ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြတိုက်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း ၂၀၁၆ ခုနှစ်၊ မတ်လ(၂၉)ရက် ၊ နေပြည်တော်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြတိုက်ဖွင့်ပွဲ အခမ်းအနား ကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ဆာဖာရီဥယျာဉ်ဝင်းအတွင်း၌ ၂၀၁၆ ခုနှစ်၊ မတ်လ(၂၉) ရက်နေ့ နံနက် (၀၉:၃၀)နာရီတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင် ထိန်း သိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း တက်ရောက်ပြီး ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်တို့နှင့်အတူ ပြတိုက် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြေတိုင်း ဦးစီး ဌာန၊ မြန်မာ့သစ်လုပ်ငန်းတို့မှအရာရှိကြီး များ၊ အရာထမ်းများ တက်ရောက်ကြသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြတိုက်တွင် ပြခန်းဆောင် (၃)ဆောင်ပါဝင်ပြီး အဆောင်(A)တွင် သစ်တောဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ခေတ် အဆက်ဆက် သစ်တောစီမံအုပ်ချုပ်မှုမှတ်တမ်းများ၊ သမိုင်းဝင်ပစ္စည်းများနှင့် သစ်တောထွက် ပစ္စည်းနမူနာပြကွက်များ၊ အဆောင်(B)တွင် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်း ရေးဌာန၏ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ပြကွက်များအပြင် မြေတိုင်းဦးစီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့၏ ပြကွက်များ၊ အဆောင် (C)တွင် မြန်မာ့သစ်လုပ်ငန်းနှင့် အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့၏ ပြကွက်များ ပြသထားရှိပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြတိုက်အား နေပြည်တော် ဆာဖာရီဥယျာဉ်ဝင်းအတွင်း၌ ယနေ့မှစတင်ဖွင့်လှစ်ကာ တနင်္လာနေ့မှအပ နေ့စဉ်နံနက်(၀၉:၃၀) နာရီမှညနေ(၄:၃၀)နာရီအတွင်း မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သတင်းရရှိသည်။