“ ကွမ်းစားသုံးခြင်းကြောင့် ဖြစ်ပွားနိုင်သည့်ဆိုးကျိုးများ” ဟောပြောပွဲ

(၁၇-၈-၂၀၁၆) ရက်နေ့ မွန်းလွဲ (၁၄:ဝ၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ညွှန်ကြားရေးမှူးချုပ်ရုံးရှိဝန်ထမ်းများအား “ကွမ်းစားသုံးခြင်းကြောင့် ဖြစ်ပွားနိုင်သည့်ဆိုးကျိုးများ” ဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ရာ သစ်တော ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူများမှ ကွမ်းစားသုံးမှု ကျဆင်း ပပျောက်ရေးအတွက် စည်းရုံးလုပ်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်နှင့် ကွမ်းစားသုံးခြင်းကြောင့် ဖြစ်ပွားနိုင်သည့် ဆိုးကျိုးများအကြောင်း ဟောပြောဆွေးနွေးခဲ့ကြပါသည်….