သစ်ပင်စိုက်ပျိုးကြပါစို့

"ရှင်အောင် စိုက်ပျိုး ၊ ကြီးအောင် ပြုစု ၊ မြဲအောင် ထိန်းသိမ်း"

(၁) သစ်မျိုးရွေးချယ်ခြင်း။ စိုက်ပျိုးမည့် နေရာဒေသ၊ ရာသီဥတုနှင့် မြေအမျိုးအစားပေါ် မူတည်၍ ကိုက်ညီမည့်သစ်မျိုးအား ရွေးချယ်စိုက်ပျိုးသွားရမည်ဖြစ်ပါသည်။ သစ်တောဦးစီးဌာန လူထုဖြန့်ပျိုးဥယျာဉ်များတွင် ပျိုးထောင်ထားရှိသော ပျိုးပင်များကိုလည်း အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး ပျိုးဥယျာဉ်မှ ပျိုးပင်အား စိုက်ပျိုးမည့်နေရာသို့ စနစ်တကျ သယ်ယူရန် လိုအပ်ပါသည်။
(၂) မြေပြုပြင်ခြင်း
(က) ပန္နက်ရိုက်ခြင်း။ စိုက်ပျိုးမည့် သစ်မျိုးနှင့် မြေနေရာရရှိမှုပေါ်မူတည်ပြီး ပန္နက် အကွာအဝေး (၆' X ၆') သို့မဟုတ် (၉' X ၉') သို့မဟုတ် (၁၂' X ၁၂') သို့မဟုတ် (၁၅' X ၁၅') ပန္နက်ရိုက်မှတ်ရပါမည်။ တစ်ဦးချင်းစိုက်ပျိုးခြင်းဖြစ်ပါက ပန္နက်ရိုက်မှတ်ရန် မလိုအပ်ပါ။
( ခ) မြေလုံးတင်ခြင်း/ကျင်းတူးခြင်း။ ရေဝပ်သည့်နေရာများတွင် စိုက်ပျိုးပါက စိုက်ပင် များ ရေဝပ်သေကြေပျက်စီးမှု မရှိစေရေးအတွက် ပျိုးပင်စိုက်ပျိုးမည့် မြေနေရာတွင် လုံ လောက်သော မြေကိုစုပုံ၍ မြေလုံးတင်ခြင်း၊ တောင်ပေါ်/မြေပြန့်နှင့် အပူပိုင်းဒေသ နေရာများတွင် စိုက်ပျိုးသည့်အပင်များ လျင်မြန်စွာ ရှင်သန်ကြီးထွား ဖွံ့ဖြိုးစေရန် အတွက် ကျင်းတူးခြင်း၊ ရေစီးရေလာမကောင်းမွန်သောနေရာများတွင် ရေနုတ်မြောင်း ဖော်ခြင်း ဆောင်ရွက်ရပါမည်။
( ဂ) မြေဆီသြဇာထည့်ခြင်း။ စိုက်ပျိုးမည့် မြေအတန်းအစားပေါ်မူတည်၍ နွားချေး ၊ မြေဆွေးရောစပ်၍ မြေအစားထိုးပြုပြင်ဆောင်ရွက်ရပါမည်။
(၃) စိုက်ပျိုးခြင်း
(က) ပျိုးအိတ်ခွဲခြင်း။ ပျိုးပင်များ မြေချမစိုက်ပျိုးမီ ပျိုးအိတ်(ပလပ်စတစ်အိတ်)ကို မြေလုံးကျစ်လစ်စေရန် လက်ဖြင့်ညှစ်ပြီး အိတ်၏ တစ်ဖက်တစ်ချက်ကို ဓါးဖြင့်ခွဲ၍ ပျိုးပင်မြေလုံးမကွဲအောင် သေချာစွာ ဂရုစိုက်၍ ပလပ်စတစ်အိတ်အား ဆွဲချွတ်ဖယ် ထုတ်ရပါမည်။
( ခ) စိုက်ပျိုးခြင်း။ မြေလုံးနှင့်ပျိုးပင်အား မြေကျင်းထဲသို့ မြေချစိုက်ပျိုးရာတွင် မြေလုံးမကွဲစေရန် ဂရုပြုရပါမည်။ မြေပြန်လည်ဖို့ရာတွင် လေဟာမှု မရှိစေရန် စိုက်ပင် ဘေးမှ ပြန်ဖို့သောမြေကိုသိပ်အောင် လက်နှစ်ဖက်ဖြင့် သေချာစွာဖိပေးရန် လိုအပ်ပါ မည်။ ပျိုးအိတ်မြေလုံးကို မြေပေါ်သို့ ပေါ်မနေစေရန်နှင့် ကျင်းအတွင်းသို့ များစွာမြုပ် မနေစေရန် သတိပြုရပါမည်။
(၄) ပြုစုထိန်းသိမ်းခြင်း
(က) အမာခံတိုင်စိုက်ထူခြင်း/ခြံစည်းရိုးကာရံခြင်း။ စိုက်ပျိုးပင်များ လေတိုက်ခတ်မှု ကြောင့် ပျိုးပင်များ လဲပြိုခြင်း၊ ကျိုးပဲ့ပျက်စီးခြင်း မရှိစေရေးနှင့် ကျွဲ၊ နွား တိရစ္ဆာန် တို့၏ အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အမာခံတိုင်စိုက်ထူ၍ တွဲချည်ခြင်း၊ တစ်ပင်ချင်း (သို့) အပင်အစုလိုက်အား ခြံစည်းရိုး ကာရံခြင်း ဆောင်ရွက်ရပါမည်။
( ခ) ပေါင်းသင်ရှင်းလင်းခြင်း။ စိုက်ပင်များ မြေသြဇာ၊ အစိုဓါတ်နှင့် အလင်းရောင် ပိုမို ရရှိစေရန်၊ ပိုးမွားဖျက်စီးမှုအန္တရာယ် လျော့နည်းစေရန်နှင် နှင့် ရှင်သန်ကြီးထွားမှု ကောင်းမွန်စေရန် ၎င်းတို့နှင့်အတူ ရောနှောပေါက်ရောက်နေသည့် အခြားမလိုလား အပ်သော အပင်များ၊ ပေါင်းပင်များအား တစ်လတစ်ကြိမ်ခန့် ရှင်းလင်းခြင်း ဆောင် ရွက်ရပါမည်။
( ဂ) မြေတောင်မြှောက်ခါးဆွခြင်း။ လေဝင်လေထွက် ကောင်းမွန်စေပြီး အပင်ရင်း ရေဝပ်ခြင်းမှ ကာကွယ်နိုင်ရန်၊ မြေအတွင်း အဏုဇီဝ ပိုးမွှားများ၏ လှုပ်ရှားမှုအား ပိုမိုကောင်းမွန်စေရန်နှင့် အမြစ်အဖွဲ့အစည်း တိုးတက်ကြီးထွားစေပြီး အစာ ပိုမိုစုတ်ယူ စားသုံးနိုင်ရန်အတွက် အပင်၏ တစ်ထောင်ပတ်လည်မှ မြေတောင်မြှောက်ခါးဆွခြင်း ကို မိုးရာသီအတွင်း ဆောင်ရွက်ရပါမည်။
(ဃ) မြေသြဇာကျွေးခြင်း။ စိုက်ပင်များ အမြစ်စွဲချိန်တွင် ပေါင်းရှင်းခြင်း၊ မြေတောင် မြှောက်ခါးဆွခြင်းလုပ်ငန်းများနှင့်အတူ မြေဆီသြဇာကျွေးခြင်းအား တွဲဖက်ဆောင် ရွက်ရပါမည်။ သဘာဝမြေသြဇာပြုလုပ်၍ အသုံးပြုပါက ရေရှည်တွင် မြေအဆင့် အတန်း ပိုမိုကောင်းမွန်မည် ဖြစ်ပါသည်။
( င) သေပင်ဖာထေးခြင်း။ စိုက်ပင်များအားလုံး ရှင်သန်စေရေးအတွက် တစ်ပင်သေ တစ်ပင်ဖာစနစ်ဖြင့် သေပင်များအား အစားထိုး ဖာထေးစိုက်ပျိုးရပါမည်။
( စ) ရေလောင်းခြင်း/အစိုဓါတ်ထိန်းခြင်း။ မိုးနှောင်းကာလ အစိုဓါတ် လျော့နည်းလာချိန်/ ပူပြင်းခြောက်သွေ့ချိန်များတွင် စိုက်ပင်များ ရှင်သန်နိုင်ရေးအတွက် ရေလောင်းခြင်း၊ ရေအစက်ချခြင်း၊ မြေအစိုဓါတ်ကို ထိန်းပေးနိုင်ရန် စိုက်ပင်၏ ပတ်လည်တွင် ပေါင်း သင်ရှင်းလင်းလိုက်သော အပင်များနှင့် ဖုန်းအုပ်ကာကွယ်ပေးခြင်း ဆောင်ရွက်ရ ပါမည်။
(ဆ) မီးကာကွယ်ခြင်း။ ပူပြင်းခြောက်သွေ့ချိန်တွင် စိုက်ပင်များ မီးလောင်ခြင်းမှ ကာ ကွယ်နိုင်ရန် မီးတားလမ်းဖောက်လုပ်ခြင်း၊ လောင်စာအမှိုက်များ ရှင်းလင်းခြင်းစသည် ဖြင့် မီးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရပါမည်။