ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား Hong Kong Myanmar Chamber of Commerce မှ Founding Chairman နှင့် World Green Organization ၏ Chairman ဖြစ်သူ Mr. Albert Oung ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ ၅-၆-၂၀၁၅

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်အား Hong Kong Myanmar Chamber of Commerce မှ Founding Chairman နှင့် World Green Organization ၏ Chairman ဖြစ်သူ Mr. Albert Oung ဦးဆောင်သောအဖွဲ့မှ ယနေ့ ၅-၆-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၁၄:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း တို့ တက်ရောက်ခဲ့ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ပုဂံဒေသအား Green City ပုံစံ ဆောင်ရွက်နိုင်ရေး အတွက် အခြေခံအချက်အလက်များ ဆန်းစစ်လေ့လာမှု၊ ပြည်သူများ ပူးပေါင်းပါဝင် သည့် ပလပ်စတစ်အမှိုက်များကင်းစင်ရေး လှုပ်ရှားဆောင်ရွက်နေမှုမှသည် Green Myanmar Campaign အထိ တိုးမြှင့်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်မည့် အစီအစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ပြီး သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်း (Ecotourism) မြှင့်တင်ရန်အတွက် ရည်ရွယ်၍ Green Myanmar Booklet ကို အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ မြန်မာ ဘာသာများဖြင့် ထုတ်ဝေရန်စီစဉ်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အဆိုပါအဖွဲ့မှ ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။