ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘူလ်ဂေးရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာအက်ဖ်ဂဲနီ စတဲဖနော့ဖ် စတွိုင်းချက်ဗ်မှ လာရောက်တွေ့ဆုံ (နေပြည်တော်၊၂၇-၅-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘူလ်ဂေးရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာအက်ဖ်ဂဲနီ စတဲဖနော့ဖ် စတွိုင်းချက်ဗ် မှ ယနေ့ ၂၇-၅-၂၀၁၅ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့ တက်ရောက်ခဲ့ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၏ ရေရှည်တည်တံ့သော သစ်တောသယံဇာတများရရှိစေရေးအတွက် မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်း၍ စီမံအုပ်ချုပ်နေမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်နေမှု၊ အင်းလေးကန်ဒေသအား လူသားနှင့် ဇီဝအဝန်းကြိုးဝိုင်းအဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက် နေမှု၊ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒကိုအခြေခံ၍ ဥပဒေ၊ နည်းဥပဒေ၊ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်း များရေးဆွဲနေမှုနှင့် မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အမျိုးသားမြေအသုံးချမှုမူဝါဒနှင့် အမျိုးသားမြေအရင်းအမြစ် ဥပဒေပေါ် ပေါက်လာရေးဆောင်ရွက်နေမှု စသည်တို့နှင့်ပတ်သက် ၍ ဆွေးနွေးကြပါသည်။
ဆက်လက်၍ ဘူလ်ဂေးရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သစ်တောစီမံအုပ်ချုပ်မှု ဆိုင်ရာ နည်းပညာဖလှယ်ရေး၊ သစ်အခြေခံစက်မှုလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေး၊ မြေပုံ စနစ်နှင့်ပတ်သက်သည့် နည်းပညာပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။