ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်အတွင်းမှ တရားမ၀င်သစ်တင် ပဲ့ထောင်လှေ(၂)စီး ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ဗန်းမော်မြို့ နယ်ဦးစီးအရာရှိ ခေါင်းဆောင် သော အဖွဲ့သည် (၂၂.၈.၂၀၁၂) ၁၁း၃၅ နာရီအချိန်တွင် ကမ္ဘားနီ ကျေးရွာအနီး နန့်စတီးချောင်းကမ်းဘေး ပဲ့ထောင်လှေ (၂)စီးပေါ်တွင် တရားမ၀င် သယ်ဆောင် လာသော သစ်မာ စုစုပေါင်း (၄.၀၁၉၀) တန်နှင့် ကင်ဘို ၁၆ ကောင်အင်ဂျင် တပ်ဆင်ထားသော အလျား-၄၁ ပေ ၊အနံ-၆ ပေ ၊စောက်-၃ ပေ၊ ကင်ဘို ၁၆ ကောင်အင်ဂျင်တပ်ဆင်ထားသော အလျား-၃၈ ပေ ၊အနံ-၆ ပေ ၊စောက်-၃ ပေ တို့အား ဖမ်းဆီးရမိခဲ့ပါသည်။