NBSAP အကောင်အထည်ဖော်ခြင်းအတွက် အမျိုးသားအဆင့် ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့၊ ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စောင့်ကြည့်လေ့လာခြင်း၊ အကဲ ဖြတ်ခြင်းနှင့် စံညွှန်းကိန်းချမှတ်ခြင်းဆိုင်ရာ အကြံပြုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

NBSAP (၂၀၁၅-၂၀၂၀) အကောင်အထည်ဖော်ခြင်းအတွက် အမျိုးသားအဆင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စောင့်ကြည့်လေ့လာခြင်း၊ အကဲဖြတ်ခင်းနှင့် စံညွှန်းကိန်းချမှတ်ခြင်းဆိုင်ရာ အကြံပြုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို (၂၂-၁၀-၂၀၁၅) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် နေပြည်တော် အမရဟိုတယ်၍ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။