စီမံကိန်း လုပ်ငန်းဆောင်ရွက်ချက်များ အကျဉ်းချုပ်

စီမံကိန်း အမည်-
“အာဆီယံ-ကိုရီးယား သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့် ပညာပေးရေး သင်တန်းကျောင်း တည်ထောင်ခြင်း စီမံကိန်း” (Establishment of ASEAN-Korea Forest Cooperation Regional Education and Training Centre - AFoCo RETC)
မျှော်မှန်းချက်
- ကမ္ဘာ့အသိအမှတ်ပြု အပြည်ပြည်ဆိုင်ရာ သစ်တောကဏ္ဍလေ့ကျင့်ပညာပေး သင်တန်း ကျောင်းတစ်ခု ပေါ်ထွန်းလာစေရန်
- အာရှဒေသ ပိုမိုစိမ်းလန်းစိုပြေလာစေရေး ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ်များ ဆောင် ရွက်မည့် ခေါင်းဆောင်များအား လေ့ကျင့်သင်ကြားပေးရန်
ရည်မှန်းချက်
- သစ်တောကဏ္ဍဆိုင်ရာ အစိုးရဝန်ထမ်းများ၊ ကျွမ်းကျင်သူများကို စွမ်းဆောင်ရည် မြှင့်တင် ပေးနိုင်ရန်၊
- အာရှဒေသတွင်း ထာဝစဉ်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ အသိပညာနှင့် သတင်းအချက်အလက်များ ဖလှယ်နိုင်စေရန်အတွက် ကွန်ယက်များ တည်ဆောက်ရန်၊
- AFoCo အဖွဲ့ဝင်နိုင်ငံများအတွင်း ဖွံဖြိုးတိုးတက်မှု ခြားနားချက်များကို ကျဉ်းမြောင်းစေရန်၊
- ရာသီဥတုပြောင်းလဲမှု လျော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရန်၊
- ဒေသခံများ၏ စီပွားရေးနှင့် လူနေမှုဘဝ မြင့်မားလာစေရေး အထောက်အကူပြုနိုင်ရန်
ဆောင်ရွက်မည့်အစီအစဉ်များ
သစ်တောဦးစီးဌာန၊ ကိုရီးယား သစ်တောဌာန (KFS) နှင့် AFoCo Secretariat တို့ ပူးပေါင်း ဆောင်ရွက်သော ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် တည်ရှိသည့် အာဆီယံ-ကိုရီးယား သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (AFoCo RETC) ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် တည်ဆောက်ပြီးစီးကာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
အာဆီယံ-ကိုရီးယား သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (AFoCo) အား ၂၀၁၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (AFoCO) သို့ တိုးချဲ့ဖွဲ့စည်းခဲ့သောကြောင့် သင်တန်းကျောင်းကို အာရှဒေသ အဆင့် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) ဟု ပြောင်းလဲခေါ်ဆိုခဲ့ပါသည်။
စီမံကိန်းကာလအတွင်း AFoCO RETC သင်တန်းကျောင်းတွင် အာရှဒေသတွင်းရှိ အဖွဲ့ဝင် နိုင်ငံများမှ သစ်တောကဏ္ဍနှင့် ဆက်စပ်နေသည့် ဝန်ထမ်းများ၊ သစ်တောပညာရပ် နယ်ပယ်မှ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံ ပြည်သူ များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ တက်သိပညာရှင်များဖြင့် ကာလတို/ ကာလလတ်/ ကာလရှည်အစီအစဉ်များ၊ အထူးသီးသန့် သင်တန်းများ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဖွင့်လှစ်ပြီးဖြစ်သည့် သင်တန်းများ
သင်တန်းကျောင်းတွင် (၁) ရှိရင်းသစ်တောများ ပြန်လည်ထူထောင်ခြင်းနှင့် သစ်တောများ ပြန်လည်စိုက်ပျိုးခြင်း ၊ (၂) သစ်တောမီး စီမံအုပ်ချုပ်ခြင်းနှင့် (၃) ဒေသခံပြည်သူအခြေပြု သစ် တောစီမံအုပ်ချုပ်မှု စသည့် သင်တန်း ခေါင်းစဉ် (၃) ခုကို အဓိကထားဖွင့်လှစ်ပါသည်။ သင်တန်း ကျောင်းစတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် မတ်လအထိ ရှိရင်းသစ်တောများ ပြန်လည်ထူထောင်ခြင်းနှင့် သစ်တောများပြန်လည်စိုက်ပျိုးခြင်း သင်တန်း (၆) ကြိမ်၊ သစ်တောမီး စီမံအုပ်ချုပ်ခြင်းသင်တန်း (၃) ကြိမ်၊ ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အရ ဒေသခံ ပြည်သူသစ်တော အခြေပြု သစ်တောစီမံအုပ်ချုပ်ခြင်းဆိုင်ရာသင်တန်း (၇) ကြိမ် ဖွင့်လှစ်ခဲ့ပြီး အထူးသီးသန့်သင်တန်း (၈) ကြိမ်၊ ပြည်တွင်း အခြေခံပညာကျောင်းသား/သူ၊ ဆရာ/ဆရာမများ ကိုလည်း တိုးချဲ့ပညာပေးရေးအစီအစဉ် (၂၃) ကြိမ်ခန့် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် စီမံကိန်းကာလတွင် ကိုရီးယား သစ်တောဌာန (KFS) နှင့် AFoCO Secretariat တို့ ပူးပေါင်း၍ သစ်တောဦးစီးဌာနတွင် အသုံးပြုရန်အတွက် မီးငြိမ်းသတ်ယာဉ်ငယ် (၅) စီးအား ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၂) ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကာ အဆိုပါ မီးငြိမ်း သတ်ယာဉ်များအား သစ်တောမီး မကြာခဏ လောင်ကျွမ်းတက်သော ဒေသများရှိ သက်ဆိုင်ရာ သစ်တောဉီးစီးဌာနများတွင် အကျိုးရှိစွာ အသုံးပြုလျက်ရှိပါသည်။