National REDD+ Academy Trainging ဖွင့်ပွဲအခမ်းအနား ကျင်းပ (၂၂-၁၀-၂၀၁၅၊ နေပြည်တော်)
သစ်တောပြုန်းတီးခြင်းနှင့် တောအဆင့်အတန်းနိမ့်ကျခြင်းတို့မှ ကာဗွန်ထုတ်လွတ်မှုလျှော့ချ ခြင်း၊သစ်တောထိန်းသိမ်းကာကွယ်ခြင်း၊ စဉ်ဆက်မပြတ်စီမံအုပ်ချုပ်ခြင်းနှင့် သစ်တောကာဗွန် ရင်းမြစ်များ ပိုမိုတိုးမြှင့်စေခြင်းလုပ်ငန်းစဉ်များဆိုင်ရာ အထူးပညာရပ်သင်တန်း National REDD+ Academy Trainging ဖွင့်ပွဲအခမ်းအနားကို (၂၂-၁၀-၂၀၁၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် နေပြည်တော် The Grand Amara Hotel ၌ကျင်းပရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


