ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား

နှစ်စဉ် ဇွန်လ (၅) ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို (၅-၆-၂၀၁၆) ရက်နေ့တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်တက်ရောက်ကာ အဖွင့်မိန့်ခွန်းမြွက်ကြားခဲ့ပါသည်။ အခမ်းအနားသို့ ဒုတိယသမ္မတဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ "ဒို့ကမ္ဘာမြေဂေဟစနစ်ထိန်းသိမ်းဖို့ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ တရားမဝင်ကုန်သွယ်မှုကို ဆန့်ကျင်တိုက်ဖျက်စို့" "Zero Tolerance for the Illegal Trade in Wildlife" ဖြစ်ပါသည်။