ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr. Daniel Zohar Zonshine နှင့် CEO of Greenforest Consulting Limited and Former National Forest Commissioner Dr.Nir Atzmon လာရောက်တွေ့ဆုံ

(နေပြည်တော်၊ ၁၈-၈-၂၀၁၅)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr. Daniel Zohar Zonshine နှင့် CEO of Greenforest Consulting Limited and Former National Forest Commissioner, Dr. Nir Atzmon တို့မှ ယနေ့ ၁၈-၈-၂၀၁၅ ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင် နှင့် သစ်တောတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်ဦးတို့ တက်ရောက်ခဲ့ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် သဘာဝတောများပြုစုထိန်းသိမ်းခြင်းနှင့် သစ်တော စိုက်ခင်းတည်ထောင်ခြင်းနည်းစနစ်၊ ပုဂ္ဂလိကပိုင်စိုက်ခင်းအပါအဝင် စီးပွားရေး စိုက်ခင်းတည်ထောင်ခြင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက် ခြင်းဆိုင်ရာကိစ္စရပ်များ၊ သစ်တောသုတေသနနှင့် သစ်တောတက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ သစ်တောကဏ္ဍ ဆိုင်ရာသုတေသနနှင့် ပညာရပ်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ ရပ်များ စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။