ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား Panasonic Asia Pacific Pte. Ltd. (မြန်မာရုံးခွဲ) ၏ Chief Representative ဖြစ်သူ Mr. Hisakazu Maeda ဦးဆောင်သည့် အဖွဲ့မှ လာရောက်တွေ့ဆုံ (နေပြည်တော်၊ ၂၆-၅-၂၀၁၅)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်အား Panasonic Asia Pacific Pte.Ltd.(မြန်မာရုံးခွဲ)၏ Chief Representative ဖြစ်သူ Mr. Hisakazu Maeda ဦးဆောင်သည့် အဖွဲ့မှ (၂၆-၅-၂၀၁၅) ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့ တက်ရောက်ခဲ့ကြသည်။
ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် Panasonic Asia Pacific Pte. Ltd. မှ ဥရောပနှင့် အာရှ-ပစိဖိတ်ဒေသအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေး ဆောင်ရွက်ပေးလျက်ရှိသည့် အစီ အစဉ်များ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့တွင် ဆောင်ရွက်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာပေး အစီအစဉ်အမျိုးမျိုးနှင့် အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံတွင် ဆောင်ရွက် ရန် အဆိုပြုလိုသည့် Eco Education Programme စသည်တို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ပါသည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် ပညာပေးအစီအစဉ်များ၏ အရေးပါ မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ မူလတန်းနှင့်အလယ်တန်း ကျောင်းသားသူငယ်များတွင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသိစိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး သင်ကြားပေးခြင်းဖြင့် ယင်းတို့ ၏မိသားစုနှင့်အိမ်နီးချင်းများမှတစ်ဆင့် ရပ်ရွာအဆင့်အထိ အသိပညာပြန့်ပွားနိုင်မှုများ၊ စွန့်ပစ် လျှပ်စစ်ပစ္စည်းများဆိုင်ရာ ပညာပေးရေးနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ အတွေ့အကြုံများ စသည်တို့နှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။