မြန်မာနိုင်ငံရှိ သစ်တောသယံဇာတများအား ဆန်းစစ်လေ့လာခြင်းဆိုင်ရာ နိုင်ငံအဆင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်

၆−၈−၂၀၁၅၊ နံနက် ၉:၀၀ နာရီ၊ Lake Garden Hotel၊ နေပြည်တော်

အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကိုရီးယားသစ်တောဌာန (KFS) နှင့် အာဆီယံ-ကိုရီးယား သစ်တောပူးပေါင်း ဆောင်ရွက်မှု စီမံကိန်း (AFoCo) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆက်စပ်ဌာနများ မှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနဲ့ ဖိတ်ကြားထားသော ဧည့်သည် များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။