွေ့ကွင်းဆင်းသည့် ကာလများတွင် သင်တန်းသား(၁)ဦးလျင် တစ်ရက် ၁၀၀ဝိ/- နှုန်း ပံ့ပိုးပေးပါ သည်။
 
စာမေးပွဲစစ်ဆေးခြင်း
၂၀။ သင်တန်းသားများအား သင်တန်းကာလအတွင်း စာမေးပွဲ(၂)ကြိမ်စစ်ဆေးပါသည်။ ပထမ နှစ်၀က်ရေးဖြေစာမေးပွဲနှင့် ဒုတိယနှစ်၀က်အပြီးသတ်ရေးဖြေစာမေးပွဲများကို ကျင်းပပြုလုပ်ပြီးနောက် လူတွေ့နှုတ်ဖြေစာမေးပွဲကို ပြင်ပပုဂ္ဂိုလ်များဖြင့် စစ်ဆေးပါသည်။ 
 
ဆုချီးမြှင့်မှုအခြေအနေ
၂၁။ သင်တန်းဆင်းပွဲကျင်းပပြုလုပ်ပြီး ဘက်စုံထူးချွန်ကျောင်းသားဆု၊ ဒုတိယဘက်စုံထူးချွန် ကျောင်းသားဆု၊ အားကစားထူးချွန်ဆု၊ လက်တွေ့ထူးချွန်ဆု၊ စာပေထူးချွန်ဆု၊ ဘာသာရပ်အလိုက် ထူးချွန်ဆု(၈)ဆုကို ရမှတ်များအလိုက် ချီးမြှင့်ပေးပါသည်။
၂၂။ ယခင်သင်တန်းဆင်းပွဲများတွင် FREDA ရွှေတံဆိပ်ဆု၊ ရွှေသပြေကုမ္ပဏီက ဘက်စုံထူးချွန် ဆုအတွက် ရွှေ(၁)ကျပ်သား၊ စာပေထူးချွန်အတွက် ရွှေ(၁)ကျပ်သား၊ တင်၀င်းထွန်းကုမ္ပဏီက ပထမဆုအတွက် ငွေကျပ်(၂)သိန်း၊ ဒုတိယဆုအတွက် ငွေကျပ်(၁)သိန်းနှင့် တတိယဆုအတွက် ငွေကျပ်(၅)သောင်းတို့ကို အသီးသီးချီးမြှင့်ပေးကြပါသည်။
၂၃။ သင်တန်းသားများအနေဖြင့် သင်တန်းတက်ရောက်အောင်မြင်ပြီးပါက မူရင်းဌာနတွင် တစ်ဆင့်မြင့်ရာထူးကိုပါ တိုးမြှင့်ခံစားရရှိကြပါသည်။