“မြန်မာနိုင်ငံ ဇီဝမျိုးစုံမျိုးကွဲ အချက်အလက် များ ဖြန့်ချိဖလှယ်ရေးစနစ် ရေးဆွဲအကောင်အထည်ဖော်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ Workshop on Myanmar Biodiversity Clearing-House Mechanism - CHM” ကျင်းပ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN) တို့ ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိသော နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (NBSAP) Update ပြုလုပ်ရေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် “မြန်မာနိုင်ငံ ဇီဝမျိုးစုံမျိုးကွဲ အချက်အလက် များ ဖြန့်ချိဖလှယ်ရေးစနစ် ရေးဆွဲအကောင်အထည်ဖော်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ Workshop on Myanmar Biodiversity Clearing-House Mechanism - CHM” ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ Grand Amara Hotel ၊ နေပြည်တော်၌ ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဆက်စပ်ဝန်ကြီးဌာန၊ NGO/ INGO၊ ပြည်တွင်းနည်းပညာ ကုမ္ပဏီ နှင့် IUCN တို့မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေး အကြံပြုခဲ့ပါသည်။