နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သစ်တောကြိုးဝိုင်းအတွင်း မိုးရာသီသစ်ပင် စိုက်ပျိုးပွဲသို့ နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်စိုက်ပျိုးခြင်း သြဂုတ်(၁၆)ရက်၊ နေပြည်တော်

နေပြည်တော် မြန်မာနိုင်ငံအတွင်းရှိ ရေ၊ မြေ၊ တောတောင်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်နှင့် ဂေဟစနစ်များ ရေရှည်တည်တံ့မျှတစေရန် နိုင်ငံအဝှမ်း၌ နှစ်စဉ်မိုးရာသီကာလ အတွင်း ပြည်သူအများ ပူးပေါင်းပါဝင်မှုဖြင့် သစ်ပင်စိုက်ပျိုးလျက် ရှိသည်။ ၂၀၁၆ ခုနှစ်၊ အမျိုးသားပတ်၀န်းကျင် စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအဖြစ် တစ်နိုင်ငံလုံး ပျိုးပင်မျိုးစုံ ၅၈ သန်းကို နိုင်ငံတော်ပိုင်စိုက်ခင်း တည်ထောင်ခြင်း၊ မိုးရာသီလူထုလှုပ်ရှားမှုဖြင့် စိုက်ပျိုးခြင်း၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ပြည်သူများ၊ အသင်းအဖွဲ့များ ပါဝင်သော သစ်ပင်စိုက်ပွဲတော်များကျ င်းပခြင်း၊ တစ်အုပ် တစ်မစိုက်ခင်း တည်ထောင်ခြင်းနှင့် ကျေးရွာသုံးစိုက်ခင်းတည်ထောင်ခြင်း၊ စည်ပင်သာယာရေးကော်မတီများ အစီအစဉ်ဖြင့် စိုက်ပျိုး ခြင်း၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများအစီအစဉ်ဖြင့် စိုက်ပျိုးခြင်းစသည့် နည်းလမ်းတို့ဖြင့် စိုက်ပျိုးလျက်ရှိရာ ယနေ့အချိန်အထိ အပင်ပေါင်း ၄၃ သန်းခွဲခန့် စိုက်ပျိုးပြီးစီးပြီး ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ် အခမ်းအနား နေပြည်တော်၌ ကျင်းပခဲ့စဉ် နိုင်ငံတော်သမ္မတက နိုင်ငံအတွင်း ရှင်သန်တည်ရှိသည့် တောရိုင်း တိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်ခြင်း အပါအဝင်မိမိတို့၏ ပတ်ဝန်းကျင်ကိုပါ ကာကွယ်စောင့်ရှောက်ရန်အတွက် အမျိုးသားရေး မဟာဗျူဟာများချမှတ်ပြီး အားလုံးပါဝင် ကြိုးပမ်းရမည်ဖြစ်ကြောင်းနှင့်မိမိတို့၏ နောင်လာ နောင်သားများ သာယာဝပြောသည့် အနာဂတ်ရရှိစေရန် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးအား ထိန်းသိမ်းရေးဆိုသည့် ဘုံလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရ၊ အစိုးရမဟုတ် သည့်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းစုများအပြင် ပြည် သူများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း၊ မိမိတို့၏အနာဂတ် မျိုးဆက်များ အတွက်သက်ရှိမျိုးစိတ်အားလုံးကို ထိန်းသိမ်း ရန် တတ်နိုင်သည့် ဘက်က ကူညီကြရန် အားလုံးကို တောင်းဆိုပါကြောင်း၊ တောရိုင်း တိရစ္ဆာန် နှင့်သဘာဝအပင်များ တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှုကို လုံးဝလက်မခံဘူးဆိုသည်ကို ပြသပြီး အပြောင်းအလဲဖြစ်အောင် လုပ်နိုင်ကြောင်း၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများဖြစ်သည့် တောရိုင်းတိရစ္ဆာန်နှင့် အပင်မျိုးစုံသည် လူသားများအတွက် စားနပ်ရိက္ခာနှင့် လောင်စာ၊ သစ်၊ ဝါး၊ အစရှိသော ကုန်ကြမ်းပစ္စည်များ အခြေခံဆေးဝါးများကို အခမဲ့ထောက်ပံ့ ပေးနေသည့် အခမဲ့ ဝန်ဆောင်မှုများ ပေးနေသည့် သက်ရှိထောက်ပံမှုစနစ်များဖြစ်ပြီး ဂေဟစနစ်များသည် လူသားများ ရေရှည် ရှင်သန်နိုင်ရန် အတွက် အဓိကမရှိမဖြစ် လိုအပ် သည့် သဘာဝအထောက်အပံ့များဖြစ် ကြောင်း၊ သက်ရှိလောကတည်မြဲစေရေး သစ်တောသစ်ပင်များ ပြုန်းတီးပျက်စီး မှုမရှိစေရန်နှင့် သစ်တောများတိုးပွားလာစေရန် သစ်ပင်များ စိုက်ပျိုးကြရန် ပြောကြားခဲ့ ပါသည်။ ၂၀၁၆ ခုနှစ်၊ မိုးရာသီတွင် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေး အတွက် သစ်ပင်စိုက်ပျိုးပွဲ များကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကြိမ်ရေ ၅၀၀ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူ လူထု အင်အား ၁၂၀၀၀၀ ဦးခန့် တက်ရောက်ကာ အပင်ပေါင်း ၃၅၀,၀၀၀ ခန့်ကိုလည်း စိုက်ပျိုးခဲ့ပြီး ဖြစ်ပါသည်။ ယနေ့ နံနက်(၀၇:၃၀)နာရီတွင် နိုင်ငံတော် သမ္မတဦးထင်ကျော် ဦးဆောင်ပြီး ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ အမျိုးသားလွှတ်တော်ဥက္ကဌ ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်း များစုပေါင်း၍ မိုးရာသီ သစ်ပင်စိုက် ပျိုးခြင်းကို ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)ကားလမ်း၊ မိုင်တိုင်အမှတ် (၂ / ၄)နှင့် (၂/၅)ကြားရှိ ဖိုးဇောင်တောင်ကြိုးဝိုင်း၊ အကွက် အမှတ် (၁၆) သဘာဝ သစ်တောအတွင်း စိုက်ပျိုးခဲ့ကြပါသည်။ ယင်းသစ်ပင်စိုက်ပျိုးခြင်း ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အစိုးရအဖွဲ့ဝင်များကကျွန်းပင်များကိုစိုက်ပျိုးပေးပြီး သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ထမ်းများစုစုပေါင်းအင်အား(၂၅၀)ဦးတို့သည် ကျွန်း ၊ ပျဉ်းကတိုး ၊ ပိတောက် ၊ မဟော်ဂနီ ၊ အင်ကြင်း ၊ ယင်းမာ ၊ ငုရွှေဝါ ၊ ပန်းမဲဇလီ ၊ တမာ ၊ ပုန်းညှက် အစရှိသည့် ပျိုးပင်ကြီးပေါင်း(၂၅၀)ပင်ကို တပျော်တပါးဝိုင်းဝန်း၍ နည်းစနစ် တကျ စိုက်ပျိုးနေခြင်းများအား နိုင်ငံတော်သမ္မတ နှင့်အဖွဲ့ကလှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ မိုးရာသီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအဖြစ် နိုင်ငံတော်သမ္မတ ဦးဆောင် စိုက်ပျိုးခဲ့သည့်သစ်ပင်များ ဆက်လက်ရှင်သန်ကြီးထွားပြီး ရေရှည်တည်တံ့ ဖြစ်ထွန်း အောင်မြင် စေရေးအတွက်နေပြည်တော်၊သစ်တောဦးစီးဌာနက အနီးကပ်ကြီးကြပ်ထိန်းသိမ်းပြုစုစောင့်ရှောက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။