ဂျပန်နိုင်ငံမှ ပေးပို့လာသော မြင်းကျား(၃)ကောင် ရောက်ရှိခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ Sapporo Zoo တို့၏ တိရစ္ဆာန်လဲလှယ်ရေးအစီအစဉ်အရ ဂျပန်နိုင်ငံ Sapporo Zoo က ပေးပို့လာသော အာဖရိကမှ တင်သွင်းသည့် မြင်းကျား အထီး(၂)ကောင်၊ အမ(၁)ကောင်၊ ပေါင်း (၃)ကောင် သည်(၃၁-၅-၂၀၁၆)ရက်နေ့ည (၁၉:၀၀)နာရီတွင် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ မှ တစ်ဆင့် လေယာဉ်ခရီးစဉ်အမှတ် TG 305 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ ပြီး တိရစ္ဆာန်ဥယျာဉ်များဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်၍ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ သယ်ဆောင်လာခဲ့ရာ (၂၁:၃၀)နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး(၂၂:၀၀)နာရီအချိန်တွင် ယာယီခြံ လှောင်အိမ်အတွင်း ထည့်သွင်းပြသလျက်ရှိပါကြောင်းနှင့် မြင်းကျားများ ကျန်းမာလန်းဆန်းလျက် ရှိပါကြောင်း သတင်းရရှိပါသည်။