ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား သြစတြေးလျနိုင်ငံအခြေစိုက် WOODSIDE ENERGY ကုမ္ပဏီမှ CEO နှင့် Managing Director ဖြစ်သူ Mr. Peter Coleman ဦးဆောင်သည့် အဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း(နေပြည်တော်)

(နေပြည်တော်၊ ၁၃-၅-၂၀၁၅)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်အား သြစတြေးလျနိုင်ငံအခြေစိုက် WOODSIDE ENERGY ကုမ္ပဏီမှ CEO နှင့် Managing Director ဖြစ်သူ Mr. Peter Coleman ဦးဆောင် သည့်အဖွဲ့မှ ယနေ့ ၁၃-၅-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၁၄:၀၀ နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ မြေတိုင်းဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးစောလှနိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ကမ်းရိုးတန်းဒေသ ကမ်းလွန်ရေနံတူးဖော်ရေး အတွက် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်း (ESIA) လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူတို့နှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်း ဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလေး ထားဆောင်ရွက်ရေး၊ ဒေသခံပြည်သူတို့၏ ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အလေးပေး ထည့်သွင်းဆောင်ရွက်ရေးစသည်တို့နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးကြ ကြောင်း သတင်းရရှိသည်။