(၂၇)ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး

(၂၇)ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် အလှည့်ကျ လက်ခံ ကျင်းပမည်ဖြစ်သဖြင့် ယင်းအစည်းအဝေးနှင့် ဆက်စပ်ပတ်သက်သည့် အာဆီယံ-ဂျာမန် ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် ကြီးကြပ်မှုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးနှင့် အာဆီယံဇီဝ မျိုးစုံ မျိုးကွဲ ဗဟိုဌာနအုပ်ချုပ်သူများအဖွဲ့(၁၈) ကြိမ်မြောက် အစည်းအဝေးတို့ကို (၁-၈-၂၀၁၆)ရက်နေ့၊ Grand Amara ဟိုတယ်၌ ယနေ့ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ၊ အာဆီယံအတွင်းရေးမှူးရုံး၊ ASOEN-ACB GB Chairperson နှင့် GIZ တို့မှ သက်ဆိုင်ရာ ကိုယ်စားလှယ်အသီးသီးတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။