ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား PanAust Limited မှ Chief Representative Myanmar Mr. Shaun Massey နှင့်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း ( နေပြည်တော်၊ ၁၈ - ၃ - ၂၀၁၅ )

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်အား PanAust Limited မှ Chief Representative Myanmar Mr. Shaun Massey နှင့် Myanmar Energy Resourses Group မှ Chief Executive Officer ဦးဖုန်းမြင့်သောင်း ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ၁၈-၃-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၂:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးရာတွင် PanAust Limited မှ ရွှေနှင့် သတ္တုတူးဖော်ရေးအတွက် မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်အခြေအနေ၊ သတ္တုတူးဖော်လုပ်ကိုင်ဆောင်ရွက်ရာ ပတ်၀န်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အကောင်အထည်ဖော်ရမည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။