အမျိုးသားမြေအသုံးချမှုမူဝါဒ(မူကြမ်း)အပေါ် ဒုတိယအကြိမ်ကျွမ်းကျင်သူစားပွဲဝိုင်းဆွေးနွေးပွဲ (2nd Expert Round Table Meeting) ကျင်းပမည်

ပထမအကြိမ် ကျွမ်းကျင်သူစားပွဲဝိုင်းဆွေးနွေးပွဲ ရလဒ်များနှင့် ထပ်မံဖြည့်စွက်အကြံပြု ချက်များ၊ စာဖြင့်ရေးသားပေးပို့သည့် အကြံပြုဝေဖန်ချက်များအပေါ် ဆွေးနွေးရန် ဒုတိယ အကြိမ် ကျွမ်းကျင်သူစားပွဲဝိုင်းဆွေးနွေးပွဲကို ၉-၃-၂၀၁၅ ရက်နေ့မှ ၁၁-၃-၂၀၁၅ ရက်နေ့အထိ ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် နေ့စဉ်နံနက် ၀၉:၀၀ နာရီမှ ညနေ ၀၅:၀၀ နာရီ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများအနေဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးလိုပါက ဦးတင်မောင်သန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ နေပြည်တော်၊ ဖုန်း ၀၆၇-၄၀၅၄၂၈၊ ၀၉-၂၆၀၁၁၄၁၅၅၊ Fax; ၀၆၇-၄၀၅၄၂၈ နှင့် ၀၆၇-၄၀၅၄၂၇၊ e-mail: [email protected]သို့ ဆက်သွယ်ပြီး အမည်စာရင်းပေးပို့ နိုင်ကြောင်းနှင့် မတက်ရောက်နိုင်ပါကလည်း အင်တာနက်စာမျက်နှာ http://www.fdmoecaf. gov.mm/law တွင် ဖတ်ရှုလေ့လာပြီး အမျိုးသားမြေအသုံးချမှုမူဝါဒ (မူကြမ်း)အပေါ် အကြံပြု ချက်၊ ဝေဖန်သုံးသပ်ချက်များပေးပို့နိုင်ကြောင်း သတင်းရရှိသည်။