ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် အား ဘရာဇီးနိုင်ငံသံအမတ်ကြီး H.E. Mr. Alcides G. R. Prates မှ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း (နေပြည်တော်၊ ၁၃-၁၀-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် အား ဘရာဇီးနိုင်ငံသံအမတ်ကြီး H.E. Mr. Alcides G. R. Prates မှ ယနေ့
၁၃-၁၀-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၁၂:၃၀ နာရီတွင် သစ်တောဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင် တို့ တက်ရောက်ခဲ့ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် သစ်တောထိန်းသိမ်းရေး၊ မြေ အသုံးချမှု ပြောင်းလဲ ခြင်းအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရာသီဥတု ပြောင်းလဲမှု လျော့ပါးစေရေး နှင့် လိုက်လျောညီထွေ ဖြစ်စေရေးဆိုင်ရာ ကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ ကိစ္စရပ်များ စသည်တို့နှင့်ပတ်သက်၍ နှစ်နိုင်ငံ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် အမြင်ချင်းဖလှယ်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် နည်းပညာအကူအညီ၊ စွမ်းဆောင်ရည် မြှင့်တင်မှု အစီအစဉ်များ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ ကြောင်း သတင်းရရှိသည်။