သစ်တောဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သစ်တောဦးစီးဌာန

လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ်-၁/ ၂၀၁၆

၁၃၇၈ ခုနှစ်၊ဝါဆိုလဆန်း ( ၁၄ ) ရက်

၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော ကျွမ်းကျင်သူ(အဆင့်-၄) လစာနှုန်း (ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)တောအုပ်ကြီး(၇၆) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

၂။ လျှောက်ထားသူသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ ) သိပ္ပံ(သစ်တော)ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

(ဂ) (၁၈.၇.၂၀၁၆) ရက်တွင် အသက်(၃၀)နှစ်၊ နိုင်ငံဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

(ဃ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

(င) မဟာဘွဲ့ရပြီးသူများအတွက် အသက် (၃၅)နှစ်ထက်မကျော်လွန်သူ ဖြစ်ရမည်။

(စ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်၍ ဒေသမရွေးတာဝန်ထမ်း ဆောင်နိုင်သူဖြစ်ရမည်။

၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများပူးတွဲလျက် သစ်တောဦးစီးဌာန၊ရုံးအမှတ်(၃၉)၊နေပြည်တော်သို့(၁၈.၈.၂၀၁၆)ရက်အရောက်ပေးပို့လျှောက်ထားရမည်။

(က) ဘွဲ့လက်မှတ်မိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါ ဘွဲ့လက်မှတ်မူရင်းတင်ပြရန်)

(ခ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်းစာမေးပွဲအောင်လက်မှတ် မိတ္တူမှန် (စစ်ဆေးသည့်အခါ အောင်လက်မှတ် မူရင်းတင်ပြနိုင်ရမည်။)

(ဂ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း

(ဃ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း ရိုက်ကူးထားသော ရောင်စုံလိုင်စင်ဓာတ်ပုံ (၂)ပုံ (နောက်ကျောတွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်အသားဖော်ပြရန်)

(င) ပြင်ပမှ လျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်မိတ္တူမှန်

(စ) နိုင်ငံဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း

၄။ ရေးဖြေစာမေးပွဲကို နေပြည်တော်တွင် ၂၀၁၆ ခုနှစ်၊အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်မည် ဖြစ်ပြီး ကျင်းပမည့်နေ့ရက်နှင့်အချိန်၊နေရာတို့ကို သတင်းစာများ၌ အချိန်မီကြိုတင်ကြေညာပါမည်။ တစ်ဦး ချင်းထံသို့ အကြောင်းကြားမည်မဟုတ်ပါ။

၅။ ရေးဖြေစာမေးပွဲတွင် အောက်ပါဘာသာရပ်များ ဖြေဆိုရပါမည်။

(က) မြန်မာစာ

(ခ) အင်္ဂလိပ်စာ

(ဂ) အထွေထွေဗဟုသုတ

၆။ စည်းကမ်းနှင့် မကိုက်ညီသော (သို့မဟုတ်)မပြည့်စုံသော (သို့မဟုတ်)သတ်မှတ်ရက်ထက်ကျော်လွန် မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံ စဉ်းစားမည်မဟုတ်ပါ။

၇။ ရေးဖြေစာမေးပွဲလာရောက်ဖြေဆိုရာတွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခံရန် လာရောက်သည့် အခါတွင် လည်းကောင်း မိမိစရိတ်ဖြင့် လာရောက် ကြရပါမည်။

၈။ ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းပြုပါမည်။

၉။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်-၀၆၇-၄၀၅၁၀၈/၀၆၇ ၄၀၅၀၁၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာများကို www.fdmoecaf.gov.mm.website တွင် download ရယူနိုင်ပါသည်။

(သစ်တောဦးစီးဌာန၏ ကျွမ်းကျင်သူအဆင့် (၄) ရာထူး ခေါ်ယူမှု အပိုဒ် (၄) တွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအစား ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလဟု ပြင်ဆင်ဖတ်ရှုပါရန်)

သစ်တောဦးစီးဌာန