(၁၁)ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပခြင်းသတင်း (၁၉-၈-၂၀၁၅ ၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEAN Secretariat) တို့ပူးပေါင်း၍ (၁၁)ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် နေပြည်တော်၊ The Hotel Royal ACE ၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင် ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပတ်၀န်းကျင်ဆိုင်ရာအရာရှိကြီးများ၊ အာဆီယံ အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၄၀)ဦး တက်ရောက်ကြပါသည်။
အဆိုပါ လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မဲခေါင်ဒေသခွဲနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဆိုင်ရာ ဝန်ကြီးအဆင့် ဦးဆောင်ကော်မတီအစည်းအဝေး၏ လုပ်ငန်းအစီအစဉ်များနှင့် သုံးသပ်ချက်များ၊ Air 4 ASEAN မိုးဘိုင်းဖုန်းအသုံးပြု၍ ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း၊ တောမီးနှင့် မီးခိုးမြူငွေ့ဖြစ်ပွားမှုများနှင့် မိုးလေ၀သအခြေအနေခန့်မှန်းချက်များ၊ မီးဘေးကြိုတင်အချက်ပေး စနစ်ဆိုင်ရာကိစ္စရပ်များ၊ မဲခေါင်ဒေသခွဲနိုင်ငံအသီးသီးတွင် ဆောင်ရွက်လျက်ရှိသည့် အမျိုးသား အဆင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး အစီအစဉ်များအားလည်းကောင်း၊ အာဆီယံမိုးလေဝသ ဌာနမှ မဲခေါင်ဒေသခွဲနိုင်ငံများ၏ တောမီးနှင့် မီးခိုးမြူငွေ့ထိန်းချုပ်မှုဆိုင်ရာညွှန်းကိန်းများ၊ မီးခိုမြူ ငွေ့ညစ်ညမ်းမှုလျှော့ချရေး ရည်မှန်းကိန်းများ၊ တောမီးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းခြင်း စီမံခန့်ခွဲမှုဆိုင် ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အရှေ့တောင်အာရှ သစ်ဆွေးမြေ ရေရှည်စီမံအုပ်ချုပ်မှုဆိုင်ရာ စီမံကိန်း များနှင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဆောင်ရွက်မည့် အရှေ့တောင်အာရှသစ်ဆွေးမြေ စီမံကိန်း များ၊ ၂၀၁၅ အလွန် အာဆီယံအသိုက်အဝန်း၏ ရည်မှန်းချက်များနှင့် အာဆီယံဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ပါသည်။
၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့၌ ပဉ္စမအကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဆိုင်ရာ ဝန်ကြီးအဆင့် ဦးဆောင်ကော်မတီ အစည်းအဝေးကို ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။