သုတေသနလက်ထောက်(၃)၊ ပညာရှင်(အဆင့်-၂) ရာထူးနေရာများအတွက် လျှောက်လွှာများ ခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သစ်တောဦးစီးဌာန

လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ်-၂/ ၂၀၁၆

၁၃၇၈ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက်

၂၀၁၆ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တော သုတေသန၊ ရေဆင်းတွင် လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၃)၊ ပညာရှင်(အဆင့်-၂) လစာနှုန်း(ကျပ် ၁၆၅၀၀၀-၂၀၀၀-၁၇၅၀၀၀) ရာထူး (၄) နေရာအတွက် လျှောက်လွှာများ တင်သွင်း နိုင်ပါသည်။

၂။ လျှောက်ထားသူသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ ) သိပ္ပံဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။

(ဂ) (၃၁.၈.၂၀၁၆) ရက်တွင် အသက်(၂၅)နှစ် မကျော်လွန်သူ ဖြစ်ရမည်။

(ဃ) အနည်းဆုံးလုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

(င) မဟာဘွဲ့ရပြီးသူများအတွက် အသက် (၃၀)နှစ်ထက်မကျော်လွန်သူ ဖြစ်ရမည်။

(စ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်၍ ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါ အထောက်အထားများ ပူးတွဲလျက် သစ်တောဦးစီးဌာန၊ ရုံးအမှတ်(၃၉)၊ နေပြည်တော်သို့(၁၅.၉.၂၀၁၆)ရက်အရောက်ပေးပို့လျှောက်ထားရမည်။

(က) ဘွဲ့လက်မှတ်မိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါ ဘွဲ့လက်မှတ်မူရင်းတင်ပြရန်)

(ခ) အသက် အထောက်အထားအတွက် အခြေခံပညာအထက်တန်း စာမေးပွဲအောင် လက်မှတ် မိတ္တူမှန် (စစ်ဆေးသည့်အခါ အောင်လက်မှတ် မူရင်းတင်ပြနိုင်ရမည်။)

(ဂ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံထား သည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း

(ဃ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း ရိုက်ကူးထားသော ရောင်စုံလိုင်စင် ဓာတ်ပုံ(၂)ပုံ (နောက်ကျောတွင် အမည်နှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်အသား ဖော်ပြရန်)

(င) ပြင်ပမှ လျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်မိတ္တူမှန်

၄။ ရေးဖြေစာမေးပွဲကို နေပြည်တော်တွင်၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ကျင်းပပြုလုပ် မည်ဖြစ်ပြီး ကျင်းပမည့်နေ့ရက်နှင့်အချိန်၊နေရာတို့ကို သတင်းစာများ၌ အချိန်မီကြိုတင် ကြေညာ ပါမည်။ တစ်ဦးချင်းထံသို့ အကြောင်းကြားမည်မဟုတ်ပါ။

၅။ ရေးဖြေစာမေးပွဲတွင် အောက်ပါဘာသာရပ်များ ဖြေဆိုရပါမည်။

(က) မြန်မာစာ

(ခ) အင်္ဂလိပ်စာ

(ဂ) အထွေထွေဗဟုသုတ

၆။ စည်းကမ်းနှင့် မကိုက်ညီသော (သို့မဟုတ်)မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာ များကို လက်ခံစဉ်းစားမည် မဟုတ်ပါ။

၇။ ရေးဖြေစာမေးပွဲ လာရောက်ဖြေဆိုရာတွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခံရန် လာရောက် သည့်အခါတွင်လည်းကောင်း မိမိစရိတ်ဖြင့် လာရောက်ကြ ရပါမည်။

၈။ ရေးဖြေစာမေးပွဲ အောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းပြုပါမည်။

၉။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇ ၄၀၅၁၀၈/ ၀၆၇ ၄၀၅၀၁၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာများကို www.forestdepartment. gov.mm. website တွင် download ရယူနိုင်ပါသည်။

သစ်တောဦးစီးဌာန