ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆောင်ရွက်ခွင့်လက်မှတ် ထုတ်ပေးနိုင်ရန် ဆောင်ရွက်ရသည့် လုပ်ငန်းအဆင့် (၁၀)ဆင့်

ဒေသခံပြည်သူများ၏ စိဝင်စားမှုအပေါ် မူတည်၍ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်း ဆောင်ရွက်ခွင့် လျှောက်ထားနိုင်ရေးအတွက် သစ်တောဦးစီးဌာန အောက်ဖော်ပြပါ လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် ကွင်းဆင်း စစ်ဆေး စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်-
လုပ်ငန်းစဉ်(၁) တည်ထောင်ခြင်းလုပ်ငန်း ကြီးကြပ်ဆောင်ရွက်ရန် မြို့နယ်အဆင့်၌ဝန်ထမ်းများကို တာဝန်ပေးခြင်း
လုပ်ငန်းစဉ် (၂) ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းဆိုင်ရာသတင်း အချက်အလက်များ မျှဝေခြင်း
လုပ်ငန်းစဉ် (၃) ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အသုံးပြုသူများ အဖွဲ့ ဖွဲ့စည်းခြင်း
လုပ်ငန်းစဉ် (၄) အသုံးပြုသူများအဖွဲ့စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းခြင်း
လုပ်ငန်းစဉ် (၅) ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဆောင်ရွက်ခွင့် လျှောက်ထားလိုသည့် မြေနေရာအား ကနဦး ကွင်းဆင်းစစ်ဆေးခြင်း
လုပ်ငန်းစဉ် (၆) ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော လုပ်ငန်း ဆောင်ရွက်ခွင့်လျှောက်လွှာတင်ခြင်း
လုပ်ငန်းစဉ် (၇) လျှောက်ထားသည့်မြေနေရာအား ကွင်းဆင်း အတည်ပြုခြင်း
လုပ်ငန်းစဉ်(၈) အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲတင်ပြခြင်း
လုပ်ငန်းစဉ် (၉) ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့်လက်မှတ် ထုတ်ပေးခြင်း
လုပ်ငန်းစဉ် (၁၀) အသုံးပြုသူအဖွဲ့မှ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း