အမျိုးသားမြေအသုံးချမှု မူဝါဒသုံးသပ်ရေး အထောက်အကူပြုလုပ်ငန်း အဖွဲ့အစည်းအဝေးကျင်းပ (၂၆-၈-၂၀၁၅၊ နေပြည်တော်)

အမျိုးသားမြေအသုံးချမှု မူဝါဒသုံးသပ်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ အစည်းအဝေးအား သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ယနေ့ (၂၆-၈-၂၀၁၅)ရက်နေ့ မွန်းလွဲ (၁၃:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ လုပ်ငန်းအဖွဲ့ဝင်များဖြစ်သော ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။