“မြန်မာနိုင်ငံရှိ သဘာဝနယ်မြေများ စီမံအုပ်ချုပ်မှု ရေရှည်တည်တံ့ရေးကို မြှင့်တင်ခြင်း” စီမံကိန်း အကောင်အထည်ဖော်ခြင်းဆိုင်ရာ မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းသတင်း (၂၇-၁၀-၂၀၁၅၊ နေပြည်တော်)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မြန်မာနိုင်ငံ အစီ အစဉ်တို့ (၅) နှစ်တာပူးပေါင်း ဆောင်ရွက်မည့် “ မြန်မာနိုင်ငံ ရှိ သဘာဝနယ်မြေများ စီမံအုပ် ချုပ်မှုရေရှည် တည်တံ့ရေးကိုမြှင့်တင်ခြင်း” စီမံကိန်းအကောင်အထည်ဖော်ခြင်းဆိုင်ရာ မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို (၂၇-၁၀-၂၀၁၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် နေပြည်တော်၊ အမရဟိုတယ်၌ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြော ကြားပါသည်။ အမြဲတမ်းအတွင်းဝန်မှ အမှာစကားပြောကြားရာတွင် ဇီဝမျိုးစုံမျိုးကွဲများမှ အမျိုးမျိုး သော ဂေဟစနစ်ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေပြီး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး အောင်မြင်မှု ရရှိရန်၊ စားနပ်ရိက္ခာလုံခြုံစိတ်ချစေရန်၊ ရေအရင်းမြစ်ရေရှည်တည်တံ့ရေး စီမံခန့်ခွဲရန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့့် ထုတ်လုပ်မှု၊ သုံးစွဲမှုရေရှည်တည်တံ့နိုင်ရန်တို့အတွက် ကြီးမား သည့်အခွင့်အလမ်းကို ဂေဟစနစ်ဝန်ဆောင်မှုများမှထောက်ပံ့နေခြင်းဖြစ်ပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ် လျက်ရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များမှ အတည်ပြုခဲ့သည့့် စဉ်ဆက်မပြတ် ဖွံဖြိုး တိုးတက်ရေးဆိုင်ရာ ၂၀၃၀ အစီအစဉ် (2030 Agenda for Sustainable Development)၏ ရည်မှန်းချက်၊ ပန်းတိုင်များတို့တွင် ဇီဝမျိုးစုံမျိုးကွဲ၊ ကျန်းမာသန်စွမ်းသည့် ဂေဟစနစ်များကို အလေးပေးဖော်ပြထားသည်ကို အထင်အရှားတွေ့မြင်ရမည်ဖြစ်ပါ ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ်နှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို ထိန်းသိမ်းကာကွယ် ရန်အတွက် အဓိကမူဝါဒတစ်ရပ်အနေဖြင့် သဘာဝနယ်မြေများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် တည်ထောင်ကြရပါကြောင်း၊ သဘာဝနယ်မြေများမှ ထုတ်ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများစွာကို ပံ့ပိုးပေးလျက်ရှိပြီး သစ်တောအပေါ်အမှီပြုနေထိုင်ရသည့် ဒေသခံပြည်သူများအတွက်အာဟာရ၊ ဆေးဝါး၊ ထင်းလောင်စာနှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ပေးနေသည့် အရင်းအမြစ်လည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးအစားစုံလင်သော ဂေဟစနစ်များကို ကိုယ်စားပြုသည့် သဘာဝ နယ်မြေများ တည်ထောင်ရေးကို အလေးပေးပြီး မြန်မာ့သစ်တောမူဝါဒတွင် ဖော်ပြ ထားသည့် နိုင်ငံဧရိယာ၏(၅)ရာခိုင်နှုန်းကို သဘာဝနယ်မြေအဖြစ် ဖွဲ့စည်းရေးနှင့် အမျိုးသား သစ်တောကဏ္ဍ နှစ်(၃၀) ပင်မစီမံကိန်းတွင် နိုင်ငံဧရိယာ၏(၁၀) ရာခိုင်နှုန်းအထိ ဖွဲ့စည်းရန် လျာထားခဲ့ကြောင်း၊ လက်ရှိတွင်နိုင်ငံဧရိယာ၏ ၅.၇၅ ရာခိုင်နှုန်းရှိပြီး သဘာဝနယ်မြေ(၃၉)ခု တည်ထောင်ပြီးဖြစ်ပါကြောင်း၊ တောရိုင်းတိရစ္ဆာန်များကို အမဲလိုက်သတ်ဖြတ်မှု၊ သဘာဝနယ်မြေအတွင်း ကျူးကျော် ဝင်ရောက်မှုတို့ကိုတားဆီးနိုင်ရန်နှင့်ထိန်းသိမ်းရေးလုပ်ငန်းများကိုဒေသခံပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့်လုပ်ငန်းအဖြစ် သိမြင်လက်ခံဆောင်ရွက်သွားရန်လိုပါကြောင်း၊ ၁၉၉၄ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကို ပြဋ္ဌာန်းပြီးနောက်ပိုင်း သဘာဝနယ်မြေစီမံအုပ်ချုပ်ခြင်းတွင် ဒေသခံ ပြည်သူများ ပါဝင်လာနိုင်သည့် အခွင့်အလမ်းတစ်ချို့ ပေါ်ပေါက်ခဲ့ပါကြောင်း၊ အောင်မြင် ထိရောက်သည့် သဘာဝနယ်မြေစီမံအုပ်ချုပ်မှု ဇီဝမျိုးစုံမျိုးကွဲနှင့်ဂေဟစနစ်များရေရှည် တည်တံ့ ခိုင်မာစေရန် ဒေသခံပြည်သူများ၏ ထောက်ခံအားပေးမှုက အဓိကကျပါကြောင်း၊ ဒေသခံ ပြည်သူ အခြေပြုသဘာဝအရင်းအမြစ်စီမံအုပ်ချုပ်ခြင်း၊ ကြားခံနယ်မြေစီမံအုပ်ချုပ်ခြင်း၊ ဇီဝ အ ဝန်းနယ်မြေတည်ထောင်အုပ်ချုပ်ခြင်း စသည့်နည်းလမ်းများကို ကုလသမဂ္ဂလက်အောက်ခံ အ ဖွဲ့အစည်းများ၊နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီးတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောဦးစီးဌာန၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့်သားငှက်ထိန်းသိမ်းရေး အဖွဲ့(WCS)မြန်မာနိုင်ငံအစီအစဉ်တို့ ပူးပေါင်းပြီး ကမ္ဘာ့ပတ်ဝန်းကျင် အထောက်အပံ့(Global Environment Facility-GEF)ရန်ပုံငွေပံ့ပိုးမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဤ စီမံကိန်းသည် မြန်မာနိုင်ငံတွင် သဘာဝနယ်မြေစီမံအုပ်ချုပ်မှုကို မြှင့်တင်နိုင်မည့် အခွင့်အလမ်း ကောင်းတစ်ခုဖြစ်ပါကြောင်း၊ သဘာဝနယ်မြေများကာကွယ်မှု၊ စီမံအုပ်ချုပ်မှုတိုးတက်ကောင်းမွန်လာခြင်းမှ ဆင်းရဲ နွမ်းပါးသော ဒေသခံပြည်သူများ၏ လူမှုဘဝတိုးတက်လာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများတိုးတက် လာခြင်းနှင့်နိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ထားနိုင်ခြင်းတို့ကို အ ထောက်အကူပြုမှာဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်စေခြင်း၊ လျော့နည်းသက်သာစေခြင်းတို့အပေါ် သဘာဝနယ်မြေများ၏ အရေးပါသောအခန်းကဏ္ဍကို ဆက်လက်တည်ရှိမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ UNDP Myanmar မှ Deputy Resident Representative Ms.Thuy Hang Thi To နှင့် WCS, Myanmar Program ,Country Director ဦးသန်းမြင့်တို့မှ အမှာ စကားအသီးသီး ပြောကြားခဲ့ကြပါသည်။ ယခုအလုပ်ရုံဆွေးနွေးပွဲအား စီမံကိန်းရည်မှန်းချက် များအပေါ်ပြည့်ပြည့်စုံစုံနားလည်သဘောပေါက်စေရန်၊ စီမံကိန်းလုပ်ငန်းများ၌ ပူးပေါင်းဆောင် ရွက်မည့် အဓိကမိတ်ဖက် အဖွဲ့အစည်းများအား အတည်ပြုသတ်မှတ်နိုင်ရန်နှင့် စီမံကိန်းဆောင် ရွက်မည့် အစီအစဉ်နှင့် နှစ်စဉ်လုပ်ငန်းစီမံချက်(Annual Work Plan)တို့အပေါ် ဆွေးနွေး နိုင်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောတက္ကသိုလ် ပါမောက္ခချုပ် နှင့် ဌာနအကြီးအကဲ များ၊ UNDP Country Director ၊ Wildlife Conservation Society (WCS) မြန်မာနိုင်ငံ အစီအစဉ်၊ ဆက်စပ်ဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ INGO၊ NGO များမှကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြ ကြောင်း သတင်းရရှိပါ သည်။